မေမေတို့ သမီးလေးတွေကို အပျိုဖော်မဝင်ခင် သင်ပေးထားသင့်တဲ့ အခြေခံအချက် (၆) ချက်

Pexels- Andrea Piacquadio
Sponsored

အခုခေတ်မှာ ဟိုးအရင်ခေတ်က သမီးမိန်းကလေးတွေကို ပြုစုပျိုထောင်ပုံနည်းလမ်းတွေနဲ့ အဆင်ပြေတော့မှာမဟုတ်ပါဘူး။ ဗိုင်းကောင်းကျောက်ဖိဆိုတာထက် သမီးလေးဟာ လူ့ဘဝမှာ ကိုယ့်လိပ်ပြာကိုယ်လုံစွာနဲ့ အမှီအခိုကင်းတဲ့အမျိုးသမီးလေးတစ်ယောက်ဖြစ်ဖို့က သိပ်ကိုအရေးကြီးပါတယ်။ ဒါကြောင့် အပျိုဖော်ဝင်ခါစ သမီးလေးတစ်ယောက်ကို မိဘတွေအနေနဲ့ ဘယ်လိုမျိုး အကြောင်းအရာတွေကို သင်သင့်နေပြီလဲဆိုတာ ကြည့်လိုက်ကြရအောင်။

Pexels- Jonathan Borba

(၁) ဓမ္မတာလာခြင်းကိစ္စ

Sponsored

အပျိုဖော်မဝင်ခင်ကတည်းကိုက သမီးလေးကို ဓမ္မတာနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို စတင်မိတ်ဆက်ပေးပါ။ ဓမ္မတာလာခြင်းဟာ ရှက်စရာကိစ္စမဟုတ်ကြောင်း၊ သဘာဝတရားဖြစ်ကြောင်းအပြင်ကိုမှ လိင်ပိုင်းဆိုင်ရာပညာပေးတွေကိုပါ သင့်လျော်သလို ထည့်ပြောပေးပါ။

(၂) လူတိုင်းကိုမယုံကြည်ဖို့

လူကြီးလေးဖြစ်လာတော့မယ့် သမီးလေးကို လောကကြီးထဲက လူတွေအကြောင်း အတင်းသဘောမျိုးမဟုတ်ဘဲ သတိပေးစကားလေးတွေ ပြောရင်း သတိကပ်နေဖို့ ပြောပါ။

Pexels- August de Richelieu

(၃) မမှီခိုခိုင်းဖို့

မိမိကိုယ်သာ မိမိအားထားရာဆိုတဲ့ စကားလေးကို ခေါင်းထဲရိုက်သွင်းပေးထားပါ။ လူတစ်ယောက်အပေါ် မှီခိုဖို့ဆိုတာ မိန်းကလေးတစ်ယောက်အတွက် ဘယ်လိုမှမဖြစ်သင့်တော့တဲ့ အတွေးအခေါ်တစ်ခုဖြစ်ကြောင်း သမီးလေးကိုပြောပြပါ။ အလုပ်လုပ်တာကစလို့ အိမ်မှုကိစ္စတွေအထိ တတ်သင့်တတ်အပ်တဲ့ပညာရပ်တွေအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ ပြုပြင်ထိန်းကျောင်းပေးပါ။

READ
မိခင်တစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်

(၄) ဘဝမှာမှန်မှန်ကန်ကန်ရပ်တည်ဖို့

မိန်းကလေးတစ်ယောက်ရဲ့ဘဝဟာ ရှေးရိုးစွဲစွဲ၊ ခေတ်ပဲမှီမှီ၊ ဘယ်လိုအလုပ်ပဲလုပ်လုပ် မှန်မှန်ကန်ကန်ရပ်တည်ဖို့တော့ လိုအပ်ပါတယ်။ အတိတ်ကို ဘယ်အချိန်မဆို ပြန်စဉ်းစားလိုက်တိုင်း လိပ်ပြာလုံစွာ ဂုဏ်ယူဖို့ အရေးကြီးတယ်ဆိုတာ သမီးလေးသိပါစေ။

Freepik- senivpetro

(၅) မေမေနဲ့အရာရာမှာပွင့်လင်းစေဖို့

ဆယ်ကျော်သက်အရွယ်ဖြစ်လေ့ဖြစ်ထရှိတဲ့ ရင်ခုန်မှုတွေကစလို့ သမီးလေးစိတ်ထဲ ခံစားရသမျှအရာတိုင်းကို မေမေကိုသူငယ်ချင်းလိုပဲ ပြောပြနိုင်တယ်ဆိုတဲ့ အလေ့အကျင့်လေးကို လုပ်ထားပေးပါ။ ဒါမှလည်း သားအမိကြား ပွင့်ပွင့်လင်းလင်းနဲ့ မဖြစ်သင့်တာတွေမဖြစ်တော့မှာပါ။

(၆) သတ္တိရှိဖို့

လောကမှာ မိန်းကလေးဆိုတိုင်း ခေါင်းငုံ့မနေသင့်ဘဲ ရင်ကော့ပြီး ရှေ့ထွက်စရာရှိ ထွက်သင့်တယ်ဆိုတဲ့ သတ္တိကိုလည်း ငယ်ကတည်းက မွေးပေးထားပါနော်။

penny

sponsored