IOK ကုမ္ပဏီရဲ့ Executive Director အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ B.I

Image:IG/B.I
Sponsored

iKON အဖွဲ့ဝင် ဟောင်း B.I  က တော့ IOK Company ရဲ့ Executive Director အဖြစ် ခန့်အပ်ခံလိုက်ရပါ တယ်။ အဲဒီ ကုမ္ပဏီ က တော့ နာမည်ကြီး ဆယ်လီတွေ အများကြီးနဲ့ လက်တွဲ အလုပ်လုပ် နေတဲ့  ကုမ္ပဏီပါ။ အသက် ၂၃ နှစ် နဲ့ ကုမ္ပဏီ ရဲ့ Executive Director ရာထူးကို ရလိုက်တာပါ။ စက်တင်ဘာ ၁၁ ရက်နေ့က ပြုလုပ်တဲ့ ကုမ္ပဏီရဲ့ သတင်းစာ ရှင်းလင်းပွဲ နဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကပြုလုပ်တဲ့ ကုမ္ပဏီ ရဲ့ ရှယ်ယာရှင် စည်းဝေး ပွဲ မှာ ထွက် ပေါ်လာ တဲ့ သတင်းတွေမှတစ်ဆင့် အတည်ပြုခဲ့တာဖြစ်ပါတယ်။ ရှယ်ယာရှင် စည်းဝေးပွဲမှာတော့ B.I ကို executive director အဖြစ် ခန့်အပ်ခဲ့တယ်ဆိုတဲ့အကြောင်း Koreaboo မှာေ ဖ်ာပြထားတာပါ။

Sponsored

စက်တင်ဘာ ၂၈ ရက်နေ့ စည်းဝေးပွဲမှာတော့ executive director  စုစုပေါင်း (၈) ယောက် ခန့်အပ် ခဲ့ကာ အားလုံး ထဲ မှာေ တာ့ B.I က အသက်အငယ်ဆုံးပါ။ ဒီရာထူးကို တော့ (၃)နှစ် တာဝန်ယူ ပေးရမှာဖြစ်ပါတယ်။ IOK Company က တော့ ကိုရီးယား အနုပညာ လောကရဲ့ ဒိတ်ဒိတ်ကြဲ တွေ ဖြစ်တဲ့ Jo In Sung, Ji Suk Jin, Moon Hee Jun, Lee Young Ja တို့ နဲ့ လက်တွဲ အလုပ်လုပ် နေတဲ့ ကုမ္ပဏီဖြစ်ပြီး တစ်ဖက်မှာလည်း B.I ဟာ လက်ရှိမှာတော့ 131 Label အေဂျင်စီရဲ့ လက် အောက်က အနုပညာရှင် တစ်ယောက် အဖြစ် စာရင်းဝင် နေပါတယ်။

 

View this post on Instagram

 

kim hanbin’s most boyfriendable ig post

A post shared by KIM HANBIN/B.I (@hanbinbub) on

131 က တော့ သူ့ရဲ့ ကိုယ်ပိုင် အေဂျင်စီလို့ လည်း သတင်း တွေ ထွက် ပေါ် နေပါတယ်။ ဆေးမှု ကိစ္စ နဲ့ ပတ်သက်ပြီး YG Entertainment ၊ iKON တို့ နဲ့ လမ်းခွဲ ခဲ့  ပြီး နောက် မှာတော့ သူ့ရဲ့ သီချင်းတွေ ကို သူ့ Personal Soundcloud account မှာပဲ တင် နေပြီး အဲဒါက တော့  131 ကို ရည်ညွှန်းထားခဲ့တာပါတဲ့။ နောက်ဆုံး ထွက်ပြီး တင်ထားတာက တော့ စက်တင်ဘာ ၃ ရက်နေ့ကပါ။ Fan တွေ က တော့ B.I အတွက် “#ExecutiveDirectorKimHanbin”. ဆိုပြီး ဂုဏ်ပြု ထားတဲ့ Post တွေကို ဆိုရှယ်မီဒီယာ ပေါ် မှာ အပြိုင် အဆိုင် တင် နေကြပါတယ်။

 

View this post on Instagram

 

lol the way he sits like an ahjussi

A post shared by KIM HANBIN/B.I (@hanbinbub) on

#AUNTYMAY

sponsored