သင်မသိသေးတဲ့ အုန်းဆီတစ်မျိုးတည်းကို အသုံးပြုနည်း 17 မျိုး…

Sponsored

အုန်းဆီဟာ လွယ်လွယ်ကူကူနဲ့ ရနိုင်တဲ့ ဆီတစ်မျိုးဖြစ်သလို၊ ဘက်စုံသုံးလို့ ရတာကြောင့် အိမ်တိုင်းမှာ မဖြစ်မနေဆောင်ထားသင့်တဲ့ ဆီတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီတစ်မျိုးတည်းကို ဘယ်လိုနည်းလမ်းတွေနဲ့၊ ဘယ်လိုနေရာတွေမှာ အသုံးပြုရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁. ထိခိုက်ရှနာဖြစ်ခဲ့ရင် ညအိပ်ခါနီးမှာ ဒဏ်ရာကို အုန်းဆီလိမ်းအိပ်ပါ။ နောက်တစ်နေ့ချက်ချင်း အနာကျက်သွားမှာပါ။

Sponsored

၂. ရင်သားထိပ်ကို လိမ်းပေးခြင်းဖြင့် နို့တိုက်မိခင်တွေမှာ ဖြစ်တတ်တဲ့ ရင်သားထိပ်ခြောက်ခြင်း၊ ကွဲအက်ခြင်းတွေကို သက်သာစေပြီး ကလေးငယ်အတွက်လည်း ဘေးဥပဒ်မဖြစ်ပါဘူး။

၃. အုန်းဆီဟာ ခံတွင်းနံ့ဆိုးတာတွေကို ပျောက်ကင်းစေပြီး သွားကိုဖြူစင်စေတဲ့အတွက် အုန်းဆီနဲ့ မကြာခဏ သွားတိုက်ပေးနိုင်ပါတယ်။

၎. အုန်းဆီကို မိတ်ကပ်ဖျက်ဆီအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

၅. အရေးကြောင်းတွေကို ပျောက်ကင်းစေတဲ့အတွက် ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းပြီးအိပ်ပေးရုံပါပဲ။

၆. အုန်းဆီဟာ ဝက်ခြံတွေကိုလည်း ပျောက်ကင်းစေနိုင်တဲ့အစွမ်းရှိပါတယ်။ ဒါကြောင့်နေ့ဖက်မှာလိမ်းပြီး ညဖက်မှာမျက်နှာသစ်ပြီးမှ အိပ်ပါ။

READ
မောင်နှမတွေအတူတူ တစ်နှစ်တစ်ခါခရီးထွက်ပေးသင့်တဲ့ အကြောင်းရင်း(၅)ချက်

၇. ခြောက်သွေ့နေတဲ့ ဆံပင်တွေကို အစိုဓာတ်အပြည့်အဝဖြည့်ဆည်းပေးနိုင်တာကြောင့် ခေါင်းမလျှော်ခင် (၂)နာရီလောက်အလိုမှာ အုန်းဆီလေးနဲ့ ဆံပင်ကို နှပ်ထားလိုက်ပါ။

၈. ခြင်၊ ဂျပိုးလိုမျိုး အင်းဆက်ပိုးမွှားတွေ အကိုက်ခံရတဲ့အခါ အုန်းဆီလိမ်းပေးခြင်းဖြင့် နာကျင်တာတွေ၊ ရောင်ရမ်းတာတွေကို သက်သာစေပြီး မြန်မြန်အနာကျက်စေပါတယ်။

၉. နှုတ်ခမ်းသားခြောက်တာတွေနဲ့ နှုတ်ခမ်းမှာပေါက်တဲ့ ရေယုန်တွေကို အုန်းဆီလိမ်းပေးခြင်းဖြင့် အမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်။

၁၀. လည်ခြောင်းယားတာ၊ လည်ချောင်းခြောက်တာတွေ ဖြစ်တဲ့အခါ သင်သောက်တဲ့ ရေနွေးထဲကို အုန်းဆီအနည်းငယ် ရောပြီး သောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

၁၁. ဂီယာဝှီးလို့ခေါ်တဲ့ ခွေးသွားစိတ်လေးတွေ သံချေးတက်တာ၊ ချောချောမွေ့မွေ့မရှိတာမျိုးဆိုရင် အုန်းဆီကို ချောဆီလိုမျိုး အသုံးပြုနိုင်ပါတယ်။

၁၂. အုန်းဆီဟာ သံချေးတွေကိုလည်း အလွယ်တကူသန့်စင်ပေးနိုင်ပါယ်။

၁၃. နေလောင်ခံရတဲ့ အသားအရေကို အုန်းဆီလိမ်းပေးခြင်းဖြင့် အမြန်ဆုံးပြန်လည် ကောင်းမွန်လာစေပါတယ်။

READ
နားထဲမှာ ဖြစ်တတ်တဲ့ ဝက်ခြံတွေကို အမြစ်ပြတ်ရှင်းထုတ်နိုင်မယ့် သဘာဝနည်းလမ်းများ

၁၄. ချိုင်းနံ့ထွက်သူတွေအနေနဲ့ ချိုင်းကြားကို အုန်းဆီလိမ်းပေးခြင်းဖြင့် အနံ့ဆိုးတွေကို ပျောက်ကင်းစေပါတယ်။

၁၅. သားရေနဲ့ပြုလုပ်ထားတဲ့အရာမှန်သမျှအတွက် အုန်းဆီဟာအရမ်းကို အသုံးဝင်ပါတယ်။ အဝတ်စလေးမှာ အုန်းဆီသုတ်ပြီး သားရေအပေါ်လိမ်းပေးခြင်းဖြင့် သားရေတွေ မပျက်စီးတော့ပါဘူး။

၁၆. သစ်သားပရိဘောဂတွေကို အုန်းဆီအနည်းငယ်သုတ်ပေးခြင်းဖြင့် ပြောင်လက်ကာ သစ်လွင်တောက်ပနေစေပါတယ်။

၁၇. အုန်းဆီကို အစားအစာချက်ပြုတ်ရာမှာလည်း စားသုံးဆီအဖြစ် အသုံးပြုနိုင်ပါတယ်။

Em Em

sponsored