ကိုယ်တိုင် ချက်ပြုတ်စားသောက်သူတို့သာ ရရှိနိုင်တဲ့ ခံစားခွင့်လေးများ

senivpetro/Freepik
Sponsored

အစားအစာတွေကတော့ ဆိုင်မှာ စားတဲ့အခါ စားလို့ကောင်းတာ မှန်ပေမယ့် ကိုယ့်ဘာသာ ချက်စားရတာက ပိုပြီး ပျော်ဖို့ကောင်းပါတယ်။ အခုခေတ်မှာတော့ အလုပ်တွေကိုယ်စီ များပြီး ချက်ပြုတ်ဖို့ အချိန်နည်းတာကြောင့် ကိုယ်တိုင် ချက်ပြီး စားကြတာ နည်းပါတယ်။ ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်တာကတော့ အခုလို အားသာချက်လေးတွေ ရနိုင်ပါတယ်။

(၁) အရသာစိတ်ကြိုက် ပြုလုပ်နိုင်တယ်

Sponsored

ဆိုင်တွေမှာ သွားစားတဲ့အခါ ကိုယ် မကြိုက်တဲ့ အရသာ ဖြစ်နေတာမျိုး ကြုံဖူးကြလိမ့်မယ် ထင်ပါတယ်။ ကိုယ် ကြိုက်နှစ်သက်တဲ့အရသာပုံစံမျိုး ကိုယ်သာ အသိဆုံးပဲ မဟုတ်လား။ ဒါကြောင့် ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်ခြင်းက ကိုယ် ကြိုက်တဲ့အရသာ စိတ်ကြိုက်ပြုလုပ်နိုင်ပြီး စားသောက်ရတဲ့အခါ စိတ်ကျေနပ်မှု အပြည့်အဝ ပေးစွမ်းနိုင်တာပဲဖြစ်ပါတယ်။

senivpetro/Freepik

(၂) အကုန်အကျ သက်သာတယ်

ရောင်းပွဲ အစားအသောက်တွေမှာ ပါဝင်ပစ္စည်းတွေအတွက် တန်ဖိုးတင်မကဘဲ အလုပ်သမားခ၊ ဆိုင်ငှားရမ်းခ၊ မီတာခ၊ အမြတ် စသဖြင့် အခကြေးငွေတွေကို နည်းနည်းချင်းစီ ထည့်ပေါင်းထားတာ ဖြစ်တဲ့အတွက် ကိုယ့်ဘာသာချက်စားတဲ့ အစားအသောက် ကုန်ကျစရိတ်ထက် ဈေးကြီးနေတတ်ပါတယ်။ ဈေးနှုန်း အနည်းအများပေါ် မူတည်ပြီး ဟင်းချက်စရာတွေရဲ့ အရည်အသွေးကလည်း ကွာနေတတ်ပါတယ်။ ကိုယ့်ဘာသာ ဟင်းချက်စားတဲ့အခါ အရည်အသွေးပြည့်မီတဲ့ ဟင်းချက်စရာတွေနဲ့ အကုန်အကျ သက်သက်သာသာ စားနိုင်မှာပဲ ဖြစ်ပါတယ်။

READ
အရသာရှိလွန်းတဲ့ ပုဇွန်ထမင်းကြော် ပြုလုပ်နည်း

(၃) ပျော်ရတယ်

ဟင်းချက်တယ်ဆိုတာကလည်း ဖန်တီးမှုတစ်ခု ပြုလုပ်ရတာနဲ့ တူပါတယ်။ ပန်းချီဆရာတစ်ယောက်က ကင်းဗတ်စ၊ စုတ်တံ၊ ဆေး စသဖြင့် ပါဝင်ပစ္စည်းတွေ သုံးပြီး ပန်းချီကားတစ်ချပ် ဖန်တီးရသလို ဟင်းချက်တဲ့အခါမှာလည်း ဟင်းချက်စရာတွေနဲ့ ဟင်းကောင်းတစ်ခွက်ဖြစ်လာအောင် ဖန်တီးရတာပဲ ဖြစ်ပါတယ်။ ဆား အလေးအပေါ့ ချိန်ရတယ်၊ ချဉ်၊ ငံ၊ စပ် မျှမျှတတ ရှိသလား ချိန်ရပါတယ်။ ဟင်းတစ်ခွက်ကို အောင်မြင်အောင် ချက်ပြီးတဲ့အခါမှာတော့ ကိုယ့်ဖန်တီးမှုကို စားသုံးပြီး ပျော်ရွှင်မှုကို ခံစားရမှာဖြစ်ပါတယ်။

Freepik.com

(၄) များများ စားရတယ်

နံပါတ်နှစ်အချက်မှာ ပြောခဲ့သလိုပါပဲ။ ဆိုင်ဟင်းတစ်ခွက်က အမြတ်ရအောင် တည်ခင်းတဲ့ဟင်းဖြစ်တာကြောင့် ဆိုင်ရှင်အတွက် ကိုက်အောင် ချက်ထားတဲ့ဟင်းပဲ ဖြစ်ပါတယ်။ ကန်စွန်းရွက် နှစ်ရာဖိုးက ဆိုင်ပေါ်ရောက်သွားတဲ့အခါ လေးငါးဆ ဖြစ်သွားတာမျိုး စားဖူးကြလိမ့်မယ် ထင်ပါတယ်။ ကိုယ်တိုင် ချက်စားရတဲ့အခါမှာတော့ များများ စားရမှာပဲဖြစ်ပါတယ်။

READ
လွယ်ကူရိုးရှင်းပြီး ထမင်းမြိန်စေတဲ့ ပဲစောင်းလျားသီးသုပ်နည်း

(၅) အမှတ်တရ ဖြစ်တယ်

ကိုယ်တိုင် ဟင်းချက်ပြီး သူငယ်ချင်းတွေကို ခေါ်ကျွေးတာမျိုး၊ ကိုယ့်လက်ရာကို သူငယ်ချင်းတွေကို မြည်းစမ်းခိုင်းတာမျိုးလည်း လုပ်သင့်ပါတယ်။ ကိုယ် ချက်ထားတဲ့ လက်ရာကို သူငယ်ချင်းတွေက စားသောက်နေတာကို ကြည့်ရတဲ့အခါ ပီတီလည်း ဖြစ်ရသလို သူငယ်ချင်းတွေနဲ့ ကိုယ်နဲ့ကြား အမှတ်တရဖြစ်စရာ တစ်ခုတိုးပါတယ်။

Kham

sponsored