အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ သင့်ရဲ့ နေ့စဉ် အကျင့်ဆိုးများ

user15327819/Freepik
Sponsored

ညရောက်တိုင်း အိပ်စက်ဖို့ အချိန်ရောက်ရင် လွယ်လွယ်နဲ့ အိပ်မရဘူး။ အိပ်ဖို့ ကြိုးစားနေရင်တောင်မှ အိပ်ပျော်ဖို့ နာရီဝက်၊ တစ်နာရီလောက် အချိန်ပေးနေရတာမျိုး၊ အိပ်ပျော်ပြီး မိနစ် နှစ်ဆယ်လောက်နဲ့ ပြန်နိုးလာတတ်တာမျိုးဆိုရင်တော့ သင်က အိပ်စက်ခြင်းနဲ့ ပတ်သတ်ပြီး အခက်အခဲ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒီလို ညဘက်မှာ တော်တော်နဲ့ အိပ်လို့ မရတဲ့ အခြေအနေက သင့်ရဲ့ ပုံမှန် ပြုလုပ်နေတဲ့ အကျင့်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကို အိပ်မရအောင် ဖြစ်စေတတ်တဲ့ အကျင့်ဆိုးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) Screen တွေကို ကြည့်ခြင်း

Sponsored

ဖုန်းသုံးတာအပြင် တခြားသော Screen ကြည့်နေရတဲ့ အရာတွေ ဖြစ်တဲ့ တီဗွီကြည့်ခြင်း၊ ကွန်ပျူတာ အသုံးပြုခြင်းတွေလည်း သင့်ရဲ့ အိပ်စက်ချိန်ကို ထိခိုက်စေနိုင်ပါတယ်။ TV ကြည့်ခြင်းက ဦးနှောက်အာရုံကြောတွေကို အလွန်အကျွံ လှုံ့ဆော်ပေးပြီး သင်မသိလိုက်ခင်မှာပဲ သင့်ကို စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် အိပ်စက်ခြင်းအတွက် လိုအပ်တဲ့ melatonin ထုတ်လုပ်မှုကိုပါ ပိတ်ပစ်လိုက်သလို ဖြစ်သွားစေပါတယ်။ melatonin ထုတ်လုပ်မှု ပိတ်ပင်ခံရတဲ့အတွက် သင့်အနေနဲ့ အိပ်စက်ရတာ တစ်နေ့ထက် တစ်နေ့ ပိုပြီး ခက်ခဲလာစေမှာပဲဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကတော့ သင် မအိပ်ခင် နာရီဝက်အလိုလောက်မှာ ဖုန်းမျက်နှာပြင်၊ တီဗွီမျက်နှာပြင်နဲ့ ကွန်ပျူတာမျက်နှာပြင်တွေရဲ့ ခပ်ဝေးဝေးမှာ နေလိုက်တာ အကောင်းဆုံး ဖြစ်ပါတယ်။

READ
Jennie ရဲ့ အခင်ရဆုံးသော တခြား girl group တွေထဲက သူငယ်ချင်း (၆) ယောက်
dimaberlin/Freepik

