(2021) Calendar အတွက် အကောင်လေးတွေနဲ့ အလှပုံရိုက်ခဲ့ကြတဲ့ သြဇီမီးသတ်သမားများ

australianfirefighterscalendar.com | Facebook | Instagram
Sponsored

Australian Firefighters Calendar ဆိုတာ တစ်နှစ်တစ်ခါ သြဇီမီးသတ်အဖွဲ့ချုပ်ကနေပြီး ထုတ်လုပ်ရောင်းချလျက်ရှိနေတဲ့ Calendar တွေပဲဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်ကတည်းကိုက သြဇီရဲ့ အနယ်နယ်အရပ်ရပ်မှ မီးသတ်ဌာနတွေအကုန်လုံး ပူးပေါင်းပြီးတော့ ပရဟိလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် Calendarထုတ်ပြီး ရံပုံငွေရှာခဲ့ကြပါတယ်။

ဒီနေရာမှာ အမြင်ဆန်းပြီး Calendar ဝယ်ချင်စိတ်ဖြစ်ပေါ်အောင်ဆိုပြီး နိုင်ငံအနှံ့အပြားက ခန္ဓာကိုယ်တောင့်ဖြောင့်ပြီး ရုပ်ရည်ချောမောတဲ့ မီးသတ်သမားတွေကို စီစစ်ရွေးချယ်ကာ အပေါ်ပိုင်းဗလာကျင်းပြီး တိရိစ္ဆာန်လေးတွေနဲ့ ဓာတ်ပုံရိုက်တာမျိုးတွေလိုမျိုး ပုံတွေကို ရိုက်ကူးစေခဲ့ပါတယ်။ နှစ်တိုင်း မီးသတ်သမားတွေ ရာနဲ့ချီကာ Calendar မော်ဒယ်လုပ်ဖို့အတွက် လျှောက်ထားခဲ့ကြပေမယ့်လို့ ၂၄ ယောက်ကိုကာ ရွေးချယ်ခဲ့ကြပါတယ်တဲ့။ နောက် ပုံတွေထဲပါတဲ့ တိရိစ္ဆာန်လေးတွေဟာလည်း ဘေးမဲ့ဂေဟာတွေ၊ ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာတွေက အကောင်လေးတွေနဲ့ ရိုက်ကူးထားတာပါ။

australianfirefighterscalendar.com | Facebook | Instagram
Sponsored

နှစ်တိုင်းမတူညီတဲ့ ကဏ္ဍတွေ၊ နေရာတွေကို Calendar ရောင်းရငွေနဲ့ လှူဒါန်းငွေတွေအားလုံးကို ပေါင်းပြီး လိုအပ်တဲ့နေရာတွေမှာ လှူနေကျဖြစ်ပါတယ်။ အခုလာမယ့် ၂၀၂၁ ခုနှစ်ထဲမှာတော့ သူတို့ လှူဒါန်းမယ့်နေရာတွေကတော့ ကလေးငယ်လေးတွေအတွက် ကင်ဆာဖောင်ဒေးရှင်း၊ Rural Aid, Currumbin Wildlife Hospital, Safe Haven Animal Rescue, Healing Hooves RACQ Life Flight, Wildcare, Australian Seabird Rescue, Native Animal Rescue, Byron Bay Wildlife Hospital and Fauna Rescue of SA စတဲ့နေရာတွေကို လှူဒါန်းသွားမှာပါတဲ့။

READ
သင် စိတ်ကျန်းမာရေးကုသဖို့ လိုနေပြီဆိုတာကို ပြနေတဲ့အချက်များ

သူတို့ရဲ့ Website ဖော်ပြချက်အရ ပြီးခဲ့တဲ့(၅)နှစ်အတွင်းမှာ Calendar ရောင်းရငွေချည်းပဲ အမေရိကန်ဒေါ်လာ ၃ သန်းလောက်ကို လှူဒါန်းခဲ့ကြပါတယ်တဲ့လေ။

australianfirefighterscalendar.com | Facebook | Instagram
australianfirefighterscalendar.com | Facebook | Instagram

ဒီနှစ်အတွက် Calendar မှာပါမယ့် မီးသတ်ကိုကိုတို့ရဲ့ ပုံလေးတွေကိုလည်း တစ်ချက်လောက် ကြည့်လိုက်ကြပါဦးနော်။

penny

sponsored