ရိုးပေမယ့် နှစ်ခါပြန်လည်ပြန်ငေးမိလောက်အောင် မိုက်နေစေမယ့် အမိုက်စားဖက်ရှင်တွေ

pinterest/My Style, buanalinthip
Sponsored

လူမှာ အဝတ် တောင်းမှာအကွပ် ဆိုသလိုမျိုးပဲ လူတစ်ယောက်ရဲ့ ဝတ်စားပြင်ဆင်မှုက အဲဒီ့လူရဲ့ ရုပ်ရည်အဆင့်အတန်းကို ထင်ဟပ်စေနိုင်ပါတယ်။ ကိုယ်ဝတ်ဆင်လိုက်တဲ့ ဖက်ရှင်က ကိုယ့်ကိုယ်ပြီးပြည့်စုံမှုကို ပေးနိုင်မှ ဖက်ရှင်ကျလို့ ခေါ်ပါတယ်။ ဒီတော့ မိန်းကလေးအချင်းချင်းတောင် နှစ်ခါပြန်ငေးချင်သွားမယ့် ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကြိုးတစ်လုံး အကျီ င်္နဲ့ ဂျင်း

pinterest/Anny, buanalinthip

ခုခေတ်မှာ ကြိုးတစ်လုံး အကျီ င်္တွေကို အမြင်ရိုင်းတယ်လို့ ပြောလို့မရတော့ပါဘူး။ ကြိုးတစ်လုံး အကျီ င်္လေးတွေက နွေရာသီမှာလည်း ဝတ်ဆင်ဖို့ အဆင်ပြေသလို သင့်ကိုပိုပြီး  ဖက်ရှင်ကျနေစေမှာပါ။ ကြိုးတစ်လုံး အကျီ င်္ကို ဂျင်းဘောင်းဘီအရှည် အပွ ဒါမှမဟုတ် အကျပ်နဲ့ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။ ဒီဖက်ရှင်က သင့်ကို လူငယ်ဆန်ဆန်လေးနဲ့ အထာကျလန်းနေစေမှာ အမှန်ပါနော်။

READ
နှုတ်ခမ်းနီကို မတူညီတဲ့ ပုံစံနဲ့ အသုံးပြုလို့ရတဲ့ အသုံးပြုပုံ ၅ မျိုး

ရှပ်အကျီ င်္နဲ့ ဂျင်းဘောင်းဘီအကျပ်

Pinterest/ApplePie48
Sponsored

ဂျင်းဘောင်းဘီ ကျပ်ကျပ်လေးကို ပေါ့ပေါ့ပါးပါး ရှပ်အကျီ င်္လေး ထည့်ဝတ်ထားတာက တကယ့်ကို လိုက်ဖက်မှု ရှိပါတယ်။ ဒီလို ရိုးရိုးရှင်းရှင်း ပုံစံလေးကိုမှာ အောက်က boots အနက်ရောင်လေးနဲ့ တွဲဝတ်လိုက်တဲ့အခါမှာတော့ အရမ်းကို အမိုက်စား ဖက်ရှင်လေး ဖြစ်သွားစေပါတယ်။ တကယ့်ကို ဘာမှာ ထွေထွေထူးထူး ပြင်ဆင်စရာမလိုပဲကို မိမိုက်နေတဲ့ ဖက်ရှင်မျိုးပါ။

ကိုယ်ကျပ်အကျီ င်္နဲ့ style pants

Pinterest/My style

မိန်းကလေးတစ်ယောက်မှာ style pants တစ်ထည်လောက်တော့ ရှိကိုရှိသင့်ပါတယ်။ Style pants  တွေကဝတ်ရတာ သက်တောင့်သက်သာ ရှိသလို တကယ့်ကို ဖက်ရှင်လည်း ကျစေပါတယ်နော်။ Style pants ကိုမှ ကိုယ်ကျပ်အကျီ င်္လေးနဲ့ တွဲဝတ်လိုက်တဲ့အခါမှာ သင့်အလှကို တကယ့်ကို ပေါ်လွင်သွားစေမှာပါ။ ပုံမှာပြထားတဲ့အကျီ င်္က ရာသီဥတုနဲ့ မကိုက်ညီဘူးဆိုရင်တော့ တစ်ခြား ကိုယ်ကျပ်အကျီ င်္ပုံစံလေးတွေနဲ့လည်း တွဲဝတ်လို့ ရပါတယ်နော်။

READ
အသားအရေတွေ မပျက်စီးအောင် မိတ်ကပ်ကို ဒီလိုနည်းလမ်းလေးနဲ့ ဖျက်ကြည့်မယ်

ရှပ်အကျီ င်္နဲ့ စကတ်တိုလေး

Pinterest/Mint.Tang

နောက်ဆုံးပြောပြမယ့် ဖက်ရှင်ကတော့ ဘောင်းဘီရှည်ဖက်ရှင်မဟုတ်ပဲ စကတ်ကိုပဲ ရွေးချယ်ထားပါတယ်။ မိန်းကလေးတစ်ယောက်ဟာ စကတ်ဝတ်လိုက်တဲ့အချိန်မှာ ပိုပြီးချစ်စရာကောင်း ဆွဲဆောင်မှုရှိစေပါတယ်။ ရိုးရိုးရှင်းရှင်းလေး စကတ်တိုလေးကို ရှပ်အကျီ င်္လေးထည့်ဝတ်ပြီး sneaker လေး စီလိုက်ရုံနဲ့ အထာကျကျ မိုက်နေစေမှာပါ။ ဒီဖက်ရှင်က ရိုးတယ်လို့ ထင်ရပေမယ့် တကယ်တမ်းတော့ ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်မျိုး ဖြစ်ပါတယ်။

Khin

sponsored