သံပရိုရေနွေး တစ်နေ့တစ်ခွက် သောက်ခြင်းဖြင့်ရလာမယ့် အံ့မခန်းအကျိုးကျေးဇူး (၆)မျိုး

shutterstock/Olena Yakobchuk
Sponsored

သံပရိုသီးဟာ ဗီတာမင် စီ ကြွယ်ဝပြီး အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးများလွန်းတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ရေနွေးအဖြူတခွက်ထဲကို သံပရိုသီးအစိပ်လေးတွေထည့်ပြီး တစ်နေ့တစ်ခွက်သောက်ပေးမယ်ဆိုရင် ဒီလိုအကျိုးကျေးဇူးတွေကို ရလာမှာပါ။

(၁) ခံတွင်းအနံ့ဆိုးကင်းမယ်

pixabay/kreatikar

သံပရိုသီးမှာ ပါဝင်တဲ့ဓာတ်တစ်မျိုးက တံတွေးများများထွက်အောင် ကူညီပေးပြီး အနံ့ဆိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုသေစေနိုင်တကြောင့် ခံတွင်းအနံ့အသက်ဆိုးတွေကိုပျောက်ကင်းစေပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးညှီနံ့နဲ့တခြား အနံ့ပြင်းတဲ့ အစားအစာတွေကြောင့် အနံ့ဆိုးထွက်မှာ မပူရတော့ပါဘူး။

(၂) အသားအရေအိုမင်းရင့်ရော်မှုနှေးကွေးစေတယ်

Sponsored

သံပရိုရေနွေးကို တစ်နေ့တစ်ခွက်သောက်ပေးလိုက်တဲ့အခါ အသားအရေအတွက် လိုအပ်တဲ့ အစိုဓာတ်နဲ့ ဗီတာမင် စီကိုဖြည့်ပေးပါတယ်။ အဲ့ဒါကြောင့် အသားအရေလျော့တွဲခြင်းမဖြစ်အောင် တားဆီးပေးပြီး ကျစ်လစ်စေတာကြောင့် ရှိရင်းစွဲအသက်ထက် ပိုနုပျိုတဲ့ ရုပ်ရည်ကိုရစေပါတယ်။

(၃) အဆီကျစေတယ်

shutterstock/Stock-Asso

သံပရိုသီးစိတ်လေးတွေ ထည့်ထားတဲ့ရေနွေးကို တစ်နေ့တစ်ခွက်သောက်ပေးရင် ခန္ဓာကိုယ်ထဲမှာ အနှစ်နှစ်အလလက စုဝေးနေတဲ့အဆီတွေကို ဖြည်းဖြည်းချင်းကျစေလို့ ဝိတ်ချချင်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။

READ
စိတ်ဒုက္ခပေးနေသူကိုဖြတ်ပြီး တစ်ယောက်တည်းနေလိုက်တဲ့အခါ ရလာမယ့်အကျိုးကျေးဇူး (၅)မျိုး

(၄) စိတ်ကြည်လင်စေ၊စိတ်ခံစားချက်ကောင်းမွန်စေတယ်

သံပရိုအနံ့နဲ့ အရသာက လျှာပေါ်ကအရသာဖုလေးတွေကတဆင့် အာရုံခံစနစ်ကို လှုံ့ဆော်ပေးပြီး စိတ်ခံစားချက်ကိုကောင်းမွန်စေတဲ့ဟော်မုန်းတွေထုတ်လွှတ်ဖို့ တွန်းအားပေးပါတယ်။ ဒါကြောင့် မနက်မှာ တစ်ခွက်သောက်ပေးရင် တစ်နေ့လုံးစိတ်ကြည်လင်တက်ကြွစေပါတယ်။

(၅) ကျောက်ကပ်မှာကျောက်မတည်အောင်တားပေးတယ်

pinterest/Urolife Stone & Urology Hospital

သံပရိုသီးမှာ ပါဝင်တဲ့ citric acid က ကျောက်ကပ်အတွက် လိုအပ်တဲ့ရေဓာတ်ကိုဖြည့်ပေးပြီး ကျောက်ဖြစ်လာမယ့် အဆိပ်အတောက်တွေကို ဖြိုခွဲပေးပါတယ်။ ဒါကြောင့် သံပရိုရေနွေးတစ်နေ့တစ်ခွက်သောက်ရင် ကျောက်ကပ်ကျောက်မတည်အောင် တားဆီးနိုင်ပါတယ်။

(၆) ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုသက်သာစေတယ်

သံပရိုရည်က သွေးစီးကြောင်းနဲ့ ဆီးလမ်းကြောင်းထဲမှာ အယ်ကာလီဓာတ်ကို ထိန်းညှိပေးတာကြောင့် ဆီးလမ်းကြောင်းပိုးဝင်းခြင်းနဲ့ ပိုးဝင်းခြင်းကြောင့်ဖြစ်တဲ့ ယားယံခြင်း၊ ဆီးခဏခဏသွားခြင်းတို့ကို သက်သာစေပါတယ်။

MAY THAZINHTOO

sponsored