ရင်သားကင်ဆာရောဂါ ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေကို ဝေမျှခဲ့တဲ့ အာရှဆယ်လီများ

Image:IG/ suranelenashin & Mandy Lam
Sponsored

Oct 1, 2020 – Sat, Oct 31, 2020 အထိ ကိုတော့ Breast Cancer Awareness Month ဆိုပြီး သတ်မှ တ်ထားပါတယ်။ရင်သား ကင်ဆာ က တော့ အမျိုးသမီးတွေ အဖြစ်များပါတယ်။အမျိုးသားတွေမှာလည်း ဖြစ်တတ်ပေမယ့် ရှားပါတယ်။ရင်သားကင်ဆာ က အပျိုတွေမှ ဖြစ်တတ်တဲ့ ရောဂါလို့ ထင်နေ ကြပေမယ့် ဒါဟာ မှားပါတယ်။အိမ်ေ ထာင်သည် က လေး အ မေ တွေ လည်း ဖြစ်နိုင်ပါတယ်။စင်ကာပူမှာတော့ အမျိုးသမီး တစ်ရာမှာ ၂၅ ယောက် လောက်က ရင်သားကင်ဆာ ရောဂါ ခံစားနေ ကြရပါတယ်။စောစောသိရင်တော့ ပျောက်ကင်းနိုင် ပေမယ့် အသိေ နာက်ကျ ရင်တော့ အသက်ဆုံးရှုံးရတဲ့ အထိ ဖြစ်နိုင်ပါတယ်။ရင်သားကင်ဆာကို တွန်းလှန် ပျောက်ကင်းတဲ့ အာရှ အမျိုးသမီး အနုပညာရှင် တွေ အကြောင်းကို Asiaone မှာ အခုလို ဖော်ပြထားပါတယ်။

Koh Chieng Mun

 

View this post on Instagram

 

The celebration continues!!! Thank you dear friends. I am so blessed. ❤️❤️❤️❤️❤️

A post shared by Koh Chieng Mun (@kohchiengmun) on

Sponsored

သူမ အသက်(၄၅)နှစ် (၂၀၀၅)ခုနှစ်မှာ ရင်သားကင်ဆာရောဂါ အဆင့်(၁)ကို ခံစားခဲ့ရတာပါ။သူမက တော့ ရင်သားကင်ဆာ ရှိ မရှိ ကိုယ့်ကိုယ်ကို စစ်ဆေးမှုတွေ လုပ်ကြည့်ရင်းနဲ့ ညာဖက်ရင်သားမှာ အကြိတ်လေး တွေ့ ခဲ့တာပါ။ဒီလို စစ်ဆေးတဲ့ အကျင့်ကို (၂၀၀၀) ခုနှစ် လောက်တည်းက စလုပ်လာခဲ့တာပါ။ဒါကြောင့် မင်္ကာတာ တွေ့တာ နဲ့ ဆေးစစ် ကြည့်လိုက်တဲ့ အခါမှာတော့ ရင်သား ကင်ဆာ ဖြစ် နေခဲ့တာပါ။သူမရဲ့ ကျောက်ကပ် ၀ဲဖက် ပိုင်း အထိ ကင်ဆာ ကြိတ်ကို တွေ့ ခဲ့ပါတယ်။(၈)နာရီလောက် ခွဲ ခန်း ၀င်ပြီး ကင်ဆာ ကြိတ် နှစ်ခု လုံးကို ခွဲ ထုတ်ခဲ့ရပါတယ်။အခုဆိုရင်တော့ ကင်ဆာကို ကောင်းကောင်း အံတု ကျော်လွှားနိုင်ခဲ့ပါပြီ။

Liza Wang

သူမက တော့ (၂၀၀၂)လောက်က စပြီး ရင်သားကင်ဆာ ရောဂါ ခံစားခဲ့ရတာပါ။စောစော သိခဲ့လို့ chemotherapy ကုထုံးကို တောင် ခံယူ ဖို့ မလိုပဲ ကောင်းကောင်း ဖြတ်ကျော်နိုင်ခဲ့ပါတယ်။အခုဆိုရင်တော့ သူမရဲ့ အသက်က (၇၃)နှစ် ရှိနေပါပြီ။ဟောင်ကောင် ကင်ဆာ တိုက်ဖျက်ရေး အဖွဲ့ရဲ့ ကော်မတီ အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ကင်ဆာရောဂါသည်တွေ အတွက် ရန်ပုံငွေ တွေ လှုံ့ ဆော်တဲ့ နေရာ မှာ ကူညီ ပေးနေတဲ့ အဖွဲ့ အစည်းပါ။

