တစ်ဖက်လူ စကားပြောတာကို နားစိုက်ထောင်တတ်တဲ့ အကျင့်ရှိခြင်းရဲ့ ကောင်းကျိုးများ

Freepik.com
Sponsored

တစ်ယောက်နဲ့ တစ်ယောက် ပေါင်းသင်းဆက်ဆံရေးမှာ နားထောင်ခြင်းက လွယ်မယောင်နဲ့ ခက်တဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုယ်ကိုပဲ ဗဟိုပြုပြီး စဉ်းစားလုပ်ကိုင်ကြတာများတဲ့အတွက် ကိုယ်ကပဲ စကားပြောချင်ကြတာ များပါတယ်။ တစ်ဖက်လူရဲ့ စကားကို နားစိုက်ထောင်တဲ့ အကျင့်မရှိတာက ကိုယ့်အတွက် အခွင့်အရေး ဆုံးရှုံးစရာတွေလည်း ဖြစ်လာနိုင်ပါတယ်နော်။ တစ်ဖက်သူရဲ့ ပြောစကားကို ဂရုစိုက်နားထောင်ရင် ရသွားနိုင်တဲ့ အခွင့်အလမ်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) ကိုယ့်အတွက် သင်ယူစရာတွေ ရတယ်

Sponsored

လူတွေမှာ မတူညီတဲ့ အတွေ့အကြုံတွေ ရှိတတ်ကြပါတယ်။ ကိုယ့်မိတ်ဆွေတစ်ယောက်က ကိုယ်နဲ့စကားပြောနေရင်း သူ့အတွေ့အကြုံတွေကို ပြောလာတယ်ဆိုရင် နားစိုက်ထောင်ပေးသင့်ပါတယ်။ တခြားတစ်ဦးရဲ့ အတွေ့အကြုံနဲ့ ပြဿနာဖြေရှင်းပုံတွေက ကိုယ်မတွေးထားမိတာ၊ ကိုယ်မကြုံရတာတွေလည်း ဖြစ်နေနိုင်တာမို့ ကိုယ်သာ သူလို့ ကြုံလာခဲ့ရင် ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ နည်းစနစ်လေးတွေ လေ့လာလို့ရနိုင်ပါတယ်။

cookie_studio/Freestyle

(၂) ချစ်ခင်ရင်းနီးမှု တိုးတယ်

လူအများစုဟာ ကိုယ်စကားပြောနေတဲ့အချိန် တစ်ဖက်လူက နားစိုက်ထောင်ပေးတာကို သဘောကျကြပါတယ်။ သူတို့ကို အလေးထားတယ်လို့ ခံစားကြရတာကြောင့်ဖြစ်ပါတယ်။ ဒီလို ခံစားလာကြရတဲ့အခါ သူတို့တွေဟာ သူတို့ပြောစကားတွေကို သေချာနားစိုက်ထောင်ပေးနေတဲ့သူကို ခင်မင်မှု ပိုတိုးလာကြပါတယ်။ ချစ်ခင်သူများတာဟာ ကိုယ့်အတွက် ကောင်းကျိုးများတယ်ဆိုတာ သိပြီးကြပြီးဖြစ်မှာပါနော်။

READ
အလုပ် interview သွားတဲ့အခါ ကိုယ့်ကို သတိထားမိစေဖို့ ပြင်ဆင်သွားသင့်တဲ့ အချက်တွေ

(၃) ကိုယ့်အလုပ်အကိုင်အတွက် အခွင့်အလမ်းတွေ ရနိုင်တယ်

လူတွေဟာ စကားပြောဆိုတဲ့အခါ တစ်ခြားသူတွေရဲ့ ဘဝအတွေ့အကြုံတွေကိုပါ ပြောတတ်တာ ရှိပါတယ်။ ကိုယ်က တစ်ဖက်လူကို အာရုံစိုက်နားထောင်တဲ့အခါ တစ်ဖက်လူက အလုပ်အကိုင်အခွင့်အလမ်းတစ်ခုနဲ့ပတ်သက်လို့ ရည်ရွယ်ချက်ရှိရှိ ပြောမနေဘူးဆိုရင်တောင် ကိုယ့်ဘက်က အာရုံစိုက် နားထောင်ထားတာဖြစ်တဲ့အတွက် အလုပ်နဲ့ပတ်သက်လို့၊ အလုပ်အကိုင်အသစ်တစ်ခုနဲ့ပတ်သက်လို့ သဲလွန်စလေးတွေ၊ ဆက်စပ်တွေးစရာလေးတွေ ရတတ်ပါတယ်။

prostooleh/Freepik

(၄) လူကဲခတ် ကောင်းလာမယ်

တစ်ဖက်လူ စကားပြောနေတာကို အာရုံစိုက် နားထောင်တဲ့အခါမှာလည်း ခေါင်းငိုက်စိုက်ချပြီး နားထောင်နေရမှာမျိုး မဟုတ်ပါဘူး။ တစ်ဖက်လူရဲ့ မျက်လုံးကို စေ့စေ့ကြည့်ပြီး စိတ်ဝင်တစားနဲ့ နားထောင်ရတာမျိုး ဖြစ်ပါတယ်။ အဲ့သလို နားထောင်တဲ့ အလေ့အကျင့် များလာတဲ့အခါ တစ်ဖက်လူအပေါ် နားလည်လာပြီး သူ ဘာကိုရယ်ရွယ်နေတယ်၊ ဘယ်လို စိတ်နေသဘောသဘာဝရှိတယ်ဆိုတာကို အကဲခတ်တာ ကောင်းလာမှာပဲ ဖြစ်ပါတယ်။

READ
တစ်ရက်ကို ငှက်ပျောသီးနှစ်လုံး ပုံမှန်စားပေးရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲလာနိုင်လဲ

(၅) ကိုယ့်ကို အလွယ်တကူ လိမ်လို့မရဘူး

ကိုယ်က အာရုံစိုက်နားထောင်တယ်ဆိုတာကလည်း တစ်ဖက်လူကို နားလည်ဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ နားထောင်တဲ့အလေ့အကျင့် များလာတဲ့အခါ ဘယ်လိုလူတွေက ဘယ်လိုစကားတွေ အသုံးများတယ်၊ လေသံအနိမ့်အမြင့် ဘယ်လိုရှိတယ်၊ ဘယ်လိုစိတ်အခြေအနေမှာ အသံတည်ငြိမ်တယ်၊ အနည်းငယ် တုန်ခါတယ် စသဖြင့် သတိထားမိလာပါတယ်။ ကိုယ့်ကို လိမ်လည်ဖို့ ကြိုးစားတဲ့သူနဲ့ ကြုံရင်တောင်မှာ ကိုယ့်ရဲ့ နားစိုက်ထောင်တဲ့ အလေ့အကျင့်ကြောင့် လိမ်ရတဲ့သူ တွန့်ဆုတ်သွားသလို ဒီလူ လိမ်နေလား မလိမ်ဘူးလားဆိုတာကို ကိုယ့်သဘာဝအရ သိလာမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်မှာ ဒီအလေ့အကျင့်မရှိသေးဘူးဆိုရင်လည်း အလေ့အကျင့်တစ်ခု ဖြစ်လာအောင် ကြိုးစားကြည့်ကြစေချင်ပါတယ်နော်။

Kham

sponsored