ချုပ်ချယ်လွန်းတဲ့မိသားစုမှာ ကြီးပြင်းလာရသူတွေမှန်း သိသာစေမယ့် လက္ခဏာ(၅)မျိုး

Sponsored

တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်းပဲ တစ်ခါတရံမှာ မိဘတွေက သားသမီးတွေကို စိတ်ပူလို့၊ ကောင်းစေချင်လို့၊ လမ်းမှားမရောက်စေချင်လို့ ဆိုတဲ့အကြောင်းပြချက်တွေနဲ့ လိုတာထက်ပိုပြီး ချုပ်ချယ်ထားတတ်ကြပါတယ်။ လူဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို သူ့အရွယ်နဲ့သူ ထိုက်သင့်သလောက်ပေးရတာဖြစ်လို့ ချုပ်ချယတိုင်းလည်း အဆင်မပြေပါဘူး။ ချုပ်ချယ်တတ်လွန်းတဲ့ မိသားစုကနေ ကြီးပြင်းလာတဲ့သူတွေမှာ ဒီလိုလက္ခာတွေကို တွေ့ရပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဘူး

Sponsored

ချုပ်ချယ်ခံရတဲ့ သူတွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းပါးကြပါတယ်။ လူရှေ့သူရှေ့ရောက်တဲ့အခါ မပြောရဲမဆိုရဲ၊ မနေတတ်မထိုင်တတ်နဲ့ ကိုယ့်ကိုယ်ကို အားငယ်သလို၊ မျက်နှာငယ်သလို၊ ခံစားကြရပါတယ်။ အဖော်မပါပဲ တစ်ယောက်တည်းလည်း ဘယ်မှမသွားရဲ မလာရဲတဲ့သူတွေ ဖြစ်သွားကြပါတယ်။

(၂) ပေါင်းသင်းဆက်ဆံရေးမကောင်းဘူး

ချုပ်ချယ်ခံရတဲ့ သူတွေဟာ ပုံစံခွက်ထဲမှာပဲ ကြီးပြင်းလာရတဲ့အလျောက် ပေါင်းသင်းဆက်ဆံရေးမကောင်းကြပါဘူး။ မိတ်ဆွေသစ်တွေနဲ့ ဘယ်လို ခင်မင်စွာနေရမလဲ၊ တည့်အောင်ဘယ်လိုပေါင်းရမလဲဆိုတာ မသိကြပါဘူး။ မိသားစုရဲ့ ဟိုလူနဲ့မပေါင်းရ၊ ဒီလူနဲ့မပေါင်းရဆိုတဲ့ အမိန့်တွေအောက်မှာ ကြီးပြင်းလာသူဖြစ်တာကြောင့် သူငယ်ချင်းလည်း များများစားစားမရှိပါဘူး။

READ
အမေ့ကို မပြောဖြစ်သေးတဲ့ စကားလေးတွေကို အချိန်မဆွဲပဲ ပြောလိုက်သင့်တဲ့ အချက်များ

(၃) ပျက်စီးတတ်တယ်

ချုပ်ချယ်ခံရတဲ့သူတွေဟာ တစ်ချိန်မှာ ပုန်ကန်မယ်ဆိုတဲ့ စိတ်ရှိကြပါတယ်။ လွတ်လပ်ခွင့်ရသွားတဲ့အခါမှာ တစ်ချိန်က ချုပ်ချယ်ခံရသမျှနဲ့ အတိုးချပြီး လွတ်ထွက်သွားတတ်တာကြောင့် ပျက်စီးဖို့အရမ်းလွယ်ပါတယ်။ သူတို့ဟာ အထိန်းချုပ်အမြဲတမ်းခံခဲ့ရတာဖြစ်လို့ သူတို့ကိုသူတို့မထိန်းချုပ် တတ်တော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။

(၄) အားငယ်တယ်

ဒီလိုလူတွေဟာ အားငယ်တတ်တဲ့သူတွေပါ။ သူတစ်ပါးရောက်ဖူးတဲ့နေရာတွေလည်း မရောက်ဖူး၊ သူတစ်ပါးပြောနေတဲ့အကြောင်းအရာတွေ၊ ပြင်ပလောကက အရာတွေလည်း တစ်ခုမှနားမလည်နဲ့ သူများပြောသမျှကိုပဲ ပါးစပ်လေးအဟောင်းသားနဲ့ နားထောင်ရင်း ကြီးပြင်းလာကြသူတွေပါ။ သူတစ်ပါးထက်လည်း ဗဟုသုတအတွေ့အကြုံနည်းပါးတာကြောင့် အများနဲ့မဆိုင်တဲ့သူတစ်ယောက်လို ခံစားရပြီး အားငယ်တတ်ကြပါတယ်။

(၅) ကိုယ်ပိုင်ဆုံးဖြတ်ချက်မချတတ်တော့ဘူး

ချုပ်ချယ်ခံရတဲ့သူတတွေရဲ့ အနစ်နာဆုံးအချက်ကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင်တော့တာပါပဲ။ တစ်ခါတလေ သူတို့ဘဝမှာ ဘာဖြစ်ချင်လဲ၊ ဘာဝါသနာပါလဲ၊ ဘယ်အရာတွေကသူ့ကိုပျော်ရွှင်စေလဲဆိုတာကိုတောင် မသိနိုင်တော့လောက်အောင်ပါပဲ။ သူတို့ရဲ့ဘဝဟာ အဓိပ္ပါယ်မရှိသလို၊ ဘာအတွက်နဲ့ ချုပ်ခြယ်ခံရတာလဲဆိုတာတောင် ကောင်းကောင်းမသိပါဘူး။ နောက်ပြီး ဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင် မဆုံးဖြတ်တတ်တော့ပါဘူး။

READ
မိဘတွေ ဆုံးမနေတဲ့ကြားက ရိုင်းစိုင်းတဲ့ကလေးတစ်ယောက် ဖြစ်သွားစေနိုင်တဲ့ အချက် (၅)ချက်

Em Em

sponsored