မေမေတွေစီးပွားရှာတာဟာ သားသမီးတွေအတွက် ဒီလိုကောင်းကျိုးတွေဖြစ်စေပါတယ်

Shutterstock-ESB Professional
Sponsored

ယနေ့ခေတ် မိသားစုအခြေအနေဟာ ဟိုးတုန်းကလိုမျိုး အိမ်ထောင်ဦးစီးတစ်ယောက်တည်းက စီးပွားရှာရုံနဲ့ အသုံးစရိတ်တွေ လောက်ငှတဲ့ခေတ်မဟုတ်တော့ပါဘူး။ ဒါကြောင့်လည်း အိမ်ထောင်ရှင်အမျိုးသမီးတွေကပါ အိမ်ထောင်ဦးစီးတွေနဲ့ တန်းတူ ရင်ဘောင်တန်းကာ သူတို့တတ်နိုင်သလောက် လုပ်ငန်းလေးတွေလုပ်၊ လုပ်ငန်းခွင်ထဲဝင်ပြီး စီးပွားရှာနေကြရပါပြီ။

ဒါပေမဲ့ မိခင်တွေဖြစ်လင့်ကစား စီးပွားရှာနေရပေမယ့် သားသမီးကိစ္စတွေကို စိတ်မဖြောင့်တတ်ကြဘူးလေ။ တကယ်တော့ စီးပွားရှာတဲ့မိခင်တွေရှိခြင်းဟာ သားသမီးတွေရဲ့ ဘဝအတွက် မထင်မှတ်ထားတဲ့ ကောင်းကျိုးတွေ ရလာစေနိုင်ပါတယ်ဆိုပြီး Bright Side မှာ ဖတ်လိုက်ရပါတယ်။ ဘယ်လိုကောင်းကျိုးတွေလည်းဆိုတော့..

Shutterstock-Prostock-studio
Sponsored

(၁) ကလေးတွေ ကိုယ့်အားကိုယ်ကိုးတတ်လာမယ်

မိခင်ကစီးပွားရှာနေရတဲ့အတွက် အလုံးစုံသော ကိစ္စတွေကို အမြဲတမ်း ထောင့်စေ့အောင် လိုက်မလုပ်ပေးနိုင်တာဟာ အမှန်တရားတစ်ခုပါ။ ဒါပေမဲ့လည်း ဒီလိုကြောင့်ပဲ ကလေးတွေရဲ့စိတ်ထဲမှာ အရွယ်မတိုင်ခင်ကတည်းက ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်လေး ဖြစ်ပေါ်လာတတ်ကြပါတယ်။ အိမ်စာလုပ်တာ၊ အစာစားတာ၊ အဝတ်အစားဝတ်တာ စတဲ့ ကိစ္စသေးသေးလေးတွေကနေတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်ထားလေးကြောင့် ရှေ့လျှောက်ဘဝမှာ ကောင်းကောင်းကြီး အထောက်အကူဖြစ်စေမှာပါ။

READ
နာကျင်မှုတွေကြောင့် စိတ်ဓာတ် ပိုမိုခိုင်မာလာတဲ့ မိန်းကလေးတွေဆိုတာ ဒီလိုမျိုးပါ .....

(၂) လူမှုဆက်ဆံရေး ပိုကောင်းလာကြမယ်

လုပ်ငန်းခွင်ထဲကြင်လည်နေတဲ့သူတွေဟာ လူတော်တော်များများနဲ့ ပေါင်းသင်းဆက်ဆံမှုပြုရမှာ သဘာဝပါပဲ။ ဒီအတွက် ကလေးတွေဟာလည်း သူတို့မေမေတွေကိုကြည့်ပြီးတော့ လူတွေကို ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်ဆိုတာ မသိစိတ်ကနေ လိုက်သင်ယူပြီး အတုခိုးတတ်ကြပါတယ်တဲ့လေ။ ကလေးတွေရဲ့ ပထမဆုံးစံပြပုဂ္ဂိုလ်ဟာ မေမေတွေပဲမဟုတ်လား။ ဒီအတွက်ကြောင့် ကလေးတွေဟာ ရွယ်တူထဲမှာပဲဖြစ်ဖြစ်၊ သူတို့ထက်အသက်ကြီးတဲ့ ကလေးတွေနဲ့ပဲယှဉ်ယှဉ် ပေါင်းသင်းဆက်ဆံရေးမှာတော့ အလိမ္မာသုံးသွားတတ်ကြပါလိမ့်မယ်။

