သူငယ်ချင်းတွေနဲ့ အတူ စိတ်လွတ်လက်လွတ် ပေါတဲ့အခါ ရလာမယ့် အကျိုးကျေးဇူးများ

Photo by Alex Gállego from Pexels
Sponsored

သူငယ်ချင်းတွေဆိုတာ ဘဝရဲ့ အကောင်းဆုံး အဖော်မွန်လေးတွေပါ။ သူငယ်ချင်းတွေနဲ့အတူ အချိန်တွေ ဖြတ်သန်းရတာကလည်း တကယ့်ကို အမှတ်ရစရာတွေချည်းပါပဲ။ သူငယ်ချင်းတွေနဲ့အတူတူ ပေါတောတောလေးတွေ လုပ်ဖူးကြတဲ့သူတွေဆိုရင်တော့ ဒီလို ကောင်းကျိုးလေးတွေ ရလာမှာပဲ ဖြစ်ပါတယ်။

(၁) ရယ်ရတယ်

Sponsored

တစ်ဖွဲ့လုံး တူတူ တခြားသူတွေကို လိုက် စ နောက်တာ၊ KTV မှာ သီချင်းမဆိုပဲ သီချင်းဖွင့်ပြီး ကနေတာ၊ ရုပ်ပြောင်လုပ်ပြီး ဓာတ်ပုံရိုက်တာ စတာမျိုးတွေ အလွယ်တကူ လုပ်လို့ ရတာ မဟုတ်ပါဘူး။ သူငယ်ချင်းတွေ အတူစုပြီး ပျော်နေရတဲ့အချိန်မှပဲ လုပ်လို့ရတာပါ။ ဒါ့အပြင် ရယ်ရတဲ့အချိန်မို့ အဖိုးတန်ပါတယ်။

Photo by Artem Beliaikin from Pexels

(၂) တစ်ဘဝလုံး အမှတ်တရ

သူငယ်ချင်းအဖွဲ့တွေမှာ တခါပေါပြီး ပြောမဆုံးနိုင်ကြပါဘူး။ ပေါတောတော လုပ်ခဲ့ကြတဲ့ အချိန်အခိုက်အတန့်က အမြဲ ပြန်ပြောပြီး ပျော်ဖို့ ကောင်းနေတဲ့ အချိန်မို့ တစ်ကြိမ်လောက် တူတူပေါခဲ့ကြရင်တောင် တစ်ဘဝလုံး အမှတ်တရ ဖြစ်နေမှာပါပဲ။

READ
သင်ဟာ စိတ်ကျရောဂါဖြစ်မှန်းမသိ ဖြစ်နေပြီလားဆိုတာ သိနိုင်မယ့်အချက် (၇) ချက်
Photo by Matheus Bertelli from Pexels

(၃) စိတ်ဖိစီးမှု လျော့ကျစေတယ်

အသက်တွေကြီးလာတာနဲ့အမျှ စိတ်လွတ်ကိုယ်လွတ် ပေါတောတော နေဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ သူငယ်ချင်းတွေ အတူ ရှိချိန်မှာ ဟန်ဆောင်ရတာတွေ ခဏမေ့ပြီး ပေါတောတောတွေ လုပ်ရင်း ပျော်ရွှင်လိုက်တာက သင့်ရဲ့ စိတ်ဖိစီးမှုတွေကို မြန်မြန်ဆန်ဆန်ပဲ လျော့ကျစေနိုင်ပါတယ်။

Photo by Anna Shvets from Pexels

(၄) လွတ်လပ်မှု

ပတ်ဝန်းကျင်ပေါ် မူတည်ပြီး လိုက်လျောညီထွေအောင် ပြောဆို ပြုမူကြရပါတယ်။ ဒီအတွက် ဟန်ဆောင်ရတာတွေလည်း ရှိလာပါတယ်။ သူငယ်ချင်းတွေ ဆုံချိန်ကတော့ အမြဲ ပျော်ရွှင်ရပြီး စိတ်လွတ်လပ်မှုကို ခံစားနေကြရမှာပါ။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ တစ်ကြိမ်တော့ ပေါကြည့်သင့်ပါတယ်နော်။

Photo by Andrea Piacquadio from Pexels

(၅) ကံကောင်းမှု

သူငယ်ချင်းရှိတာကိုမှ တူတူ စိတ်တူကိုယ်တူ ပေါလို့ရတယ်ဆိုတာ တကယ့်ကို မဟာ့မဟာ ကံကောင်းမှုကြီးပါနော်။ သူငယ်ချင်းတွေဆိုပေမယ့် မေးထူးခေါ်ပြောလောက်ရုံ၊ အကူညီပေးတာ ယူတာလောက် ရှိရုံသူတွေ အများကြီးမို့ စိတ်လွတ်လက်လွတ်ပေါင်းပြီး ပေါလို့ရတာက ကိုယ်ပဲ ပိုင်ဆိုင်တဲ့ ကံကောင်းမှု တစ်ခုပါ။

READ
မျက်မှန်မှာ ဖြစ်နေတဲ့ အစင်းတွေကို ဒီနည်းတွေနဲ့ ဖျောက်ကြမယ်

Kham

sponsored