ဓာတ်ပုံအရိုက်ခံရင်မျက်နှာကို ဘယ်ဘက်လှည့်ပြီးသာ ဓာတ်ပုံရိုက်ခံလေ့ရှိတဲ့ မင်းသမီး

[email protected] cyndiloves2sing
Sponsored

လူတော်တော်များများဟာ ဓာတ်ပုံအရိုက်ခံရင် မျက်နှာကို ရှေ့တည့်တည့်ကြည့်ပြီး ဓာတ်ပုံအရိုက်ခံလေ့ရှိပါတယ်။ ဒါမှလည်း ကိုယ့်ရဲ့ရုပ်အပြည့်ကို ကင်မရာထဲပါနိုင်မှာပါ။ ဒါပေမယ့် အခုပြောပြချင်တဲ့ အဆိုတော်အမျိုးသမီးတစ်ယောက်ကတော့ သူအရိုက်ခံခဲ့တဲ့ ဓာတ်ပုံတိုင်းလိုလိုမှာ ခေါင်းကို ဘယ်ဘက်တစ်ခြမ်းတည်းလှည့်ပြီး ဓာတ်ပုံအရိုက်ခံလေ့ ရှိပါတယ်။ ဒီလိုမျိုးပုံသေတစ်သမတ်တည်း ဓာတ်ပုံအရိုက်ခံလို့လည်း ဆိုရှယ်မီဒီယာမှာ လူတစ်ချို့ရဲ့ ဝေဖန်ခြင်းကို ခ့ခဲ့ရဖူးကြောင်း Asis One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

Sponsored

သူမကတော့ ထိုင်ဝမ်နိုင်ငံရဲ့ နာမည်ကြီးအဆိုတော်မင်းသမီး Cyndi Wang ပဲ ဖြစ်ပါတယ်။ Cynidi ရဲ့ ထူးခြားချက်ကတော့ အမြဲလိုလို ဓာတ်ပုံရိုက်ရင် မျက်နှာကို ဘယ်ဘက်တစ်ခြမ်းတည်းသာလှည့်ပြီး ဓာတ်ပုံအရိုက်ခံလေ့ ရှိတာပါပဲ။ Cynidi ဟာ အခမ်းအနားပွဲတွေသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာ selfie ဓာတ်ပုံအရိုက်ခံတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် အမြဲလိုလို သူမရဲ့ဘယ်ဘက်မျက်နှာတစ်ခြမ်းကိုသာလှည့်ပြီး ပို့စ်ပေးလေ့ရှိတတ်ပါတယ်။ ဒါ့ကြောင့်လည်း မကြာသေးခင်အချိန်တုန်းကပဲ ပရိသတ်တစ်ချို့ဟာ ဒီလိုမျိုးပို့စ်တစ်ခုထဲကို တောက်လျှောက်ပို့စ်ပေးနေလို့ ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ်လည်း Cyndi ဟာ သူဘာကြောင့်ဒီလိုမျိုး မျက်နှာကို ဘယ်ဘက်တစ်ခြမ်းတည်းလှည့်ပြီး ပို့စ်ပေးရသလဲဆိုတဲ့ အကြောင်းအရင်းကို မကြာသေးခင်က Talk show တစ်ခုမှာ ဖြေကြားခဲ့ပါသေးနယ်။

READ
အနေဝေးလို့ သွေးအေးမသွားရအောင် ပျိုမေတို့ လိုက်နာသင့်တဲ့ အချက်လေးတွေ

 

“လူတိုင်းမှာ မတူညီတဲ့ မျက်နှာထားပုံစံအမျိုးမျိုး ရှိတတ်ကြပါတယ်။ လူတော်တော်များများကတော့ ဓာတ်ပုံရိုက်ရင် ရှေ့တည့်တည့်ကနေကြည့်ပြီး ပို့စ်ပေးတတ်သလို တစ်ချို့ကျတော့လည်း ညာဖက်မျက်မှတစ်ခြမ်းကိုသာလှည့်ပြီး ပို့စ်ပေးတတ်ကြပါတယ်။ ကျွန်မကတော့ ဘယ်ဘက်တစ်ခြမ်းတည်းကို ဘာကြောင့်ခေါင်းစောင်းပြီး ပို့စ်ပေးရသလဲဆိုတော့ ကျွန်မရဲ့ မျက်နှာဘယ်ဖက်အခြမ်းက မျက်နှာညာဖက်အခြမ်းထက် ပိုလှလို့ပါ။ လူတိုင်းမှာ ကိုယ်သာရာသာရာရှိတတ်ပါတယ်။ ဒါ့ကြောင့် ကျွန်မလည်း ဓာတ်ပုံအရိုက်ခံရင်ပဲဖြစ်ဖြစ်၊ selfie ဆွဲရင်ပဲဖြစ်ဖြစ် မျက်နှာညာဖက်အခြမ်းခုတည်းကိုသာလှည့်ပြီး ပို့စ်ပေးရခြင်းဖြစ်ပါတယ်”လို့ Cyndi က ပြောကြားခဲ့ပါတယ်။

READ
ဒီလိုအကြောထုံးနေတာတွေကို အမြန်ဆုံးသက်သာ ကောင်းမွန်စေမယ့် နည်းလမ်း (၃) မျိုး

 

phk

sponsored