၂၀၂၀ ခုနှစ်ရဲ့ MBC Entertainment Awards ကို မကြာခင်မှာပဲ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘယ်သူတွေက MC အဖြစ် ပါဝင်မယ်ဆိုတာကိုလည်း ထုတ်ပြန်ခဲ့ကြောင်းကိုလည်း soompi ကနေ ရေးသားထားခဲ့ပါတယ်။
View this post on Instagram
Jun Hyun Moo ကတော့ သူ့ရဲ့ ထူးခြားတဲ့ ပုံစံနဲ့ အရည်အချင်းကြောင့် ၂၀၁၈ ခုနှစ်တည်းက MC အဖြစ် သုံးနှစ်ဆက်တိုက် အရွေးခံထားရတာ ဖြစ်ပါတယ်။ Jang Do Yeon ကတော့ မနှစ်ကတုန်းက Best Entertainer ဆု ရခဲ့ပြီး အခုနှစ်မှာတော့ MC အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။
View this post on Instagram
သူတို့ နှစ်ဦးလုံးက သရုပ်ဆောင် Ahn Bo Hyun နဲ့ အတူ MC အဖြစ် ၂၀၂၀ ခုနှစ် MBC Entertainment Awards ပွဲကို ပါဝင်သွားမှာ ဖြစ်ပါတယ်။ Ahn Bo Hyun ကတော့ Itaewon Class ဇာတ်လမ်းတွဲမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အများကြီး ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ MBC ရဲ့ Home Alone ဆိုတဲ့ အစီအစဉ်မှာလည်း ပါဝင်ထားခဲ့ပါတယ်။
View this post on Instagram
လက်ရှိမှာတော့ Ahn Bo Hyun ကတော့ သရုပ်ဆောင် Nam Gyu Ri နဲ့အတူ Kairos ဇာတ်လမ်းတွဲကို ရိုက်ကူးလျက် ရှိပါတယ်။ ၂၀၂၀ ခုနှစ် MBC Entertainment Awards ပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
View this post on Instagram
Kham