ဗိုက်ထဲက ကလေးလေးကို ထိခိုက်စေနိုင်လို့ ကိုယ်ဝန်ရှိချိန်မှာ မပြုလုပ်သင့်တဲ့ အချက်များ

Pixabay/StockSnap
Sponsored

မိဖတိုင်းကတော့ ကိုယ့်ရဲ့ ရင်သွေးလေးကို အကောင်းဆုံးမွေးဖွားနိုင်ဖို့ ဆန္ဒရှိတတ်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ မသိလိုက်မသိဘာသာ ပြုမူမိတဲ့ အချက်တွေကြောင့် ကို်ယ့်ရဲ့ ဗိုက်ထဲက ကလေးလေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီအချက်တွေက သင့်ကလေးလေးကို ထိခိုက်စေနိုင်လို့ မပြုလုပ်သင့်တဲ့ အချက်တွေဖြစ်ပါတယ်။

ရန်ဖြစ်စကားများတာ၊ အော်ဟစ်တာ

Pixabay/Free_Photos

ဗိုက်ထဲမှာ ကလေးရှိနေတဲ့အချိန်မှာ စိတ်အခန့်မသင့်လို့ လင်မယားချင်း ရန်ဖြစ်ပြီး အော်ဟစ်တာမျိုးတွေကို လုံးဝမလုပ်သင့်ပါဘူး။ ဒီလိုမျိုး ရန်ဖြစ်ခြင်းက မိခင်ကို စိတ်ညစ်ခြင်း စိတ်ဓာတ်ကျခြင်းတွေကို ဖြစ်ပေါ်စေပြီးတော့ ကလေးလေးကို သွားထိခိုက်ပါတယ်။ ကလေးရဲ့ ကျန်းမာရေးပြသနာနဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ပြသနာကို ဖြစ်ပေါ်စေပါတယ်။ မိခင်အနေနဲ့ အော်ဟစ်ငိုကြွေးတာမျိုးတွေ မလုပ်သင့်ပဲ ဒါဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ အိပ်မပျော်ခြင်း၊ ပျို့အန်ခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

READ
ကလေးဝေယျာဝစ္စနဲ့ပတ်သတ်ပြီး မိဘတိုင်းအဆင်ပြေစေမဲ့ နည်းလမ်းကောင်းလေးများ

သကြား၊ အချိုတွေ အများကြီး စားတာ

Sponsored

ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ မိခင်က သကြားဓတ်ပါတဲ့ အချိုတွေ၊ သကြားတွေ အများကြီးစားခြင်းက ကလေးရဲ့ မှတ်ဥာဏ်စွမ်းရည်နဲ့ သင်ယူမှုကို အဟန့််အတားဖြစ်စေပါတယ်။ သကြားများတာတွေ တတ်နိုင်သလောက် ရှောင်သင့်ပြီး ချိုတဲ့ အသီးအနှံတွေပဲ စားပေးသင့်ပါတယ်။

အလွန်အကျွံစားခြင်း

Pixabay/StockSnap

ကိုယ်ဝန်ဆောာင်နေစဉ်အတွင်းမှာ အလွန်အကျွံစားသောက်ခြင်းက မကောင်းပါဘူး။ အလွန်အကျွံစားသောက်မိတဲ့ အကျိုးဆက်က မွေးဖွားတဲ့နေရာမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ကိုယ်ဝန်ဆောင်နဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးခြင်းက ချောချောမွေ့မွေ့နဲ့ ကလေးကို မွေးဖွားစေနိုင်မှာပါ။

ကဖိန်းဓာတ်မြင့်မားခြင်း

ကိုယ်ဝန်ဆောင်တော်တော်များများက ကော်ဖီတွေ အလွန်အကျွံသောက်သုံးတတ်ကြပါတယ်။ ဒီလိုကော်ဖီတွေ၊ ကဖိန်းဓာတ်ပါတဲ့ဟာတွေကို သောက်သုံးခြင်းက ကဖိန်းဓာတ်မြင့်မားစေပြီးတော့ မွေးဖွားတဲ့နေရာမှာ အခက်အခဲဖြစ်စေပါတယ်။ ကဖိန်းဓာတ်က မိခင်ကနေတစ်ဆင့် ကလေးဆီရောက်ရှိသွားတဲ့အတွက်ကြောင့် ကလေးအတွက် ဆိုးကျိုးဖြစ်စေပါတယ်။

READ
ကလေးတွေရှေ့မှာ အပြောအဆို၊ အပြုအမူ ဆင်ခြင်သင့်ကြောင်း ဖော်ပြနေတဲ့ အချက်များ

Khin

sponsored