သင့်ကို ပိုပြီး ကြည့်ရဆိုးစေမယ့် ဖက်ရှင် ရွေးချယ်မှုပုံစံ အမှားများ

Racool_studio/Freepik
Sponsored

မတူညီတဲ့သူတွေကို မတူညီတဲ့ပုံစံတွေနဲ့ လှစေတာကတော့ ဖက်ရှင်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဖက်ရှင် ရွေးချယ်မှု မှားသွားတာနဲ့ ကြည့်ကောင်းမယ့်အစား ကြည့်ရဆိုးသွားတတ်ကြပါတယ်။ ဘယ်လိုဖက်ရှင်တွေကို ရွေးချယ်ရင် ကြည့်ရဆိုးနိုင်လဲ သို့ ဆွဲဆောင်မှု ကျစေမလဲဆိုတာကို အခုလိုပဲ အန်တီမေ ပရိသတ်အတွက် ဖော်ပြလိုက်ရပါတယ်။

(၁) trend ဖြစ်နေတဲ့ ဖက်ရှင်တွေ

Sponsored

လတ်တလော လူကြိုက်များတဲ့ ဖက်ရှင်တိုင်းကို လိုက်ဝတ်လို့  ကိုယ်က ဖက်ရှင်ကျလာတာမျိုး မဟုတ်ပါဘူး။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ဆိုတာ trend ဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။ ကြည့်ကောင်းခြင်းနဲ့ပဲ ဆိုင်ပါတယ်။ ဒီတော့ ကိုယ်နဲ့ လိုက်ဖက်တာ မဟုတ်ဘဲ လူကြိုက်များတာတွေကို ဝတ်ခဲ့ရင် သင့်ဖက်ရှင်က ကြည့်ရအဆင်မပြေ ဖြစ်နေမှာပါ။

alexvolot/Freepik

(၂) ကိုယ်နဲ့ မလိုက်တဲ့ အရောင်တွေ

လူတိုင်းမှာ ကြိုက်နှစ်သက်တဲ့ အရောင်ကိုယ်စီ ရှိကြသလို လိုက်ဖက်တဲ့ အရောင်လည်း ရှိကြပါတယ်။ ကိုယ်နဲ့ မလိုက်ဖက်တဲ့ အရောင်တွေကို သတိထား မှတ်တာက အကောင်းဆုံး ဖြစ်ပါတယ်။ ကိုယ်က ကြိုက်ပေမယ့် တစ်ခါတစ်လေ အဝတ်အစား အရောင်အနေနဲ့ ကိုယ်နဲ့ မလိုက်ဖက်တာဆိုရင် သင် ဘယ်လောက်ပဲ မိုက်အောင် ဝတ်ထား ဝတ်ထား ဆွဲဆောင်မှု ရှိနေမှာ မဟုတ်ပါဘူး။

READ
အခုလက်ရှိ ကိုရီးယားမှာ ခေတ်စားနေတဲ့ အဟော့ဆုံးဖက်ရှင်များ
Photo by EVG Culture from Pexels

(၃) size မတူတဲ့ အဝတ်တွေ ဝတ်တာ

ဖက်ရှင် ကျပြီး လိုက်ဖက်နေဖို့ဆိုတာမှာ အဝတ်အစား size ရွေးချယ်တာနဲ့လည်း သက်ဆိုင်နေပါတယ်။ အပွတွေ အကြပ်တွေ ခေတ်စားလာတဲ့နောက်မှာ ကိုယ် size မဟုတ်တဲ့ အဝတ်တွေကို အကြပ်လို့ သဘောထားပြီး ဝတ်လို့ မရတာလည်း ရှိနေပါတယ်။ ဒါကြောင့် size ကိုလည်း မှန်မှန်ကန်ကန် မဝတ်ရင်တော့ သင့်ဖက်ရှင်က ဂွမ်းနေမှာပါ။

Freepik.com

(၄) ကိုယ့်ပုံစံ မဟုတ်တာ

လူတိုင်းမှာ လိုက်ဖက်တဲ့ ဖက်ရှင်ပုံစံဆိုတာ ရှိပါတယ်။ တစ်ချို့ကတော့ sexy ကျတာမျိုးကို ဝတ်ရတာ ကြိုက်ပေမယ့် သူ့ပုံစံ boy အရမ်းဆန်နေတယ်ဆို မလိုက်ဖက်တော့ပါဘူး။ cute ဖြစ်တဲ့ပုံတွေနဲ့ပဲ လိုက်တဲ့ ကောင်မလေးတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ လိုက်ဖက်တဲ့ပုံစံကို သတိထားပြီး ဝတ်မှသာ ကိုယ်က ဖက်ရှင်ကျပြီး ဆွဲဆောင်မှု ရှိတဲ့သူ ဖြစ်နေမှာပါ။

READ
ဖက်ရှင်ဒီဇိုင်း ရွေးရခက်နေတဲ့ ပျိုမေတို့အတွက် နေ့စဉ်ထသွားထလာ ဖက်ရှင်များ
Photo by Godisable Jacob from Pexels

(၅) နေရာနဲ့ မလိုက်ဖက်တဲ့ ဖက်ရှင်

အဝတ်အစားဆိုတာ သူ့နေရာနဲ့သူ လိုက်ဖက်အောင် ဝတ်ဆင်မှသာ သင်က ဖက်ရှင်ကျအောင် ဝတ်နိုင်တဲ့သူ ဖြစ်မှာပါ။ ကိုယ် ဝတ်ချင်သလို ဝတ်လို့ ကိုယ်နဲ့ လိုက်နဲ့ လိုက်ဖက်နေရင်တောင် နေရာဒေသနဲ့ မလိုက်ဖက်ရင် သင့်ဖက်ရှင်က ဆွဲဆောင်မှု မရှိတော့ပါဘူး။ တောရွာကို သွားတာ၊ ပွဲအခမ်းအနား သွားတာ၊ တောင်တက်ခရီး စတဲ့ နေရာအားလုံးကို လိုက်ဖက်အောင် မဝတ်စားနိုင်ရင်တော့ သင်က အများအမြင်မှာ ဆွဲဆောင်မှု ကျနေမှာပါပဲ။

Kham

sponsored