ကျန်းမာရေးကောင်းတဲ့ လူတစ်ယောက် ဖြစ်ဖို့ နေ့စဉ်လိုက်နာရမယ့် အခြေခံအချက်လေးများ

Photo by Karolina Grabowska from Pexels
Sponsored

ကျန်းမာရေးအတွက် တကယ့်ကို ကိုယ်တိုင် ဂရုစိုက်ပေးမှသာ ကျန်းမာတဲ့ သူတစ်ယောက် ဖြစ်မှာပါ။ ကိုယ်ခံအားကောင်းပြီး ကျန်းမာတဲ့သူတစ်ယောက်ဖြစ်တဲ့အခါ ကိုယ် လုပ်ချင်သမျှကို ကောင်းကောင်းမွန်မွန် လုပ်နိုင်သလလို ဆေးရုံဆေးခန်းကို သွားရတာမျိုးကိုလည်း နည်းပါးစေပါတယ်။ ကျန်းမာတဲ့သူတစ်ယောက် ဖြစ်ဖို့ဆိုရင် အခြေခံကျတဲ့ အခုအချက်လေးတွေကိုတော့ လိုက်နာပေးရမှာ ဖြစ်ပါတယ်။

(၁) အစားအသောက်

Sponsored

အစားအသောက်ဆိုတာကို  ကိုယ့်ရဲ့ စိတ်ကြောင့်ရော ခန္ဓာကိုယ် ကျန်းမာစွာ လည်ပတ်ဖို့ရော လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ ဒါကြောင့် အမြဲ ကိုယ်စားချင်သလို ပေါက်ကရတွေ စားသောက်ရင်း မနေထိုင်သင့်ပါဘူး။ ကျန်းမာဖို့အတွက်ဆိုရင် အစားအသောက်တွေကို အမြဲ အာဟာရပြည့်အောင် စီစဉ်ပြီး စားသုံးနေရမှာ ဖြစ်ပါတယ်။ ဗီတာမင်ဓာတ်တွေ၊ အသားဓာတ်တွေ ပြည့်ဝနေအောင် နေ့စဉ် စားသောက်ပေးသင့်ပါတယ်နော်။

Photo by bongkarn thanyakij from Pexels

(၂) အနေအထိုင်

READ
မှတ်ဥာဏ်အားကို ထိခိုက်စေနိုင်ပြီး ဦးနှောက်ပျက်စီးစေနိုင်တဲ့ အလေ့အထများ

ကျန်းမာရေးကောင်းမွန်ဖို့အတွက် ကိုယ့်ရဲ့ အနေအထိုင်ကလည်း များစွာ သက်ရောက်နေပါသေးတယ်။ တစ်နေ့လုံး မလှုပ်ရှားဘဲနေတာ၊ အိပ်ရာထဲမှာပဲ ခွေခေါက်နေတာ၊ ထိုင်တဲ့ပုံ မမှန်တာ စတဲ့ အချက်တွေက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် နေ့စဉ် ကိုယ်လက်လှုပ်ရှားတာလည်း ရှိဖို့ လိုအပ်သလို ထိုင်တဲ့အခါ ပုံစံမှန်တာ၊ အိပ်စက်တဲ့အခါ ပုံစံမှန်တာတွေအတွက်လည်း ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။

Photo by Ketut Subiyanto from Pexels

(၃) အိပ်ချိန် စားချိန်

စားတိုင်း အိပ်တိုင်းလည်း ကျန်းမာရေးအတွက် အထောက်အပံ့ ဖြစ်သွားတာ မဟုတ်ပါဘူး။ ကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တွေကတော့ စားသောက်ချိန် ပုံမှန် မဟုတ်တာနဲ့ အိပ်ချင်တဲ့အချိန်မှာ အိပ်ချင်သလို အိပ်နေတာမျိုးပဲ ဖြစ်ပါတယ်။ တကယ်တော့ စားသောက်တဲ့အချိန် ပုံမှန် ထားရမှာ ဖြစ်သလို ညဘက်မှာလည်း ပုံမှန် အိပ်ပေးမှသာ ကျန်းမာရေးနဲ့ ညီညွတ်မှာပါ။

READ
သံပရိုရည်သောက်ပေးရင် သေချာပေါက် ရလာနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးများ
Photo by Andrea Piacquadio from Pexels

(၄) စိတ်ကျန်းမာရေး

ကျန်းမာရေးမှာ အရေးကြီးတာအချက်က စိတ်ကျန်းမာရေးမှာလည်း ကောင်းမွန်နေအောင် ဂရုစိုက်ဖို့ပါပဲ။ စိတ်ကျန်းမာရေး ကောင်းအောင် ဝမ်းနည်းမှုတွေကို အမြဲ မမြိုသိပ်ထားဖို့၊ စိတ်ထွက်ပေါက်တွေ ပေးဖို့၊ စိတ်ဖိအားတွေ လျှော့ချတတ်ဖို့လည်း လိုအပ်ပါတယ်။ စိတ်တွေက ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ထိခိုက်နေတယ်လို့ ခံစားရရင်လည်း စိတ်ကျန်းမာရေးဆိုင်ရာ ဆေးခန်းတွေမှာ ကုသမှု ခံယူသင့်ပါတယ်။

Photo by Polina Zimmerman from Pexels

(၅) ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးစိတ်

ကျန်းမာရေးအတွက် အရေးအကြီးဆုံး တစ်ခုက ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးမှသာ ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို မချစ်တဲ့သူကတော့ နေချင်တိုင်းနေ၊ စားချင်တိုင်းစားနဲ့ ကျန်းမာရေးကို ယိုယွင်းနေစေမှာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးမှသာ ကိုယ်သိထားတဲ့ ကျန်းမာရေး အသိတွေကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။

Kham

sponsored