Glow တဲ့ အသားအရေလေး ပိုင်ဆိုင်ချင်တယ်ဆိုရင် သေချာပေါက်လုပ်ရမယ့် အရာများ

pexels/cottonbro
Sponsored

အသားအရေ ဖြူဖွေးနေရုံနဲ့ ပြီးပြည့်စုံတဲ့ အသားအရေလို့ မဆိုနိုင်ပါဘူး။ ကြည်ကြည်လင်လင်လေးနဲ့ စိုစိုပြေပြေဖြစ်နေမှ ဒီအသားအရေကို perfect ဖြစ်တယ်လို့ ဆိုနိုင်မှာပါ။ ဖြူတဲ့သူပဲ ဖြစ်ဖြစ်၊ ညိုတဲ့သူပဲဖြစ်ဖြစ် ဒီလိုအသားအရေမျိုးပိုင်ဆိုင်ထားရင်တော့ အားလုံးက အားကျတတ်ကြပါတယ်နော်။ ဒီလို အသားအရေလေး glow နေစေဖို့ ချန်ထားခဲ့လို့မရပဲ လုပ်ကိုလုပ်ဆောင်ရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရေများများသောက်ပါ

Pexels/Daria Shevtsova

အသားအရေ glow တယ်၊ စိုပြေကြေလင်လာတယ်ဆိုတာက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ရေဓာတ်ပမာဏ လုံလောက်စွာ ရရှိစေတဲ့ အတွက်ပါ။ ရေဓာတ်မလုံလောက်တဲ့ အသားအရေက သိသိသာသာပဲ ခြောက်သွေ့ပျက်စီးစေတတ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီတော့ အသားအရေလေး စိုပြေပြီး ကြည်ကြည်လေးဖြစ်ချင်ရင် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါက တကယ့်ကို အရေးကြီးတဲ့ အခြေခံအဆင့်ပဲ ဖြစ်ပါတယ်။

READ
ပုရိသတွေပထမဆုံးသတိထားမိတဲ့ မိန်းကလေးတို့အလှတရားများ

Moisturizer လိမ်းပါ

Pexels/Andrea Piacquadio
Sponsored

သူများတွေ အသားအရေလှတယ်ဆိုတာကို အားကျနေရုံနဲ့တော့ ကိုယ့်ရဲ့ အသားအရေလေး လှပလာမှာမဟုတ်ပါဘူး။ လိုအပ်တဲ့ ဂရုစိုက်မှုတွေတော့ လုပ်ပေးဖို့ လိုအပ်ပါတယ်။ အသားအရေမှာ လိုအပ်တဲ့ ရေဓာတ်ပမာဏ မရရှိတဲ့ အချိန်တွေမှာ moisturizer က လိုအပ်တဲ့ အစိုဓာတ်ကို ဖြည့်ဆည်းပေးပါတယ်။ ဒီလိုဆို အသားအရေ ခြောက်သွေ့မှု ပြသနာက မရှိနိုင်တော့ပါဘူး။ ဒါကြောင့် moisturizer သုံးပေးဖို့ကို မမေ့ပါနဲ့။

Sun cream သုံးပါ

pexels/Andrea Piacquadio

နေရောင်ခြည်မှာပါဝင်တဲ့ UV rays တွေက အသားအရေကို အလွယ်တကူ ခြောက်သွေ့ပြီး အမည်းစက်၊ တင်းတိပ်တွေကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့်ပဲ နေ့တိုင်း sun cream သုံးပေးဖို့ လိုအပ်တာပါ။ Sun cream သုံးတဲ့ အသားအရေနဲ့ မသုံးတဲ့ အသားအရေဟာ သိသိသာသာကို ကွာခြားပါတယ်နော်။ Sun cream စွဲစွဲမြဲမြဲသုံးတဲ့အခါ မျက်နှာလေးက အမည်းစက်တွေကင်းပြီး ဖြူကြည်လာပြီး glow လာစေမှာ ဖြစ်ပါတယ်။

READ
ဝက်ခြံအမာရွတ်တွေကို အမြန်ဆုံးပျောက်ကင်းစေမယ့် အိမ်တွင်းပစ္စည်း (၃) မျိုး

ကြေးချွတ်ပါ

pexels/Polina Tankilevitch

အသားအရေ လှပဖို့ဆိုရင် အသားအရေမှာ ကပ်နေတဲ့ အညစ်အကြေးတွေ၊ အဆီအဖုတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့ လိုအပ်ပါတယ်။ ဒါမှ မျက်နှာအသားအရေက ကြည်လင်လာပြီး ဖြူဝင်းလာစေမှာပါ။ ဒါကြောင့် တစ်ပတ် တစ်ကြိမ် သို့ နှစ်ကြိမ် ကြေးချွတ်ပေးပါ။ ကြေးချွတ်ပြီးရင်တော့ အသားအရေလေးကို ပြန်ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့။

Khin

sponsored