ဆရာ၊ ဆရာမ အဖြစ် ရပ်တည်သူတွေရဲ့ သူမတူတဲ့ ကောင်းကွက်လေးများ

sviatkovskyi/Freepik
Sponsored

လူတိုင်းရဲ့ ဘဝမှာ စာသင်ယူရတဲ့ အခြေအနေကို ဖြတ်သန်းရပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ စာသင်ကြားတဲ့ အခြေအနေကို ရယူထားမျိုး မဟုတ်ပါဘူး။ စာသင်ကြားတဲ့ ဆရာ၊ ဆရာမ အလုပ်ကို ရွေးချယ်ထားသူတွေကတော့ သူများနဲ့ မတူတဲ့ ဘဝအခြေအနေကို ရလေ့ ရှိကြပါတယ်။ ဆရာ၊ ဆရာမတွေသာ သိရှိနားလည်နိုင်တဲ့ အခုလို ကောင်းတဲ့အချက်လေးတွေလည်း ရှိနေပါတယ်။

(၁) ပီတိဖြစ်ရတယ်

Sponsored

တပည့်မရှား၊ တပြားမရှိ၊ ပီတိကို စား အားရှိပါ၏ ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ စာသင်တဲ့သူတွေက ကိုယ့်တပည့်တွေ အမြဲ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ရောက်သွားတိုင်း ပီတိဖြစ်ရသူတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဘဝလေးမှာ ကိုယ်က ပံ့ပိုးပေးနိုင်ခဲ့သူ တစ်ယောက် ဖြစ်တာနဲ့တင် တွေးရင်း ပီတိဖြစ်ရသူတွေက ဆရာမတွေပါပဲ။

Photo by Gustavo Fring from Pexels

(၂) စိတ်ချမ်းသာရတယ်

တစ်နှစ်နဲ့ တစ်နှစ် မရိုးနိုင်တဲ့ တပည့်တွေကို ဆုံတွေ့ရတာလည်း ဆရာမတွေပါပဲ။ ဆိုးတဲ့သူ၊ လိမ္မာတဲ့သူ စသဖြင့် မတူညီတဲ့ တပည့်တွေကို တူညီတဲ့ စိတ်စေတနာနဲ့ ကြည့်ရင်း စာသင်ကြားရတာလည်း စိတ်ချမ်းသာမှု တစ်ခုပါပဲ။ တပည့်တွေရဲ့ လှုပ်ရှားမှုတွေ၊ ကိုယ့်ကို လေးစားသမှု ပြုတာတွေကို မြင်ရတိုင်း ကိုယ့်အလုပ်အတွက် စိတ်ချမ်းသာနေရတာ ဆရာ၊ ဆရာမတွေပဲ ဖြစ်ပါတယ်။

READ
သီချင်းနားထောင်ရင်း Eng Skill တက်အောင် ဘယ်လိုလုပ်မလဲ..?
Photo by Gustavo Fring from Pexels

(၃) အမြဲ လေ့လာဖြစ်တယ်

ဆရာ၊ ဆရာမတွေက အမြဲ သင်ယူမှုကို ရပ်ထားလို့ မရပါဘူး။ ခေတ်တွေ ပြောင်းလာတာနဲ့ အမျှ ခေတ်စကားတွေ၊ ခေတ်မီ ပစ္စည်းတွေနဲ့ ကျောင်းသားတွေ သုံးတတ်တဲ့ လှည့်ကွက်တွေကို လေ့လာရတဲ့အပြင် သင်ကြားရေးနဲ့ ဆိုင်တာတွေကိုလည်း လေ့လာနေရပါတယ်။ ဘယ်လို ကျောင်းသားကို ဘယ်လို သင်ရင် ရတယ်ဆိုတာမျိုးကို ဆရာတွေကပဲ သိနေကြတာပါ။ ဒါကြောင့် အရည်အချင်းတွေ အမြဲ ရှိနေတဲ့သူဆိုလည်း မမှားပါဘူး။

Photo by Gustavo Fring from Pexels

(၄) လူမှုဆက်ဆံရေး ကောင်းလာတယ်

ဆရာ၊ ဆရာမ လုပ်တဲ့အခါ ကျောင်းသားတွေနဲ့တင် ပြောဆို ဆက်ဆံရတာမျိုး မဟုတ်ပါဘူး။ ကျောင်းသား မိဘတွေနဲ့ပါ ပြောဆိုရတာ ဖြစ်ပါတယ်။ မတူညီတဲ့ လူအမျိုးမျိုးကို ဆရာမဆိုတဲ့ အခြေအနေကနေ လိုက်ဖက်ညီအောင် စကားအမျိုးမျိုးနဲ့ ဆွေးနွေးရတာ၊ လူမှုရေးအရ ပြောဆိုရတာကြောင့် တဖြည်းဖြည်း လူတွေ အကြောင်းကို ပိုသိလာပြီး လူမှု ဆက်ဆံရေးလည်း ကောင်းလာပါတယ်။

READ
လစာကို အဖတ်တင်အောင် ဘယ်လိုစုမလဲ..?
Photo by fauxels from Pexels

(၅) ကျေနပ်ရတယ်

ဘယ်အလုပ်မဆို ကိုယ့်အလုပ်ကို ကိုယ် ကျေနပ်တာက စိတ်အချမ်းသာရဆုံး ပါပဲ။ ဆရာ၊ ဆရာမတွေကတော့ ကိုယ့် စာသင်ပေးလိုက်တဲ့ ကလေးတွေရဲ့ တတ်မြောက်မှုကို မြင်တိုင်း ဝမ်းသာပြီး ကျေနပ်နေရတာပါပဲ။ ဒီလိုနဲ့ အလုပ်အပေါ်လည်း ကျေနပ်မှုတွေ အပြည့်ရှိပြီး ဂုဏ်ယူမိလေ့ ရှိပါတယ်။

Kham

sponsored