(၂) ပုံမှန်အိပ်ချိန်မရှိခြင်း

Circadian Rhythm က လူတစ်ယောက်ရဲ့ အိပ်စက်ချိန်၊ နိုးတဲ့အချိန်နဲ့ အိပ်နေတဲ့ကြာချိန်တွေကို ပုံမှန် လည်ပတ်နေဖို့အတွက် ထိန်းချုပ်ပေးပါတယ်။ ဒါကြောင့် အချိန်မှန် မအိပ်တဲ့အခါမှာ Circadian Rhythm က ပျက်စီးပြီး သင့်ရဲ့ အိပ်စက်ခြင်းကို ထိခိုက်လာမှာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အိပ်ချိန် ကမောက်ကမဖြစ်လာပြီး ကိုယ်အလေးချိန် မမှန်တဲ့အနေအထားထိပါ ရောက်လာနိုင်ပါတယ်။ ဒါကြောင့်မို့ သင် ဘယ်အချိန် အိပ်တယ်၊ နိုးတယ်နဲ့ အိပ်ချိန် ဘယ်နစ်နာရီရှိတယ်ဆိုတာကို မှတ်သားထားပြီး အဲ့ဒီပုံစံအတိုင်း အိပ်စက်ခြင်းက သင့်ကို အိပ်ချိန်စားချိန်မှန်ပြီး ကျန်းမာပျော်ရွှင်စေတဲ့ လူသားတစ်ဦး ဖြစ်လာစေမှာပဲ ဖြစ်ပါတယ်။

pressfoto/Freepik

(၃) မအိပ်ခင် အစားများများစားခြင်း

ည ၉နာရီနောက်ပိုင်းမှာ အစားများများ စားတယ်ဆိုရင် သင်ဟာ နောက်ကျမှ စားတယ်လို့ ပြောလို့ရပါတယ်။ လေ့လာချက်တွေအရ နောက်ကျမှ အစားစားတာနဲ့ အစာကြေဖို့ ကြန့်ကြာတာက အိပ်စက်ခြင်းကို ထိခိုက်စေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် နောက်ကျမှ အစာစားတာက ကိုယ်အလေးချိန်ကျဖို့ နှောင့်နှေးတာအပြင် အိပ်တဲ့အခါ အသက်ရှုမကြာခဏ ရပ်ပြီး ဟောက်တာတွေပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညနေစာကို စားမယ်ဆိုရင် မအိပ်ခင် သုံးနာရီလောက်နဲ့ ခွာပြီး စားသုံးသင့်ပါတယ်။

READ
လိမ္မော်သီးသည်အဘမိသားစုကို တွေ့ဆုံအားပေးပြီး လှူဒါန်းခဲ့တဲ့ Sinon Loresca
tirachardz/Freepik

(၄) ညနေခင်းမှာ ကဖိန်းကို မရှောင်ခြင်း

ကဖိန်းဓာတ်ပါတဲ့ သောက်စရာတစ်ခုခုကို သောက်ထားတဲ့အခါ သင်က ပင်ပန်းနေရင်တောင်မှ ကဖိန်းဓာတ်က မပင်ပန်းဘူးထင်ရအောင် လှည့်စားနေမှာပဲ ဖြစ်ပါတယ်။ အိပ်ချိန်ရောက်တဲ့အခါမှာတောင် ခန္ဓာကိုယ်က ကဖိန်းဓာတ်ကို ချေဖျက်ဖို့ အချိန်ကြာနေတာမို့ ပုံမှန်အချိန်ထက် နောက်ကျပြီးမှ အိပ်လို့ရတော့မှာပဲ ဖြစ်ပါတယ်။ မျက်လုံးတွေက အိပ်ချင်နေပြီး ခေါင်းက အိပ်လို့မရဘူးဆိုတဲ့ အခြေအနေမျိုးပဲဖြစ်ပါတယ်။

Photo by Andrea Piacquadio from Pexels

(၅) လေ့ကျင့်ခန်း မလုပ်ခြင်း

လေ့လာချက် အမြောက်အများအရ အိပ်မပျော်တာနဲ့ လေ့ကျင့်ခန်းမလုပ်တာက ဆက်စပ်မှုရှိတယ်လို့ ဆိုထားကြပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှား ဖြစ်စေပြီး သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်တဲ့ လူငယ်ပိုင်းတွေကို လေ့လာထားချက်တွေအရ ပုံမှန် လေ့ကျင့်ခန်း လုပ်တဲ့သူတွေဟာ အချိန်မှန် အိပ်ပျော်ပြီး အိပ်ရေးဝကြတယ်လို့ ဆိုထားပါတယ်။

Kham

sponsored