‌အစားအစာတွေထဲမှာ သစ်ကြံပိုးခေါက် ထည့်စားပေးခြင်းရဲ့ အံ့မခန်း အကျိုးကျေးဇူးများ

shutterstock/ NewFabrika
Sponsored

ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုလေ့ရှိတဲ့ သစ်ကြံပိုးခေါက်ကို အလှအပအတွက်လည်း အသုံးပြုကြသလို အစားအစာတွေထဲမှာ ထည့်စားပေးခြင်းက များစွာသော အကျိုးကျေးဇူးတွေ ရလာနိုင်ပါတယ်။ သစ်ကြံပိုးခေါက်ကို ကိုယ့်ရဲ့ အစားအသောက်တွေထဲ ပါဝင်အောင် စားပေးခြင်းက ဒီလိုကောင်းကျိုးတွေ ရှိနေပါတတယ်။

ဝက်ခြံကင်းတဲ့ အသားအရေ

shutterstock/ShotPrime Studio

သစ်ကြံပိုးခေါက်ဟာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အစွမ်းရှိတဲ့အတွက် ဝက်ခြံမကြာခဏ ဖြစ်လေ့ရှိတဲ့ သူတွေအတွက် အကောင်းဆုံးပါပဲ။ သစ်ကြံပိုးခေါက်ကို စားပေးခြင်းက ဘက်တီးရီးယားနဲ့ မှိုတွေကို သေစေနိုင်ပါတယ်။ နောက်ပြီး သူ့မှာပါဝင်တဲ့ antioxidant က အသားအ‌ရေပျက်စီးခြင်းနဲ့ နေလောင်ခြင်းတွေကို ကောင်းမွန်စေပါတယ်။ ချွေးပေါက်ပိတ်ဆို့မှု၊ ဝက်ခြံနဲ့ အသားအရေ ထိခိုက်မှုတွေကို ကာကွယ်ပေးလို့ အသားအရေလှပဖို့ စားပေးသင့်ပါတယ်နော်။

အိုမင်းရင့်ရော်မှုကို တားဆီးပေးတယ်

shutterstock/ goodluz
Sponsored

အိုမင်းရင့်ရော်ခြင်းရဲ့ သင်္ကေတတွေဖြစ်တဲ့ အရေးအကြောင်းတွေ၊ တင်းတိပ်မှဲ့ခြောက်တွေနဲ့ အသားအရောင်မွဲပြာလာတာတွေက သစ်ကြံပိုးခေါက်မှာ ပါဝင်တဲ့ antioxidant က ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး သူက collagen ကို ထုတ်ပေးတဲ့အတွက် အရွယ်တင် နုပျိုစေပါတယ်နော်။

READ
စာလေ့လာကျက်မှတ်တဲ့အခါ အမြန်ဆုံး မှတ်မိသွားစေမယ့် စာလေ့လာနည်းဆိုတာ ဒီမှာပါ

နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်ပေါ်မှု နည်းစေတယ်

သုတေသနပြုချက်တွေအရ သစ်ကြံပိုးခေါက်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာဖြစ်ပြီး သူ့ကို စားပေးခြင်းက နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေအတွက် ကောင်းမွန်စေပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါမျိုးမျိုးကို တိုက်ထုတ်ပေးနိုင်တဲ့အတွက် တကယ့်ကို အကျိုးရှိတဲ့ အစားအစာပဲ ဖြစ်ပါတယ်။

ဝိတ်ကို ကျစေတယ်

sutterstock/ Alfa Photostudio

သစ်ကြံပိုးခေါက်မှာ အမျှင်ဓာတ်များစွာပါဝင်နေပြီး သူက ဗိုက်အလျင်အမြန် ပြည့်စေတဲ့အတွက် အစားအလွန်အကျွံစားတတ်တာကို တားဆီးပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်ခြင်းကို တိုးမြှင့်ပေးသလို စွမ်းအင်တွေကို တိုးပွါးစေပြီး ဝိတ်ကိုလည်း ကျစေပါတယ်။

ထိခိုက်မှုတွေကို သက်သာစေတယ်

shutterstock/ TANAPAT LEK.JIW

ခန္ဓာကိုယ်မှာ ဗိုင်းရက်စ်တွေနဲ့ တီသျှူးပျက်စီးမှုကြောင့်ဖြစ်ပေါ်တဲ့ ထိခိုက်နာကျင်ခြင်းတွေကို သစ်ကြံပိုးခေါက်က သက်သာစေပါတယ်။ သစ်ကြံပိုးခေါက်မှာ ထိခိုက်မှုတွေနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ အစွမ်းသတ္တိပါရှိပါတယ်နော်။

READ
တနင်္ဂနွေသားသမီးလေးတွေရဲ့ ပင်ကိုယ်စိတ်နေစိတ်ထားနဲ့ မွေးရာပါအားသာချက် (၁၀) ခု

Khin

sponsored