Shutterstock-G-Stock Studio

(၃) ယုံကြည်မှုရှိစေတယ်

အောင်မြင်တဲ့ဘဝတစ်ခု တည်ဆောက်ဖို့အတွက် အလိုအပ်ဆုံးအရာတွေထဲ မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုကလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ လေ့လာဆန်းစစ်မှုတွေအရ သာမန်အိမ်ရှင်မမိခင်တွေရဲ့ကလေးတွေထက် စီးပွားရှာတဲ့မိခင်တို့ရဲ့ကလေးတွေဟာ ငယ်စဉ်ကတည်းက self-confidence ပိုရှိကြပါတယ်တဲ့။ ဒီအတွက် စိတ်ဓာတ်လည်း ပိုကြံ့ခိုင်တတ်ကြပါတယ်။

(၄) ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လာမယ်

မိခင်တစ်ယောက် အလုပ်လုပ်ရပြီဆိုကတည်းက မိသားစုရေး၊ အိမ်ထောင့်အရေး၊ လုပ်ငန်းခွင် စတဲ့အရာသုံးခုကို မျှတအောင်လုပ်ဆောင်နိုင်စွမ်းရှိနေပြီဆိုတာ သိသာနေပါတယ်။ ဒီလို တာဝန်တွေအများကြီးကို စီမံခန့်ခွဲနိုင်တယ်ဆိုတာ တော်ရုံ တော်ပုံနဲ့တော့မရပါဘူး။ ဒီလိုစီမံခန့်ခွဲမှုတွေကို မိခင်နဲ့အနီးကပ်နေရတဲ့ ကလေးတွေအနေနဲ့ သိမြင်နေကြမှာပါ။ ကလေးတွေဟာ အရင်ကတည်းက မိခင်ကို အတုယူတတ်ကြတာမလို့ မသိစိတ်ထဲကနေ ဘဝကိုအကောင်းဆုံးနေထိုင်ဖို့ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကို သိသွားကြပါလိမ့်မယ်ဆိုပြီး Harvard Business School က ပါမေက္ခ Kathleen L. Mcginn က ပြောခဲ့ပါတယ်။

READ
July လဖွားလေးတွေကိုမှ ချစ်မိနေရင် ဒီအချက်လေးတွေကိုတော့ နားလည်ပေးပါ...
Shutterstock-Photographee.eu

(၅) အလုပ်အကိုင်ကောင်းကောင်းတွေ ပိုရနိုင်ခြေရှိတယ်

ပါမေက္ခကပဲဆက်ပြီး career oriented အကြောင်းကိုလည်း ပြောထားပါသေးတယ်။ ဥပမာ မိခင်က အလုပ်အရမ်းကြိုးစားတယ်၊ ရာထူးတစ်ခုရှိပြီး ဝင်ငွေလည်းကောင်းတယ်၊ စီးပွားရှာတော်တဲ့ ထက်မြက်တဲ့ မိခင်တစ်ယောက်ရဲ့ ကလေးတွေဟာ တခြားသော ကလေးတွထက်ပိုပြီး အသက်မွေးဝမ်းကျောင်းဖြစ်လာမယ့် လုပ်ငန်းခွင်မှာ မိခင်အတိုင်း ထက်မြက်အောင်မြင်တတ်ကြပါတယ်တဲ့။

ကဲဒီတော့ မေမေတွေအနေနဲ့ စီးပွားရှာနေလို့ ကိုယ့်ကလေးအတွက် ဆိုးကျိုးတွေဖြစ်လာနိုင်မလားဆိုပြီး တွေးပူမနေတော့ဘဲ စိတ်ချလက်ချသာ အလုပ်လုပ်ကြပါလို့..

Penny

 

sponsored