Suran

 

View this post on Instagram

 

To my fans What is ur favorite song /// from the Jumpin’? ㅎㅎ 그나저나 내 음악의 새로운 시도들에 낯설 수 도 있을거라 생각해 그치만 언제나 다음스텝을 위해 필요한 과정이라 생각했어 인터뷰에도 이야기했지만 이번앨범은 새로운 밭을 일구듯 작업하고 여섯개 다른 씨앗을 뿌려본 것 같으어 앞으로 뭐가 어떻게 자라날지는 나도 아직 모르겠지만 옆에서 지켜봐주는 팬분들과 함께라면 행복하겠네ㅎㅎ 어짜피 살아가며 내 의지로 가능한일은 딱 하나뿐이라고생각해서 그냥 내가 잘 할 수있는 일에 계속 집중할 뿐이야 이번에 고민 , 솔직히 많았지 ㅎㅎ 근데 정말 즐겁고 배움이 많은 시간이었으 음악 좋게 들어준 팬들 나를 이해하려는 그 마음까지 고맙고 함께 걸어가는거같아서 든든!! 다음번엔 조금 더 가벼운 발걸음 될 것같은 ㅎㅎ; 그래서 진지충;; 같지만 마음담아 메세지 남길곳이 여기뿐.. 사랑합니다. Thank u so much ❤

A post shared by SURAN 수란 (@suranelenashin) on

အဆိုတော် Suran က တော့ (၂၀၁၉)ခုနှစ် တုန်းက variety show Video Star မှာ ရင်သားကင်ဆာ ရောဂါ ခံစားခဲ့ရတဲ့အ ကြောင်းကို ထုတ်ပြောခဲ့ပါတယ်။လွန်ခဲ့တဲ့ သုံးနှစ် လေးနှစ်လောက်တုန်းက ရင်သားကင်ဆာ ခံစားခဲ့ရ လို့ သူမရဲ့ ရင်သားတစ်ဖက်ကို ဖြတ် ထုတ် ပစ်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။အသက် (၂၀)နှောင်းပိုင်းလောက်မှာ ဒီရောဂါ ခံစားခဲ့ရတဲ့ သူမအဖို့ တော့ ဒီ အဖြစ် အပျက်က သူမ အတွက် ထိတ်လန့် တုန်လှုပ်စရာ ဖြစ်ခဲ့ပါတယ်။သူမရဲ့ ဖက်ရှင်၊personality နဲ့ ခံယူချက်တွေကို ဒီရောဂါ က ပြောင်းလဲ ပစ်စေခဲ့ပါတယ်။အရင် က မိန်းက လေးဆန်ဆန် နေလာတဲ့ သူမက ရင်သားဖြတ်ထုတ်ပြီးနောက်မှာတော့ သူမရဲ့ မိန်းမသားဆန်မှုတွေ နည်းပါးသွားတယ်လို့ ခံစားခဲ့ရခဲ့ပါတယ်။fan တွေက သူမကို ထူးထူးဆန်းဆန်း ပုံမျိုးနဲ့ ကြည့်မှာကို စိုးရိမ်စိတ်ပူခဲ့ပါတယ်။ပြန်ကောင်းနေပေမယ့်လည်း စစ်ဆေးမှုတွေကို ပုံမှန်ခံယူခဲ့ပါတယ်။

READ
၂၀၁၉ မှာ ရည်းစားရနိုင်တဲ့ FA ရာသီခွင် (၄)မျိုးနဲ့ သူတို့နဲ့ အတွဲညီမယ့် ရာသီခွင်များ

Lum May Yee

အသက်(၄၇)နှစ်အရွယ် မော်ဒယ် မင်းသမီးဟောင်း Lum May Yee က တော့ သူမဟာ အငယ်ဆုံးသားလေးကို နို့တိုက်ပြီး တဲ့ အချိန်မှာပဲ အရပ်အ ခေါ် ဆိုရင် နို့ ချောင်း၊နို့ ပြွန် ပိတ် သွား တယ်လို့ သံသယရှိခဲ့ပါတယ်။ stage 2A  ကင်ဆာ အစ ပျိုး တဲ့ အဆင့်မှာပဲ လေးလ လောက် chemotherapy ကုထုံးကို ခံယူခဲ့ပါတယ်။ဒီလိုနဲ့ပဲ သုံးနှစ်အကြာမှာတော့ ကင်ဆာကို တွန်းလှန်နိုင်ခဲ့ကာ ၂၀၁၆ မှာ သက်သာလာခဲ့ပါတယ်။ဆရာဝန်ရဲ့ အကြံပေးချက်အရ သားအိမ် ပါ ထုတ်ပစ်ခဲ့ပါတယ်။

