သက်သက်လွတ်စားခြင်းကရရှိလာမယ့်ကောင်းကျိုး (၆) ချက်

Freepik-freepic.diller
Sponsored

ဝိတ်ချတဲ့အခါအကောင်းဆုံးနည်းလမ်းကတော့ အသီးအရွက်စားပြီးချတဲ့နည်းကအကောင်းဆုံးနည်းလမ်းပါပဲ။ အစားအသောက်ကိုပုံမှန်သာစားပြီး စားနေကျဖြစ်တဲ့အသားတွေနေရာမှာ အသီးအနှံတွေအစားထိုးလိုက်တဲ့အခါ ခန္တာကိုယ်အတွက်လိုအပ်တဲ့ဓာတ်တွေကိုလဲမဆုံးရှုံးစေတဲ့အပြင်ကျန်းမာရေးအတွက်လည်းကောင်းကျိုးတွေ အများကြီးရှိပါတယ်။ အသီးအနှံတွေကိုချက်ပြုတ်တဲ့အခါအသားထက်ပိုမိုလွယ်ကူတာကြောင့် အချိန်ကုန်လဲသက်သာစေမှာပါ။ ဒါတွေအပြင်နောက်ထပ်ဘာကောင်းကျိုးတွေရှိအုံးမလဲဆိုတာသိချင်ရင် အောက်မှာဆက်ကြည့်လိုက်နော်…….

Freepik-freepik

(၁) အသက်ရှည်ရှည်နေရမယ်

Sponsored

အသက်ရှည်တဲ့လူတော်တော်များများကိုစစ်တမ်းကောက်ကြည့်တဲ့အခါ သူတို့သက်တမ်းတစ်လျှောက်မှာ အသီးအနှံကိုသာ အစားများတာကိုတွေ့ရပါတယ်။ အသီးအနှံတွေဟာ ဓာတုပစ္စည်းကင်းတဲ့အပြင် အသားတွေမှာလို ရောဂါတွေပါဝင်မှုမရှိတာကြောင့် ကျန်းမာပြီးအသက်ရှည်ရှည်နေရဖို့အတွက် ဆေးတစ်မျိုးပါပဲ။

(၂) ကိုလက်စတောကိုလျှော့ကျစေမယ်

အသားမှာပါတဲ့အဆီတွေဟာ လူတွေရဲ့ကျန်းမာရေးကိုခြိမ်းခြောက်နေတဲ့အရာတွေထဲက တစ်ခုပါပဲ။ ကိုလက်စတောဟာ လူ့ခန္တာကိုယ်အတွက်မရှိမဖြစ်တဲ့အရာတွေထဲမှာပါပါတယ် ဒါပေမယ့်သက်သက်လွတ်စားမယ့်သူတွေအတွက် စိတ်ပူစရာမလိုတာကခန္တာကိုယ်ဟာ ကိုလက်စတော့ကို အသားမစားပေမယ့်လဲ အသီးအနှံကနေပြီး လုံလုံလောက်လောက်ထုတ်ယူနိုင်ပါတယ်။ အသားကရတဲ့ ကိုလက်စတော ကတော့မလိုအပ်တဲ့အဆီပိုတွေကိုသာ ဖြစ်စေတာမို့လျှောင်ကျဉ်နိုင်ရင်အကောင်းဆုံးပါ။

Freepik-freepik

(၃) လေဖြတ်ခြင်းနဲ့အဝလွန်ခြင်းကိုကာကွယ်ပေးတယ်

အသီးအရွက်စားတဲ့သူတွေဟာ အသားစားတဲ့သူတွေထက်ပိုပြီး ရောင့်ရဲတင်းတိမ်နိုင်ကြတာကြောင့် အဝလွန်ခြင်းဖြစ်ဖို့ ရာခိုင်နှုန်းအင်မတန်နည်းပါတယ်။ အသီးအနှံစားတာဟာ လေဖြတ်ခြင်းနဲ့အဝလွန်ခြင်းကိုကာကွယ်နိုင်တာကိုတော့ ကျွမ်းကျင်တဲ့ကျန်းမာရေးပညာရှင်တွေကိုယ်တိုင်တာလေ့လာတွေ့ရှိထားတာပဲ ဖြစ်ပါတယ်။

(၄) အသားအရည်ကိုလှပစေတယ်

READ
ကိုယ်ခံအားကို မြန်မြန်ဆန်ဆန် မြှင့်တင်ပေးနိုင်မယ့်အစားအစာများ

အသီးအနှံဟာအသားအရည်ကိုစိုပြေကျန်းမာစေတာကိုတော့ လူတိုင်းနည်းပါးသိကြမှာပါ။ ဟုတ်ပါတယ် အသီးအနှံတွေဟာ ရေဓာတ်ပြည့်ဝတဲ့အပြင် ဗီတာမင်တွေလဲအမြောက်အမြားပါဝင်တာကြောင့် အသားအရည်လှပဖို့အတွက် ဆေးတစ်မျိုးပါပဲ။

Freepik-freepik

(၅) စိတ်ဖိစီးမှုကိုလျော့ကျစေတယ်

လေ့လာတွေ့ရှိချက်တွေအရသက်သက်လွတ်စားသူတွေဟာ အသားစားသူတွေထက်ပိုပြီးပျော်ရွှင်ရပါတယ်တဲ့။ အသီးအနှံတွေက စိတ်ကိုကြည်လင်စေတဲ့အပြင် ကောင်းမွန်တဲ့အတွေးတွေကိုလဲဖြစ်ပေါ်စေတာကြောင့် စိတ်ဖိစီးမှုကိုလျှော့ကျစေမှာပါ။

(၆) ငွေကြေးကုန်ကျသက်သာစေတယ်

အသီးအနှံတွေကအများအားဖြင့်တော့ အသားငါးထက်ဈေးသက်သာပါတယ်။ အဲ့ဒါကြောင့်ပိုငွေးကြေးကုန်ကျ သက်သာချင်တဲ့သူတွေအတွက်တော့ ကျန်းမာရေးအတွက်သာမက  ခြွေတာပြီးသားလဲဖြစ်တာကြောင့် အသားစားမလား အသီးအရွက်စားမလားဆိုတာတော့သင့်ရဲ့ရွေးချယ်မှုပါပဲ။

Wink Wink

sponsored