တစ်စုံတစ်ယောက်ကို လက်ခံပြီး မတွဲခင်မှာ သေချာပေါက် လေ့လာသင့်တဲ့ အချက်(၄)ချက်

shutterstock/Karramba Production
Sponsored

ချစ်သူရည်းစားထားတယ်ဆိုတာ လွယ်ပါတယ် အရွယ်ရောက်လာတဲ့ ဘယ်သူ့မှာမဆို ကိုယ့်ကိုယ်သဘောကျတဲ့ သူတစ်ယောက်လောက်တော့ ရှိတတ်တာပါပဲ။ ဒါပေမယ့် အချိန်တန် အရွယ်ရောက်လာလို့ ရည်းစားထားချင်စိတ်တွေ ဖြစ်လာတဲ့အခါမျိုးမှာ တွေ့ရာလူကို မကြိုက်လိုက်ဖို့တော့ လိုပါတယ်နော်။ ကိုယ်နဲ့ မတွဲခင်မှာ အဲဒီ့လူကို အရင်ဆုံး လေ့လာကြည့်သင့်ပါတယ်။

လူရွေးမမှားစေဖို့

shutterstock/ Monkey Business Images

လေ့လာတယ်ဆိုမှတော့ ကိုယ်ရွေးချယ်တဲ့သူဟာ မှန်ကန်တဲ့လူဖြစ်စေချင်တဲ့ အတွက်ကြောင့်ပါပဲ။ ကိုယ်ရွေးချယ်မယ့်သူဟာ ခဏတာ လက်တွဲခွင့်ရတဲ့သူဖြစ်ချင်ဖြစ်နိုင်သလို၊ တစ်သက်စာ လက်တွဲခွင့်ရတဲ့ သူလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် သူကိုယ့်အပေါ် ဘယ်လိုသဘောထားတယ်၊ ဘယ်လိုဆက်ဆံတယ် နောက်ပြီး သူက ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ တစ်ချို့လူတွေက အရမ်းကို ဟန်ဆောင်ကောင်းတတ်ကြပြီး သူတို့ရဲ့ မျက်နှာမှာ ဟန်ဆောင်မျက်နှာဖုံးတွေ ချိတ်ဆွဲထားတတ်တဲ့အတွက် လူတစ်ယောက်ရဲ့ အကြောင်းကို သေချာမသိပဲနဲ့ မရွေးချယ်သင့်ပါဘူး။

ကိုယ်တကယ် ချစ်၊ မချစ်ဆိုတာ သေချာအောင်လို့

Sponsored

ကိုယ်ရွေးချယ်လိုက်တဲ့သူဟာ ကိုယ်တကယ်ချစ်တဲ့သူ၊ ကိုယ့်ကိုယ်တကယ်ချစ်တဲ့သူ ဖြစ်ဖို့ လိုပါတယ်။ ဒါမှ ချစ်သူထားရတာလည်း တန်မှာပါနော်။ ကိုယ်တကယ် သူ့ကို စိတ်ဝင်စားတာဟုတ်မဟုတ်၊ သူကကော ကိုယ့်ကိုယ် တကယ်စိတ်ဝင်စားတာ ဟုတ်မဟုတ် စတာတွေကို သေချာစဉ်းစားဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်လေမှာ ခဏတာ စိတ်ကစားတာမျိုးတွေဖြစ်တတ်ပေမယ့် ဒါဟာ အချစ်မဟုတ်ပါဘူး။ စိတ်ကစားတိုင်း၊ ရင်ခုန်တိုင်း အချစ်လို့ မမည်ပါဘူးနော်။ ဒါကြောင့် အပြန်အလှန်တကယ်ချစ်မချစ်ဆိုတာကို သိမှ အချစ်တစ်ခု တည်မြဲနိုင်မှာပါ။

READ
ပျိုမေတို့ အသက်(၂၅)နှစ်မပြည့်ခင်မှာ မဖြစ်မနေ လုပ်ထားသင့်တဲ့အရာ(၇)မျိုး

သူ့ဆီက အကျင့်စရိုက်တွေ သိထားဖို့ လိုအပ်လို့

shuttestock/ conrado

လူတစ်ယောက်ကို ကိုယ်ဘက်က သဘောကျရုံနဲ့ ရွေးချယ်လိုက်ပြီဆိုပါတော့ အဲဒီ့လူမှာ ကိုယ်မသိနိုင်တဲ့ ကိုယ်မကြိုက်တဲ့ အချက်တွေ ရှိနေတယ်ဆိုရင် အဲဒီ့လူကို ဆက်လက်တွဲဖြစ်ဖို့ဆိုတာ သေချာနိုင်ပါ့မလား။ ဥပမာ- ကိုယ်က အသန့်ကြိုက်တဲ့သူတစ်ယောက်ပေမယ့် သူကတော့ ညစ်တီးညစ်ပတ်နေတတ်တယ်ဆိုရင်၊ ကိုယ်က ဆေးလိပ်နံ့ဆို လုံးဝမခံနိုင်ပေမယ့် သူက ဆေးလိပ် အရမ်းသောက်တတ်တဲ့သူဆိုရင်၊ ယောကျာ်းလေးဆိုတာ တည်တည်တံ့တံ့နေတာကိုမှ သဘောကျပေမယ့် သူကတော့ တွေ့ရာမိန်းကလေးတွေနဲ့ ဟီးဟီးဟားဟား နေတတ်တယ်ဆိုရင်။ ဒါတွေက အသေးအမွှားတွေလို့ ထင်ရပေမယ့် ကြာလာတဲ့အခါ တဖြည်းဖြည်း ပြသနာတွေကတစ်ဆင့် စိတ်ပျက်တာတွေအထိ ဖြစ်လာတတ်ပါတယ်နော်။ ဒါကြောင့် လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို မသိပဲနဲ့ လွယ်လွယ် မတွဲသင့်ပါဘူး။

ဆုံးဖြတ်ချက်တွေ နောင်တမရစေဖို့

ကိုယ်နဲ့သူက ချစ်သူတွေ ဖြစ်သွားပါပြီတဲ့ ချစ်သူတွေဖြစ်သွားတော့မှ သူ့ဆီမှာ ကိုယ်လုံးဝထင်မထားတဲ့ အရှုပ်ထုပ်ကြီးရှိနေခဲ့မယ်ဆိုရင်ရော၊ သူဟာ ကိုယ်ထင်ထားတဲ့ ပုံစံမျိုးမဟုတ်နေခဲ့ဘူးဆိုရင် တကယ့်ကို နောင်တရစရာဖြစ်လာမှာပါ။ ဒါကြောင့် ငါသူ့ကို ချစ်သူအဖြစ်နဲ့ ရွေးချယ်လိုက်မိတာ မှားလေခြင်းလို့ နောင်တမျိုးမရချင်ရင်တော့ မတွဲခင်မှာ အရင်ဆုံး လေ့လာပါ။

READ
ချစ်သူရဲ့ သစ္စာဖောက်ခြင်းကိုခံရပြီးနောက် ဘယ်လိုသင်ခန်းစာမျိုးတွေရခဲ့လဲ

Khin

sponsored