READ
ချစ်သူနဲ့လမ်းခွဲပြီးနောက် တစ်ယောက်တည်း ရှေ့ဆက်ဖို့ ပြန်ကုစားနိုင်မယ့် နည်းလမ်း (၅)မျိုး

 

Pan Ling Ling

ပုံမှန်ဆေးစစ်ရင်းနဲ့ ရင်သားကင်ဆာ stage 1  ဆိုတာကို သိခဲ့တာပါ။ chemotherapy, radiotherapy ကု ထုံးတွေ ကို ငါးနှစ် နီးပါး လောက် ခံယူခဲ့ရပတယ်။ Ling Ling က တော့ အသီးအရွက် များများ နဲ့ အသားကို လျှော့ စားခဲ့ပါတယ်။ဆေးကုသမှု သေချာ ခံယူ၊အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်တာတွေစား၊ အကော င်းမြင်စိတ် မွေးပြီး ကင်ဆာကို အံတုခဲ့ပါတယ်။

Mandy Lam

အသက်(၃၄)နှစ်မှာတော့ ရင်သားကင်ဆာ stage 2  ခံစားခဲ့ရပါတယ်။ မင်းသမီးတစ်ယောက် ဖြစ်သလို Miss Hong Kong အလှမယ် ဟောင်း ဖြစ်တဲ့ သူမက တော့ chemotherapy, electrotherapy နဲ့ targeted therapy တို့ကို ခံယူခဲ့ရပါတယ်။ကုသမှုရဲ့ ဘေးထွက် ဆိုးကျိုးအ နေနဲ့ က တော့ ဆံပင်တွေ ကျွတ်၊ဖောယောင်၊လက်သည်းတွေ အ ရောင် ပြောင်းတာတွေ ကို ခံစားခဲ့ရပါတယ်။ကတုံးနဲ့ ဓါတ်ပုံ ရိုက်ကူး ရေးတစ်ခု တောင် လုပ်ခဲ့ပါ သေးတယ်။အခု ဆိုရင်တော့ သူ မ အသက် ၄၄ နှစ်ရှိ နေပြီး ကင်ဆာကို အံတု နိုင်ကာ ကျန်းမာ ပျော်ရွှင်နေပါပြီ။

Yakata Miki

 

View this post on Instagram

 

今週もがんばろう

A post shared by 矢方美紀 (@miki_yakata) on

SKE48 ဆိုတဲ့ ဂျပန် မိန်းကလေး အဖွဲ့ရဲ့ အဖွဲ့ ၀င် Yakata Miki လည်း ကင်ဆာ ခံစားခဲ့ရပါတယ်။ရင်သားကင်ဆာ ကြောင့် သူမရဲ့ ၀ဲဖက် ရင်သားနဲ့ ပြန်ရည်အကြိတ်(lymph nodes) တွေကို ထုတ်ပစ်လိုက်တယ်ဆိုတဲ့ အကြောင်းကို ကြေညာခဲ့ပါတယ်။(၂၀၁၈) မတ် တည်းက ဆေးကုသမှု တွေကို ခံယူခဲ့ပါတယ်။ဝေဒနာ အ ကြောင်းကို ဘေးလူတွေနဲ့ တိုင်ပင်တော့ ဆေးပြ ဖို့ အကြံ ပေးတာ ကြောင့်ပြီးခဲ့တဲ့ ဒီဇင်ဘာ မှာ စပြီး ဆေးပြ တော့ ရင်သားကင်ဆာ ဖြစ်နေတာကို သိခဲ့ရတယ်လို့ သူမက ပြောခဲ့ပါတယ်။ရောဂါ ကုသမှု ခံယူတဲ့ အဆင့်ဆင့်ကိုလည်း ဗီဒီယိုဖိုင်တွေ နဲ့ မှတ်တမ်းတင်ထားပါတယ်။ chemotherapy ရဲ့ ဘေး ထွက် ဆိုးကျိုးတွေကို ဘယ်လို ရှိလဲ ဆိုတာကိုပဲ သေချာ ရိုက်ပြထားတာပါ။သူမရဲ့ ဗီဒီယို မှတ်တမ်းကိုတော့ A 26-Year-Old’s Breast Cancer Diary  လို့ နာမည်ပေးထားပြီး NHK မှာ ပြသခဲ့ပါတယ်။

#AUNTYMAY

sponsored