အိပ်ပျော်နေတဲ့ အချိန်မှာတောင် လှလှလေး ဖြစ်နေစေမယ့် အလှအပရေးရာ နည်းလမ်းများ

shutterstock/theshots.co
Sponsored

လှတယ်ဆိုတာ လှအောင် နေရင် လှကြတာ များပါတယ်။ ဒါပေမယ့် ညအိပ်ချိန်တွေမှာတောင်မှ အိပ်ပျော်နေရင်တောင်မှ လှတယ်ဆိုရင်တော့ တကယ့်ကို လှပတဲ့သူ ဖြစ်ပါတယ်နော်။ ဒီတော့ အိပ်နေရင်တောင် လှနေစေဖို့အတွက် ဂရုစိုက်ပေးရမယ့် အချက်တွေ ရှိနေပါတယ်။ ဒီလို ဖြစ်ဖို့အတွက် ဒီအချက်တွေကို အသုံးပြုနိုင်ပါတယ်။

ရှားစောင်လက်ပတ်နဲ့ မျက်နှာပေါင်းတင်ပါ

Sponsored

ရှားစောင်းလက်ပတ်ရဲ့ အနှစ်က အသားကို ဖြူစေတယ်၊ အစက်အပျောက်တွေကို လျော့ကျစေတယ်။ ဒါ့အပြင် အရေးအကြာင်းတွေ မဖြစ်စေအောင် ကာကွယ်ပေးပြီး အသားအရေကို တင်းရင်း နုပျိုစေပါတယ်။ ဘယ်လို အသားအရေနဲ့မဆို အသုံးပြုလို့ ရတာမို့ မျက်နှာအတွက် အသင့်တော်ဆုံး ပေါင်းတင်ပစ္စည်းပါပဲ။ တစ်ပတ်ကို နှစ်ကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

shutterstock/Tyler Olson

မျက်လုံးအောက်ဘက်အတွက် Vitamin E သုံးပါ

မျက်နှာမှာ မျက်လုံးတစ်ဝိုက်အသားအရေကလည်း သိပ်ကို အရေးပါပါတယ်။ အိပ်ရေးပျက်ရင်၊ လူမလန်းရင် မျက်လုံးအောက်က အသားအရေက ခြောက်သွေ့တာ၊ မျက်ကွင်းညိုတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒီအချက်တွေကို ကာကွယ်ပြီးသားပါဖို့ဆိုရင် ဗီတာမင် E တစ်စက်နဲ့ မျက်လုံးအောက်က အသားအရေကို တစ်ပတ်ကို တစ်ကြိမ် လိမ်းပေးရမှာပါ။

READ
သင်တို့အတွဲက နတ်ဖက်တဲ့စုံတွဲလို လိုက်ဖက်ညီလွန်းနေကြောင်း သိနိုင်မယ့်အချက်များ
shutterstock/Zigres

မျက်တောင်နဲ့ မျက်ခုံးအတွက် ကြက်ဆူဆီကို သုံးပါ

သဘာဝအတိုင်း မျက်တောင်လေး ရှည်ပြီး ကော့ညွှတ်နေတာမျိုးက တကယ့်ကို သင့်ကို လှနေစေပါတယ်။ ဒီအတွက် မျက်တောင်ကော့တံသန့်သန့်လေးကို ကြက်ဆူဆီ စွတ်ပြီး ညအိပ်ရာမဝင်ခင်မှာ မျက်တောင်နဲ့ မျက်ခုံးတွေကို လိမ်းပေးနိုင်ပါတယ်။

shutterstock/Dragon Images

နှုတ်ခမ်းသားတွေကို အုန်းဆီ လိမ်းပေးပါ

ခြောက်ပြီး ကြည့်မကောင်းတဲ့ နှုတ်ခမ်းသားတွေအတွက် အုန်းဆီက အကောင်းဆုံးပါပဲ။ အိပ်ရာမဝင်ခင်မှာ အုန်းဆီနဲ့ နှုတ်ခမ်းသားကို လိမ်းပေးမယ်ဆိုရင် မနက်ခင်းမှာ သင့်နှုတ်ခမ်းတွေက စိုပြေလှပနေပါလိမ့်မယ်။

ဆံသားကို အစိုဓာတ်ပေးပါ

ဆံသားတွေက ဖုန်မှုန့်တွေနဲ့ တခြားသော ပတ်ဝန်းကျင်ရဲ့ ဒဏ်တွေကြောင့် ပျက်စီးမှုတွေ များနေတတ်ပါတယ်။ ဒါကြောင့် ညအိပ်ရာ မဝင်ခင်မှာ ဆံသားကို အစိုဓာတ်ဖြည့်တဲ့ရေ ဖြန်းပေးသင့်ပါတယ်။ ပန်းသီးရှာလကာရည်နဲ့ ရေနဲ့ကို ပန်းသီးရှာလကာရည် တစ်စ၊ ရေ နှစ်ဆ ရောပြီး စပရေးဖြန်းဘူးထဲ ထည့်ပြီး ဆံသားကို ဖြန်းပြီး သုံးပေးရမှာပါ။

READ
ပုပု သေးသေး ကောင်မလေးမျိုးကို ကြိုက်တယ်ဆိုတဲ့ အမျိုးသား ဆယ်လီ(၅)ယောက်
shutterstock/Maryna Pleshkun

လက်နဲ့ ခြေထောက်တွေအတွက် ဒီလို လုပ်ပါ

လက်ကလေးတွေ နူးညံ့နေဖို့ ည အိပ်ရာမဝင်ခင်မှာ လက်ကို ဆေးကြော၊ scrub လုပ်ပြီး လက်ခြောက်သွားတဲ့အခါ Moisturizing Cream ကို ထူထူလိမ်းပြီး လက်အိပ်စွတ်ထားပေးရမှာပါ။

ခြေထောက်တွေ နူးညံ့လှပနေစေဖို့ဆိုရင် ည အိပ်ရာဝင်ခါနီးမှာပဲ ခြေထောက်ကို သေချာဆေးပါ၊ scrub လုပ်ပါ။ ခြေထောက်ကို ခြောက်သွေ့အောင် ထားပြီး သံလွင်ဆီ သို့ အုန်းဆီ လိမ်းပြီး ခြေအိတ်စွတ်ပြီး အိပ်ပေးရမှာပဲ ဖြစ်ပါတယ်။

Kham

sponsored