အသားအရေကို နုပျိုလှပစေတဲ့ ကော်ဖီ Scrub ပြုလုပ်နည်းနဲ့ အဖိုးတန်ကောင်းကျိုးလေးများ

Shutterstock/kitzzeh
Sponsored

အသားအရေထိန်းသိမ်းနည်းတွေထဲမှာ ကော်ဖီကလည်း ရှေ့ဆုံးကနေ ပါဝင်နေပါတယ်။ ကော်ဖီရဲ့ အလှအပအတွက် ကောင်းမွန်မှုက တကယ့်ကို အံမခန်း ဖြစ်ပါတယ်။ ဒါကြောင့် အလှအပကို ဂရုစိုက်တတ်သူတိုင်း ကော်ဖီ scrub ကို ပစ်ပယ် မထားတတ်ပါဘူး။ လွယ်လွယ်ကူကူ ပြုလုပ်လို့ ရတဲ့ ကော်ဖီ scrub ကနေ အခုလို အလှအပ ကောင်းကျိုးလေးတွေ ပေးမှာပါနော်။

ကော်ဖီ scrub ကို အိမ်မှာပဲ အခုလို အလွယ်တကူ လုပ်လို့ ရပါတယ်။ နည်းလေး က တကယ့်ကို လွယ်လွယ်လေးပါပဲ။

Sponsored

လိုတဲ့ အရာတွေကတော့ ကော်ဖီ အကြမ်းမှုန့် (Ground coffee)၊ သကြားနဲ့ သံပရိုသီး၊ အုန်းဆီ တို့ပဲ ဖြစပါတယ်။

READ
အတွင်းကျကျမိန်းမကိစ္စ မက်ဆေ့ခ်ျတွေအတွက် Joo Jin Mo တောင်းပန်
user12961874/Freepik

ပထမ တစ်နည်းအတွက် အညွှန်းကတော့ ကော်ဖီကြမ်းမှုန့် တစ်ဇွန်းကို သကြားတစ်ဇွန်းနဲ့ ရောပြီး သံပရိုရည် ညစ်ပြီး အသုံးပြုရမယ့် နည်း ဖြစ်ပါတယ်။

ဒုတိယ တစ်နည်းကတော့ ကော်ဖီကြမ်းမှုန့် နှစ်ဇွန်းကို အုန်းဆီ နှစ်ဇွန်းနဲ့ ရောစပ်ပြီး အသုံးပြုရမယ့် နည်း ဖြစ်ပါတယ်။

user12961874/Freepik

ရလာမယ့် ကောင်းကျိုးတွေကတော့……

  • ကော်ဖီကြမ်းမှုန့်က မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး မျက်နှာ အတွင်းပိုင်းအထိ သန့်စင်ပေးတာမို့ အသားအရေကို ပြန်လည် လန်းဆန်းစေပါတယ်။
  • မျက်နှာကို ၁၀ မိနစ်- ၁၅ မိနစ်ခန့် ပွတ်တိုက်ပြီး အသုံးပြုပေးမယ်ဆိုရင် အသားအရေကို လုံးဝ ကြည်ကြည်တောက်တောက်လေးနဲ့ Glow သွားစေပါတယ်။
  • နူးညံ့ပြီး ချောမွေ့လာတာမျိုးကိုလည်း ကော်ဖီ scrub သုံးပြီးတိုင်း မျက်မြင်ကိုယ်တွေ့ ခံစားရမှာ ဖြစ်ပါတယ်နော်။
READ
ချစ်သူနဲ့ အတူ ခရီးတွေ ထွက်ရင်း ပျော်နေတဲ့ Mark Prin နဲ့ Kimmy
maksymiv_yura/Freepik
  • ပင်ပန်းနွမ်းနယ်နေပုံပေါ်တဲ့ မျက်လုံးသား တစ်ဝိုက်က အရေးပြားတွေ၊ မျက်ရည်အိတ် ဖောင်းနေတာကိုလည်း ကော်ဖီ scrub ကို အသုံးပြုပြီး နှိပ်နယ်ပေးမယ်ဆိုရင် သက်သာသွားစေပါတယ်။
  • အသားအရေပေါ်က ဆဲလ်သေတွေက အသားအရေ လန်းဆန်းမှုကို မဖြစ်စေတဲ့ အတားအဆီးတွေပါပဲ။ ဆဲလ်သေတွေကို ကော်ဖီ scrub က ကောင်းကောင်း ဖယ်ရှားပေးဖို့ ကျန်းမာတဲ့ အသားအရေရဖို့ အကျိုးပြုပေးပါတယ်။
  • ကော်ဖီ scrub ကို တစ်ပတ်မှာ နှစ်ကြိမ် သို့ သုံးကြိမ်လောက် အသုံးပြုပေးမယ်ဆိုရင် အမြဲ လူငယ်တစ်ယောက်လို လန်းဆန်းတဲ့ အသားအရေလေးကို ပိုင်ဆိုင်နေရမှာပဲ ဖြစ်ပါတယ်။

Kham

sponsored