ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ မိန်းကလေးတွေမှာ ရှိနေတတ်တဲ့ အကျင့်ဆိုးများ

Photo by Min An from Pexels
Sponsored

တစ်ခါတစ်လေမှာ ကိုယ် လုပ်သမျှက ကိုယ့်အတွက် အကျိုးမရှိစေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ်ကြိုက်ရာ လုပ်တာ ကိုယ့်အတွက်လို့  လူအများက ပြောလေ့ ရှိပေမယ့် ကိုယ့်ကိုယ်ကို တန်ဖိုးမထားတာမျိုးလည်း ဖြစ်နေတတ်ပါသေးတယ်။ မိန်းကလေးတွေထဲမှာဆိုရင် ကိုယ့်ကိုယ်ကို အခုလို တန်ဖိုးမထားစွာ ပြုလုပ်တတ်တဲ့ သူတွေလည်း ရှိနေပါတယ်။

(၁) ကျန်းမာရေးကို ဂရုမစိုက်ခြင်း

Sponsored

ကိုယ်က ဘယ်သူ့အတွက်မှ အဖိုးမတန်တောင် ကိုယ့်အတွက်တော့ အဖိုးတန်နေဖို့ လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို ချစ်လေလေ ကိုယ်က ပိုကောင်းမွန်တဲ့ သူတစ်ယောက် ဖြစ်မှာမို့ ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ညအိပ်ချိန်မမှန်၊ စားချိန်မမှန်တဲ့ အပြင် တွေ့ရာ အပြင်စာတွေ အကုန်စားနေတာမျိုးက သင့်ကျန်းမာရေးကို သင်ကိုယ်တိုင် ဖျက်ဆီးနေတာပဲ ဖြစ်ပါတယ်။

Photo by Andrea Piacquadio from Pexels

(၂) အဆိပ်တောက်ဖြစ်နေတဲ့ ဆက်ဆံရေးတွေကို မရပ်တန့်ခြင်း

READ
Barbie Monster ဆိုပြီး နာမည်ကြီးနေတဲ့ မိန်းမလှလေး

လူဖြစ်တဲ့ဘဝက တကယ့်ကို ခဏလေးပါ။ ဒီလို လူဖြစ်တဲ့ဘဝမှာ ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် နေဖို့ ထိုက်တန်ပါတယ်။ ကိုယ်လည်း စိတ်မချမ်းသာ၊ သူလည်း စိတ်မချမ်းသာရတဲ့ ဆက်ဆံရေးတွေက တကယ်ကို အဓိပ္ပာယ် မရှိတာမို့ ဖြတ်တောက်လိုက်တာက စိတ်ချမ်းသာမှုကို ပြန်ရောက်လာစေနိုင်ပါတယ်။ တကယ်လို့ ဒီအပူမီးဖြစ်နေတဲ့ ဆက်ဆံရေးကိုသာ ဆက်ထိန်းထားမယ်ဆိုရင်တော့ သင်က ပျော်ရွှင်ရဖို့  မမျှော်လင့်သူ ဖြစ်နေမှာပါ။

Photo by Andrea Piacquadio from Pexels

(၃) ကိုယ့်အတွက်ကို မတွေးခြင်း

ကိုယ့်အတွက် ကိုယ် တွေးတိုင်း အတ္တကြီးတာမျိုး မဟုတ်ပါဘူး။ လူဆိုတာ ကိုယ့်အတွက်လည်း ပြန်ဂရုစိုက်ရင်း အားပြန်ဖြည့်ရတာမျိုး ဖြစ်ပါတယ်။ ကိုယ့်အတွက် အချိန်တွေ မပေးဘဲ ဖြတ်သန်းနေတာမျိုးကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ အပြုအမူ တစ်ခုပဲ ဖြစ်ပါတယ်။

Photo by Ketut Subiyanto from Pexels

(၄) သူများတွေ အလိုအတိုင်း နေထိုင်ခြင်း

ကိုယ့်ခန္ဓာကို ကိုယ့်ရဲ့ စိတ်ကြိုက်နေထိုင်ခွင့်ဆိုတာ ရှိပါတယ်။ ဒါပေမယ့် သူများတွေ ချီးကျူးတာကို လိုချင်လို့ သူများ ဖြစ်စေချင်တဲ့ ပုံစံအတိုင်း နေထိုင်ပေးတာက ကိုယ့်အပေါ် စစ်မှန်တဲ့ အသိအမှတ်ပြုမှု ရလာစေမှာ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို တန်ဖိုးမထားဘဲ သူများအမြင်ကို ပိုပြီး တန်ဖိုးထားနေတာကြောင့် ကိုယ့်ကိုယ်ကို ပျောက်ဆုံးတဲ့ ခံစားချက်တွေပါ ရလာမှာ ဖြစ်ပါတယ်။

READ
ပျိုမေတို့အသားအရောင်နဲ့အလိုက်ဖက်ဆုံးပါးနီအရောင်ရွေးချယ်နည်း
pixabay/pexels

(၅) အချိန်ဖြုန်းခြင်း

နေ့တိုင်း ဘာမှ မလုပ်ဘဲ အိပ်ယာထဲ လှဲနေတာမျိုးကလည်း ကိုယ့်ကိုယ်ကို တန်ဖိုးမထားခြင်း တစ်မျိုး ပါပဲ။ ဘာအလုပ်မှလည်း မလုပ်၊ ဘာမှလည်း မလေ့လာဘဲ အင်တာနက်ပဲ ထိုင်သုံးနေတာမျိုးက ကိုယ့်ကိုယ်ကို ပိုပြီး ဆိုးရွားအောင် လုပ်နေတာ ဖြစ်ပါတယ်။ စားလိုက်၊ သောက်လိုက်နဲ့ အေးဆေးနေတာက တကယ်တော့ ဘဝကို အဖိုးမတန်သလို ဖြစ်နေစေပါတယ်။

Kham

sponsored