အမျိုးသမီးတွေက အမျိုးသားများထက် ဉာဏ်ပိုကောင်းကြောင်း စစ်တမ်းတစ်ခုက ဖော်ပြ

shutterstock/WAYHOME studio
Sponsored

မိန်းကလေးတွေက အရာရာသိတယ်တို့ ဆဋ္ဌမအာရုံ ရှိတယ်တို့ ကြားဖူးကြတယ် မဟုတ်လား။ တကယ်က အဲ့လို မဟုတ်ပါဘူး။ မိန်းကလေးတွေက ဉာဏ်ကောင်းလွန်းတာပါ။ ဆက်စပ်တွေးတတ်သလို မှတ်ဉာဏ်ကလည်း ကောင်းလွန်းလှပါတယ်။ ဒီအချက်က မှန်ကန်ကြောင်းကို တချို့သော တက္ကသိုလ်တွေ ကျောင်းတွေက သုတေသန အဖွဲ့တွေက အခုလိုပဲ သက်သေပြခဲ့ကြပါတယ်။

အသေးစိတ်အချက်အလက်တွေ စကားလုံးတွေကို မှတ်မိတယ်

Sponsored

Karolinska Institure ရဲ့ သုတေသန ပညာရှင်တွေက ၁၉၇၃ ကနေ ၂၀၁၃ အထိ လူပေါင်း ၁ ဒသမ ၂ မီလီယံကျော်နဲ့ စမ်းသပ်မှုပေါင်း ၆၁၇ ကြိမ် ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ဒီအချက်ကို မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ အမျိုးသမီးတွေက သိမြင်မှတ်မိမှု စွမ်းရည်ကတော့ အံ့မခမ်းပါပဲ။ ပြောခဲ့ပြီးသား စကားအသေးစိတ်တွေကို မှတ်မိတတ်သလို စကားလုံးတွေ စာလုံးတွေကို မှတ်သားထားနိုင်စွမ်းကတော့ တကူးတက လုပ်ယူစရာမလိုပဲ မှတ်သားမိတဲ့ ပင်ကိုစွမ်းရည်တွေ ဖြစ်ပါတယ်။

READ
ပညာတတ်မိန်းကလေးတွေမှာ ရှိတတ်တဲ့ လက္ခဏာရပ် (၅) မျိုး
shutterstock/Peshkova

အနုစိတ်ကျတဲ့ မှတ်ဉာဏ်တွေကို ပိုင်ဆိုင်တယ်

စိတ်ပညာရှင်တွေက မိန်းကလေးတွေနဲ့ ယောင်္ကျားလေးတွေက မှတ်မိတဲ့အရာတွေ မတူညီကြပါဘူးလို့ ဆိုပါတယ်။ မိန်းကလေးတွေက လူတွေ၊ ပစ္စည်းအထားအသိုအသေးစိတ်တွေနဲ့ ပြောခဲ့ပြီးသား ဖြစ်တဲ့ အပြန်အလှန် ပြောစကားတွေကို ရှင်းရှင်းလင်းလင်း မှတ်မိတတ်ကြပါတယ်။ အမျိုးသားတွေကတော့ အဲ့သလို မဟုတ်ပါဘူး။ သူတို့ကတော့ လမ်းတွေကို ပိုမှတ်မိတတ်ပါတယ်။ ဘယ်လမ်းသွားရင် ဘယ်ရောက်မယ်ဆိုတဲ့ လမ်းကြောင်းတွေကို သူတို့က အလိုအလျောက်နီးပါး မှတ်ယူတတ်ပါတယ်။

shutterstock/GoodStudio

အပြန်အလှန် ပြောခဲ့သမျှ မှတ်မိတယ်

Human Ecology ကောလိပ်က သုတေသနပညာရှင်တွေကတော့ အခုလိုပဲ ဆိုခဲ့ကြပါတယ်။ အမျိုးသမီးတွေရဲ့မှတ်ဉာဏ်က ပြီးခဲ့ပြီးသားအခြေအနေက အကြောင်းအရာတော်တော်များများကို လိုတာထက် ပိုအသေးစိတ် မှတ်သားနိုင်ကြပါတယ်။ သူတို့ရဲ့ စမ်းသပ်မှုမှာတော့ တစ်ပတ်အတွင်း အမျိုးသမီးတွေကို စာ သုံးစောင် ပေးပို့ပြီး လွန်ခဲ့တဲ့ မိနစ် သုံးဆယ်က အကြောင်းအရာတွေကို မေးမြန်းခဲ့ကြပါတယ်။ တစ်ပတ်ကြာပြီးတဲ့နောက်မှာတော့ အမျိုးသမီးတွေကို နောက်တစ်ကြိမ် ထပ်မံဆက်သွယ်ပြီး တစ်ပတ်အတွင်းက သူတို့ စမ်းသပ်မှုလုပ်တဲ့ အခြေအနေကို မေးတဲ့အခါမှာတော့ သူတို့ ထင်တာထက် ပိုပြီး အသေးစိတ်ကျတဲ့ အချက်အလက်တွေကို အမျိုးသမီးတွေဆီက ရခဲ့ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက လူတွေ၊ စိတ်ခံစားချက်တွေနဲ့ သူတို့ပြောခဲ့တဲ့အရာတွေ အပေါ်ကို အာရုံစူးစိုက်မှု အတော် ရှိကြောင်း သိရှိခဲ့ကြပါတယ်။

READ
ရင်သားသေး၊ လျော့တွဲနေတာတွေအတွက် ရင်သားတင်းရင်းလှပလာစေမယ့် လျှို့ဝှက်ချက်များ

ဒီလေ့လာမှုတွေကို ကြည့်ပြီး သင်တို့ရော အဲ့လိုပဲလားဆိုတာ မျှဝေခဲ့ပေးပါအုံးနော်…..

By Kham

sponsored