ဝိုင်နီကို တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးရင် ဘယ်လိုအကျိုးအကျေးဇူးတွေ ရနိုင်မလဲ

TVN
Sponsored

“The World of Married” ထဲက ဒေါက်တာဂျီဝိုင်နီသောက်တာလေးကို ရုတ်တရက်သွားသတိရသွားလို့ နေ့တိုင်း ဝိုင်နီတစ်ခွက်ပုံမှန်သောက်ပေးရင် ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုကျေးဇူးတွေ ရနိုင်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်..

(၁) နုပျိုစေတယ်

Sponsored

ဝိုင်နီမှာပါတဲ့ antioxidant ဓာတ်တွေဟာ ကျန်းမာတဲ့ဆဲလ်တွေပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါကြောင့် နုပျိုမှုကို ထိန်းသိမ်းပေးနိုင်တာပေါ့။ ဒီအပြင် မျက်နှာကြွက်သားတွေ ဖိဆီးမှုမှ လျော့ကျစေကာ ပါးမို့မို့နှစ်ဖက်ကိုလည်း ပန်းနုရောင်သန်းစေတဲ့အတွက် နုပျိုမှုကို မျက်မြင်ခံစားရမှာပါ။

Freepik- freepik

(၂) နှစ်ခြိုက်စွာအိပ်ပျော်စေတယ်

Melatonin ဓာတ်ပါတဲ့အတွက်ကြောင့် ကောင်းမွန်စွာ အိပ်စက်ဖို့ အထောက်အကူပြုပါတယ်။

(၃) နှလုံးကျန်းမာရေးကိုကောင်းစေတယ်

နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်ခြင်းနဲ့ ရုတ်တရက် နှလုံးထဖောက်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။

Freepik- freepik

(၄) အမြင်အာရုံကို အကျိုးပြုတယ်

မျက်လုံးတွင်းသွေးကြောယောင်ယမ်းမှုတွေနဲ့ oxidative stress တို့ကို လျှော့ချပေးတဲ့အတွက်ကြောင့် အသက်ကြီးလာလို့ အမြင်အာရုံကွယ်တာမျိုး၊ တိမ်ဖြစ်တာမျိုးနဲ့ မျက်လုံးအားနည်းမှုတွေကို ကာကွယ်ပေးပါတယ်။

READ
ရုတ်တရက် ချက်ချင်း ဝိတ်ကျသွားရခြင်းရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

(၅) အဆီကိုလောင်ကျွမ်းစေတယ်

Washington State University နဲ့ Harvard Medical School တို့ရဲ့တွေ့ရှိချကအရ ဝိုင်နီကို တစ်နေ့ ၂ ခွက်ပုံမှန်သောက်ပေးခြင်းဟာ ကယ်လိုရီလျော့ကျမှုကို အထောက်အကူပြုစေပါတယ်တဲ့။

Freepik- freepik

(၆) စိတ်ဖိဆီးမှုဒဏ်မှ ကာကွယ်ပေးတယ်

Medical News Today ရဲ့ဖော်ပြချက်အရ ဝိုင်နီသောက်ခြင်းရဲ့အကျိုးကျေးဇူးတွေကို ၂၀၁၃ ခုနှစ်တုန်းက စစတမ်းကောက်ယူခဲ့ရာ ဝိုင်နီ တစ်ပတ်ကို ၂ ခွက်မှ ၇ ခွက်အထိသောက်သုံးသူများဟာ တခြားလူတွေထက် ပိုပြီး စိတ်ဖိဆီးမှုလျော့နည်းကြပါတယ်တဲ့။

ဒါကြောင့် ဝိုင်နီကို တစ်နေ့ ၄ အောင်စမှ ၈ အောင်စအတွင်း ညဖက်တွေမှာ ပုံမှန်လေးသောက်သုံးပေးတာဟာ ကျန်းမာရေးကို များစွာအထောက်အကူပြုစေမှာဖြစ်ပါတယ်။ ဝိုင်နီစစ်စစ်တစ်ခွက်မှာ ၁% သော ဗီတာမင် ကေ နဲ့ thiamin, ၂% သော Niacin နဲ့ ၃% သော riboflavin တို့ ပါဝင်ပါတယ်။ ဒီအပြင် flavonoids, polyphenols နဲ့ resveratrol တို့လည်း ပါဝင်သေးတဲ့အတွက် နည်းနည်းချင်း နေ့တိုင်းသောက်ပေးမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်စေမှာပဲဖြစ်ပါတယ်။

READ
တင်ပါးဆုံမှာ ၀က်ခြံ၊အစက်အပြောက်တွေဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းနဲ့ကာကွယ်နည်း

Penny

sponsored