သင့်မေမေ ဆီကနေ သင်ယူနိုင်မယ့် အတုယူဖွယ် အချက်(၄)ချက်

shutterstock/  Africa Studio
Sponsored

အမေဆိုတာက သားသမီးတိုင်းရဲ့ hero တစ်ယောက်ပါပဲ။ အမေ့ရဲ့ ချစ်ခြင်းမေတ္တာတွေ၊ စွန့်လွှတ်အနစ်နာခံစိတ်တွေနဲ့ သားသမီးတွေနဲ့ ပတ်သက်လာရင် ဘာမဆို ရင်ဆိုင်ရဲတဲ့ စိတ်ဓာတ်တွေက တကယ့်ကို ထူးခြားပါတယ်နော်။ သင့်မေမေဆီကနေ သင်ယူနိုင်တဲ့ အတုယူသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

စွန့်လွှတ်အနစ်နာခံစိတ်

shutterstock/George Rudy

အမေထက် သားသမီးတွေအပေါ် စွန့်လွှတ်အနစ်နာခံတတ်တဲ့ သူဆိုတာ ရှိမယ်မထင်ပါဘူးနော်။ သားသမီးတွေအပေါ် မျှော်လင့်ချက်တွေ မပါပဲ ပေးဆပ်ပေးတတ်တဲ့ အမေရဲ့ အပြုအမူတွေ၊ ဘာမှ ပြန်လိုချင်ခြင်းတွေ မပါတဲ့ ချစ်ခြင်းတွေကို ခံစားမိကြမှာပါ။ နောက်ပြီး ကိုယ့်အပေါ် အမေ့ရဲ့ အနစ်နာခံပေးတတ်တဲ့ အချက်တွေ၊ မိသားစုအပေါ် စွန့်လွှတ်အနစ်နာခံမှုတွေကို သင်ယူသင့်ပါတယ်။

တာဝန်သိစိတ်

Sponsored

တာဝန်သိစိတ်ဆိုတာက လူတစ်ယောက်ဆီမှာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပြီး ဒါကို သင့်မေမေဆီမှာ သင်ယူလို့ရပါတယ်။ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ တာဝန်သိစိတ်တွေက ဆက်စပ်မှုရှိနေပါတယ်။ တစ်ယောက်ယောက်ကို ချစ်ခင်လိုတဲ့ စိတ်၊ ဂရုစိုက်စောင့်ရှောက်တတ်တဲ့ စိတ်ဟာ တကယ်တမ်းမှာတော့ မလွယ်ကူပါဘူးနော်။ ဒါပေမယ့် သင့်မေမေကတော့ ဒါတွေကို ကောင်းကောင်းသိတဲ့အတွက် အမေဆီက ဒါတွေကို သင်ယူလိုက်ပါ။

READ
ကလေးငယ်တွေကိုရိုက်နှက်ဆုံးမခြင်းကြောင့်ရလာမယ့် အကျိုးဆက်(၅)မျိုး

ယုံကြည်စိတ်

shutterstock/Monkey Business Images

ဘဝမှာ မိန်းကလေးတစ်ယောက်အနေနဲ့ ယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတတ်တဲ့ စိတ်ရှိနေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတဲ့အခါ ကိုယ့်ဘေးမှာ ဘယ်သူပဲရှိရှိ စိတ်အားငယ်မှုတွေကို အဝေးကို ပို့နိုင်ပါတယ်။ မိခင်ကောင်းတွေက ကိုယ့်ရဲ့ သမီးမိန်းကလေးကို ဘယ်လိုမျိုး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ခွန်အားဖြစ်လာအောင် ဘယ်လိုနေရမယ်ဆိုတာကို သင်ပြနိုင်စွမ်းရှိပါတယ်။

ဆုံးဖြတ်ချက်တွေ

အမေရဲ့ တစ်ဘဝလုံးနဲ့ ရထားတဲ့ သင်ခန်းစာတွေနဲ့ အတွေ့အကြုံတွေက သင့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးနိုင်ဖို့ကို သင်ကြားပေးနိုင်ပါတယ်နော်။ ပြသနာတစ်ခုကို တည်တည်ငြိမ်ငြိမ် ဖြေရှင်းတတ်ပြီး အမှန်အမှားကို သေချာစဉ်းစားတတ်တဲ့ အမေ့ရဲ့ ဆုံးဖြတ်နိုင်စွမ်းတွေကို သင်ယူလိုက်ပါ။

Khin

sponsored