အိမ်ထောင်ရေးသာယာတဲ့ အမျိုးသမီးအများစုဟာ အခြားအမျိုးသမီးတွေထက် ဝ,လေ့ရှိပါတယ်တဲ့

Sponsored

အိမ်ထောင်ရေး သာယာမှုဟာ အမျိုးသမီးတွေအတွက်တော့ ဆုလာဘ်တစ်ခုပါ။ အမျိုးသမီးတိုင်း ပိုင်ဆိုင်ခွင့်မရှိဘဲ ကံကောင်းတဲ့ အမျိုးသမီးတွေသာ ဒီဆုလာဘ်ကို ပိုင်ဆိုင်ခွင့်ပါတယ်။ အချိန်တိုင်း ချစ်ပေးမယ့်၊ ဂရုစိုက်ပေးမယ့် လူတစ်ယောက် ကိုယ့်အနားမှာ တစ်သက်လုံးအတွက် ရှိနေလို့ စိတ်ချမ်းသာဖို့လည်း အင်မတန် ကောင်းမှာပါ။

ShutterStock

အိမ်ထောင်ရေး သာယာတဲ့ အမျိုးသမီးတွေဟာ ပုံမှန်အမျိုးသမီးတွေထက် အဆီတက်တာ ပိုမြန်ပြီးဝ,လေ့ရှိတယ်လို့ သြစတြေးလျနိုင်ငံ ကွင်းစ်လန်းတက္ကသိုလ်က သုတေသီတွေက ဆိုပါတယ်။ သုတေသီတွေဟာ ကမ္ဘာတစ်ဝန်းက အမျိုးသမီးပေါင်း (၁၅,၀၀၀) ကျော်ဆီက အချက်အလက်တွေကို လေ့လာခဲ့ပြီး သေချာတော့မှ သူတို့ရဲ့ ရှာဖွေ့တွေ့ရှိချက်ကို ထုတ်ဖော်ကြေညာလိုက်တာပါ။ အိမ်ထောင်သည် အမျိုးသမီးတွေဟာ အိမ်ထောင်မကျသေးတဲ့ အပျိုတွေနဲ့ အိမ်ထောင်ရေး သာယာမှုမရှိတွေထက် တစ်နှစ်ကို (၅.၈)ကီလိုဂရမ်လောက် ပိုပြီး အဆီတက်လေ့ရှိကြောင်း စစ်တမ်းတွေအရ သိရှိရပါတယ်။

READ
လူတွေ မသိတဲ့ အငယ်ဆုံးလေးတွေရဲ့ ရင်တွင်း ခံစားချက်များ
ShutterStock
Sponsored

သုတေသီတစ်ဦးကတော့ “အိမ်ထောင်ရှင်မတွေဟာ ကိုယ့်စိတ်ကြိုက် ကိုယ့်ဘာသာကို ချက်ပြုတ်စားသောက်ကြလို့ အပျိုတွေထက် အစားပိုစားလေ့ရှိပါတယ်။ ဒါ့အပြင် ကိုယ်ချစ်တဲ့လူကိုဆွဲဆောင်ဖို့ ကိုယ်လုံးလေးလှပြီး သွယ်လျနေဖို့လည်း မလိုတော့ပါဘူး။ ပိန်ဖို့ သိပ်စိတ်မ၀င်စားတော့လို့ ကယ်လိုရီများတဲ့ အစားအသောက်တွေ ရှောင်လေ့မရှိပါဘူး” လို့ အဆီပိုတွေ တက်ရတဲ့ အကြောင်းအရင်းကို ပြောပြခဲ့ပါတယ်။ အဆိုးဆုံးကတော့ ကလေးတွေရလာတဲ့ အချိန်ဖြစ်ပြီး အိမ်ထောင်ရှင်မတွေဟာ နှမျောတဲ့စိတ်ကြောင့် ကလေးတွေ စားလို့ မကုန်တဲ့ အစားအသောက်တွေကို စားလေ့ရှိလို့ အဆီ ပိုတက်ရတာဖြစ်ကြောင်းလည်း ဖွင့်ဟခဲ့ပါ တယ်။

Source: Ladbible

sponsored