နေ့စဉ်ဘဝထဲမှာ ဖက်ရှင်ကျစွာ ဝတ်စားတတ်သူတွေ ရနေတဲ့ အကျိုးကျေးဇူးများ

svetlanasokolova/Freepik
Sponsored

ဖက်ရှင်ကျအောင် ဝတ်တော့ လှတာပေါ့ လို့ ဆိုပြီး ပြောလို့ မရပါဘူး။ ဖက်ရှင်ကျတယ်ဆိုတာ လှတာထက်ပိုတဲ့ ကောင်းကျိုးတွေကို ပေးနိုင်ပါတယ်။ နေ့စဉ် နေ့တိုင်း ဖက်ရှင်ကျအောင် နေရာဒေသနဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်တဲ့အခါ သင့်မှာ ပုံမှန်နဲ့ မတူတဲ့ အရာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီလို ဖက်ရှင်ကျအောင် ဝတ်တတ်စားတတ်တဲ့သူတွေကတော့ နေ့တိုင်း ဒီလို အကျိုးကျေးဇူးတွေ ရနေလေ့ ရှိပါတယ်။

(၁) ကိုယ်ကိုယ်ကို ယုံကြည်မှု ရှိလာတယ်

Sponsored

အဝတ်အစားက လူတစ်ယောက်အတွက် ယုံကြည်မှု တစ်ခုပါပဲ။ ကိုယ်နဲ့ ပတ်ဝန်းကျင်နဲ့ကို တသားတည်း ဖြစ်စေတဲ့ အဝတ်အစားတွေက ကိုယ့်ကို စိတ် စနိုးစနောင့် မဖြစ်စေပါဘူး။ အဝတ်နဲ့ ကိုယ်နဲ့ ပတ်ဝန်းကျင်နဲ့ တသားတည်း ဖြစ်နေတဲ့အခါတွေမှာ ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှုတွေလည်း မြင့်တက်နေတတ်ပါတယ်။ ဒါက ကောင်းတဲ့အချက်ပါပဲ။

READ
Jean ဝတ်ဆင်တဲ့အခါ ဖက်ရှင်ကျပြီး ကြည့်ကောင်းနေစေဖို့ ဆောင်ရန်၊ ရှောင်ရန် အချက်များ
senivpetro/Freepik

(၂) အဝတ်အစားအတွက် မပူပန်မိဘူး

လူတွေက အရေးကြီးတဲ့ ကိစ္စကို လုပ်တဲ့အခါတွေမှာ အဝတ်အစားကို ပိုပြီး ပူပန်မိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ နေ့တိုင်းသာ နေရာဒေသနဲ့လိုက်အောင် ဖက်ရှင်ကျကျ ဝတ်တတ်နေတတ်နေတယ်ဆိုရင်တော့ ဒီလို ပူပင်မှုတွေ တွေးစရာ မလိုတတ်ကြတော့ပါဘူး။ ဖက်ရှင်ကျအောင် ဝတ်တဲ့သူတွေက အဝတ်အစားကြောင့် မပူပန်ရတော့ပဲ အကြောင်းအရာတစ်ခုကိုပဲ သတ်သတ်မှတ်မှတ် အာရုံစိုက်လို့ ရသွားတတ်ကြပါတယ်။

Photo by Andrea Piacquadio from Pexels

(၃) ကိုယ့်အလုပ်ကို ပိုအာရုံစိုက်နိုင်တယ်

ဖက်ရှင်ကျနနေတဲ့သူတွေတိုင်းက ကိုယ့်ကိုယ်ကို ကျေနပ်မှုတွေ ရှိနေကြပါတယ်။ ဒါကြောင့် သူတို့က ယုံကြည်မှုတွေ မြင့်နေတတ်သလို အလုပ်မှာလည်း ပိုပြီး အာရုံစိုက်လာနိုင်ကြပါတယ်။ ဒါကတော့ ဖက်ရှင်ရဲ့ တစ်ဖက်တစ်လှမ်းကနေ ပံပိုးနေတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။

diana.grytsku/Freepik

(၄) အများအမြင်မှာ ကြည့်ကောင်းတယ်

READ
ဘာကြောင့် အဝါရောင်ကို လူကြိုက်များလာရတာလဲ................

ဖက်ရှင်ကျတဲ့သူက အများကိုပါ တလေးတစားရှိတဲ့ သဘောကို သက်ရောက်ပါတယ်။ ကိုယ့်အဝတ်အစားကြောင့် ဘယ်သူမှ စိတ်အနှောင့်အယှက် မဖြစ်စေရဘဲ ကြည့်ကောင်းနေစေတာက သူတို့ကို စိတ်အေးချမ်းစေတာပါပဲ။ ဒါကြောင့် အများအမြင်မှာ အမြဲ ကြည့်ကောင်းနေသူအဖြစ် အသိအမှတ်ပြုခံထားရမှာ ဖြစ်ပါတယ်။

Photo by Ksenia Chernaya from Pexels

(၅) လူတွေရဲ့ သတိထားမှုကို ရတယ်

လူဆိုတာ ပတ်ဝန်းကျင်နဲ့ တွဲပြီး ရှင်သန်ရတာ ဖြစ်ပါတယ်။ ကိုယ်က ဖက်ရှင်ကျနေတဲ့အခါ လူတွေက ပိုပြီး သတိထားမိတတ်ပါတယ်။ ဒါကြောင့် လူတွေဆီကနေ အကောင်းမြင်မှုတွေ ရရှိလာပြီး ပေါင်းသင်းဆက်ဆံရေးမှာလည်း ပိုပြီး သူများထက် အဆင်ပြေတတ်ပါတယ်။ ဒါကတော့ ဖက်ရှင်ကြောင့် ရလာတဲ့ အကျိုးတစ်ခုပါပဲ။

Kham

sponsored