အာလူးကြိုက်သူလေးတွေမှာ ရရှိနိုင်မယ့် အံ့မခန်းအကျိုးကျေးဇူးများ

Pixabay-Wounds_and_Cracks
Sponsored

အာလူးကို ဘယ်လိုပုံစံမျိုးပဲလုပ်လုပ်ကြိုက်တဲ့သူလေးတွေ၊ ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင် အာလူးရှိတဲ့ဘက်မှာပဲ နေမယ်ဆိုတဲ့သူလေးတွေ ရှိလား။ ကဲ… ဒီလိုဆိုရင်တော့ အာလူးကြိုက်သူလေးတွေမှာပဲ ရနိုင်တဲ့ အံမခန်းအကျိုးကျေးဇူးလေးတွေကို ပြောပြပေးချင်တာကြောင့် ဒါလေးကို အဆုံးထိ ဖတ်ကြည့်ဖို့ အကြံပြုချင်ပါတယ် ပျိုမေတို့ရေ။

Pixabay-FotoshopTofs

(၁) မှတ်ဥာဏ်အားကောင်းစေတယ်

Sponsored

အာလူးမှာပါဝင်တဲ့ alpha lipolic acid ဟာ ဦးနှောက်နဲ့အာရုံကြောရဲ့ လုပ်ဆောင်မှုစွမ်းရည်တွေကို ပိုမိုကောင်းမွန်စေပြီး  အသက်အရွယ်ကြောင့် မှတ်ဥာဏ်အားနည်းလာတာ၊ ခဏခဏသတိမေ့လျော့တာမျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါတွေအပြင် အာလူးမှာပါဝင်တဲ့ ဗီတာမင်စီဟာ အာရုံစူးစိုက်မှုအားကောင်းစေပြီး စိတ်ဖိစီးမှုတွေကိုပါ ပြေပျောက်စေနိုင်ပါတယ်။

Pixabay-kirahoffmann

(၂) ဆံသားတွေကို ကျန်းမာသန်စွမ်းစေတယ်

အာလူးကို စားသုံးတာမျိုးဖြစ်ဖြစ်၊အာလူးကိုအသုံးပြုပြီး ဆံသားပေါင်းတင်တာမျိုးဖြစ်ဖြစ် အာလူးဟာ ဆံသားကို အာဟာရဖြစ်စေရုံသာမက ဦးရေပြားမွှေးညှင်းပေါက်လေးတွေကို ပြန်လည်အားဖြည့်ပေးနိုင်တာကြောင့် ဆံပင်ကျွတ်ခြင်းကို လျော့ပါးသက်သာစေနိုင်ပါတယ်။ အာလူးကိုကြိတ်ချေပြီး ပျားရည်နဲ့ရောစပ်ကာ ဆံကေသာကို ပေါင်းတင်အသုံးပြုပေးနိုင်မှာ ဖြစ်ပါတယ်။

Pixabay-Wow_Pho

(၃) အမည်းစက်နဲ့ ဝက်ခြံတွေကို ပျောက်ကင်းသက်သာစေနိုင်တယ်

READ
အဆီကျသွယ်လျသွားစေဖို့ ညအိပ်ရာဝင်ခါနီးတိုင်း သောက်သုံးပေးသင့်တဲ့ ဖျော်ရည် (၃) မျိုး

အာလူးမှာ ဗီတာမင်အေနဲ့ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကို စိုပြည်ကြည်လင်စေတဲ့အပြင် အာလူးကိုပါးပါးလှီးပြီး မျက်နှာအသားအရေပေါ်ကပ်ပေးမယ်ဆိုရင် အမည်းစက်တွေ၊ မျက်ကွင်းညိုတာတွေကို သက်သာစေတဲ့အပြင် ဝက်ခြံတွေကိုလည်း လျော့ပါးစေနိုင်မှာပါ။

Pixabay-Pexels

(၄) အရေးကြောင်းတွေကို လျော့ပါးစေနိုင်တယ်

အာလူးမှာ ဗီတာမင်စီနဲ့ antioxidant တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အသားအရေကို စိုပြည်တင်းရင်းစေတဲ့ ကော်လဂျင်ထုတ်လွှတ်မှုကို အားကောင်းစေပြီး အရေးကြောင်းတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

Calcifer

sponsored