တစ်ခြားသူတွေအပေါ် မျှဝေခံစားပေးတတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထားများ

shutterstock/wavebreakmedia
Sponsored

တစ်ခြားသူတွေရဲ့ နေရာမှာ ဝင်ရောက်ခံစားပေးတတ်တဲ့ အလုပ်မျိုးကို တော်ရုံလူတွေက မလုပ်နိုင်ကြပါဘူး။ အထူးသဖြင့် လူတွေက ကိုယ်အဆင်ပြေဖို့ကိုသာ ဦးစားပေး လုပ်ဆောင်တတ်ကြတဲ့ သူတွေများပါတယ်။ ဒါပေမယ့်လို့ တစ်ချို့လူတွေဆီမျာတော့ တစ်ခြားသူတွေအပေါ် မျှဝေခံစားပေးတတ်တဲ့ ထူးခြားတဲ့ စိတ်ဓာတ်မျိုးကို တွေ့ရတတ်ပါတယ်။ ဒီလို တစ်ခြားသူတွေဘက်ကို ဝင်ရောက်ခံစားပေးတတ်တဲ့ မိန်းကလေးတွေဆီမှာ ဒီလိုအချက်တွေကို တွေ့ရတတ်ပါတယ်။

တစ်ခြားသူတွေရဲ့ ခံစားချက်ကို နားလည်တယ်

shutterstock/YAKOBCHUK VIACHESLAV

ဒီလို မိန်းကလေးတွေက တစ်ခုခု မလုပ်ခင်မှာ အမြဲတမ်း သူ့ဘက်ကိုယ့်ဘက် စဉ်းစားပေးတတ်တဲ့ သူတွေဖြစ်ပါတယ်။ သူ့နေရာမှာ ငါဆိုရင်ရော ဆိုတဲ့ စိတ်ဓာတ်ကို အမြဲတမ်းထားပေးတဲ့အတွက် တစ်ခြားသူတွေ ထိခိုက်အောင် ဘယ်တော့မှ မလုပ်တတ်ကြပါဘူး။ နောက်တစ်ခုက တစ်ဖက်လူရဲ့ ခံစားချက်ကို ကောင်းကောင်းနားလည်ပေးနိုင်တာပါပဲ။

လူတွေရဲ့ စိတ်ကိုဖတ်နိုင်တယ်

shutterstock/ Halfpoint
Sponsored

မျှဝေခံစားပေးတတ်တဲ့ မိန်းကလေးတွေက လူတွေရဲ့စိတ်ကို နားလည်လွယ်တတ်ကြတဲ့ သူတွေဖြစ်တာဖို့ တစ်ဖက်လူရဲ့ စိတ်ကိုလွယ်လွယ် ဖတ်နိုင်ကြတဲ့ သူတွေပါ။ လူတစ်ယောက်ရဲ့ မျက်နှာအမူအရာကို ကြည့်ရုံနဲ့ ပျော်ရွှင်နေတယ်၊ စိတ်ညစ်နေတယ် စသဖြင့် ခွဲခြားနိုင်ကြပါတယ်။

READ
သင်ဟာ စိတ်ကျရောဂါဖြစ်မှန်းမသိ ဖြစ်နေပြီလားဆိုတာ သိနိုင်မယ့်အချက် (၇) ချက်

နားထောင်ကောင်းတဲ့သူတွေ ဖြစ်တယ်

shutterstock/YAKOBCHUK VIACHESLAV

နားထောင်ကောင်းခြင်းဆိုတာကလည်း လူတိုင်းမှာမရှိနိုင်တဲ့ အရည်အချင်းကောင်း တစ်ခုပါ။ တစ်ဖက်လူရဲ့ စိတ်ခံစားချက်ကို သိနိုင်ဖို့ များများနားထောင်ပေးဖို့ လိုအပ်ပါတယ်။ ဒီလို မိန်ကလေးတွေကတော့ နားထောင်တတ်ခြင်းပညာကို ကောင်းကောင်းနားလည်ကြလို့ လူတွေရဲ့ အကြောင်းကို ပိုသိကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။

ထူးခြားတဲ့ စိတ်စွမ်းအင်တွေ ရှိတယ်

shutterstock/ wavebreakmedia

တစ်ခြားလူရဲ့ ခံစားချက်တွေကို မျှဝေတတ်တဲ့ မိန်းကလေးတွေဆီမှာ ထူးခြားတဲ့ စွမ်းအင်တွေ ရှိလို့နေပါတယ်။ အဲလိုမိန်းကလေးတွေက တစ်ဖက်သားရဲ့ ခံစားချက်နဲ့ ထပ်တူ ခံစားပေးတတ်ကြသလို အဲဒီ့လူအတွက် တကယ်ကို အထောက်အကူဖြစ်စေမယ့် အားပေးနှစ်သိမ့်မှုတွေလည်း ပြုလုပ်ပေးနိုင်ကြတဲ့ သူတွေပါ။ ဒါကြောင့်ပဲ သူတို့ဆီမှာ ရင်ဖွင့်ပြောလာတဲ့ သူတိုင်းကို သူတို့ရဲ့ စွမ်းအားတွေနဲ့ စိတ်သက်သာရာရစေတတ်ကြပါတယ်။

ကိုယ့်အတွက် အချိန်ပေးတတ်တယ်

ဒီလို မိန်းကလေးတွေမှာလည်း သူတို့ရဲ့ အခက်အခဲတွေ၊ ခံစားချက်တွေ ရှိနေတတ်ကြပါတယ်။ တစ်ခြားသူတွေကို အားပေးသလိုပဲ ကိုယ်စိတ်ထိခိုက်တဲ့အချိန်တွေမှာလည်း ကိုယ့်ကိုယ်ကို အားပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်ပဲ သူတို့စိတ်ပင်ပန်းတတ်တဲ့ အချိန်တွေမှာ ကိုယ့်ကိုယ်ကို အချိန်ပေးရင်း တစ်ယောက်တည်း စိတ်ဓာတ်ခွန်အားတွေ မြှင့်တင်တတ်ကြတဲ့ သူလေးတွေ ဖြစ်ပါတယ်နော်။

READ
ခြေဖျား ၊ လက်ဖျား ထုံပြီးအေးလာခြင်းကို လုံးဝမပေါ့ဆသင့်တဲ့အကြောင်းအရင်းများ

Khin

sponsored