ဆံပင်ပေါင်းဆေးသုံးတဲ့အခါ ထိရောက်မှုရှိစေဖို့ မှန်ကန်တဲ့ နည်းလမ်း (၃) ခု

Pixabay/AlipioLLusaki
Sponsored

ဆံပင်ဆေးဆိုးလိုက် ဖြောင့်လိုက် ကောက်လိုက်လုပ်နေတဲ့ ဆံပင်တွေကတော့ ပျက်စီးနိုင်ချေ အလွန်များပါတယ်။ မဟုတ်ရင်တောင် ပြင်ပကလေထုတွေနေရောင်ခြည်တွေကြောင့်လည်း ထိခိုက်ပျက်စီးမှုတွေ ရှိလာနိုင်တာပါပဲ။ အဲ့လိုပျက်စီးမှုတွေကနေ ကာကွယ်နိုင်ဖို့အတွက်ကတော့ခေါင်းလျှော်ပေးရုံနဲ့ မရပါဘူး ခေါင်းလျှော်တဲ့အခါတိုင်း ပုံမှန်ပေါင်းတင်ပေးဖို့လိုပါတယ်။ အဲ့လိုပေါင်းတင်တဲ့အခါမှာလဲ နည်းလမ်းမှန်ကန်ဖို့ လိုပါတယ်နော်။ မဟုတ်ရင် ဆံသားကို ပိုတောင်ပျက်ဆီးသွားနိုင်တာမို့ ဘယ်လိုအသုံးပြုရမလဲဆိုတာ ကြည့်လိုက်ကြရအောင်။

(၁) ဦးရေပြားကို မထိရပါဘူး

Sponsored

ဒါကိုတော့တော်တော်များများသိကြမှာပါ။ ဆံပင်ပေါင်းဆေးတွေဟာ ဆံသားအတွက်တော့ကောင်းပေမယ့် ဦးရေပြားအတွက်တော့ ရန်သူပါပဲ….  ဦးရေပြားကို ပေါင်းဆေးထိပြီး ရေပြောင်အောင်မဆေးရင်တော့ အလွန်စိတ်ရှုပ်ရတဲ့ ဗောက်တွေဖြစ်လာမှာပါ။ အဲ့လိုမဖြစ်ရအောင် ဂရုစိုက်ပြီးရှောင်ကျဉ်ပါ။ ဒီနေရာမှာဂရုစိုက်ရမှာက ဦးရေပြားနဲ့မထိရဘူးဆိုပြီးအရမ်းအစိုးရိမ်လွန်ပြီး အဖျားလေးပဲ လုပ်ပေးလိုလည်း မရပါဘူး။ ဦးရေပြားနဲ့ လက်ငါးလုံးခန့် အကွာကနေ ဆံပင်အောက်ကိုအားလုံးသေသေချာချာ နှံ့အောင်ပေါင်းပေးဖို့လိုပါတယ်။

Pixabay/SocialButterflyMMG

(၂) ပေါင်းဆေးသီးသန့်သုံးပေးပါ

READ
အဆီပြန်ပြီး ဝက်ခြံမပြတ်ထွက်နေတဲ့အသားအရေကို ကြည်လင်လာအောင် ထိန်းသိမ်းနည်း (၇)မျိုး

အများအားဖြင့်တော့ပေါင်းဆေးသီးသန့် သုံးမယ်ထင်ပါတယ်။ ဒါပေမယ့်တချို့တလေက အချိန်မကုန်ချင်တာကြောင့်ပေါင်းဆေးကိုခေါင်းလျှော်ရည်နဲ့ရောသုံးတတ်ကြတယ်။ အဲ့လိုလုပ်တာ မှားပါတယ်။ အဲ့လိုသုံးတဲ့အခါပေါင်းဆေးရဲ့အာနိသင်ကိုလျော့ကျစေတာကြောင့် ဆံပင်အတွက် ထိရောက်မှုနည်းသွားပါလိမ့်မယ်။

Pixabay/tranhahai37

(၃) ရေနွေးဆွတ်ထားတဲ့သဘက်နဲ့ပေါင်းပေးပါ

ရေနွေးနဲ့ပေါင်းပေးရမယ်ဆိုလို့ အရမ်းခက်မယ်မထင်ပါနဲ့နော် လွယ်လွယ်လေးပါ။ ခေါင်းလျှော်ရည်ဆေးချ ပေါင်းဆေးထည့်ပြီးတဲ့အချိန်မှာ သဘတ်အသေးကိုယ့်ဆံပင်အတွက် အနေတော်ဖြစ်မယ့် အရွယ်ကိုယူပြီး ရေနွေးနဲ့ဆွတ်လိုက်ပါ။ အရမ်းမပူရအောင် ဆံပင်အဖျားနဲ့ တိုက်ရိုက်ထိမယ့်နေရာကို အဓိကထားပြီး ရေနွေးကိုဆွတ်ပေးပါ။ ကျန်တဲ့နေရာတွေကတော့ အငွေ့လောက်ပဲ ရရင်အဆင်ပြေပါတယ်။ သဘက်နဲ့ပေါင်းပြီး ၁၀ မိနစ် ၁၅ မိနစ်ခန့် အကြာမှာ ရေဆေးချပြီးဆံပင်ခြောက်သွေ့အောင် လုပ်ပြီးတဲ့အခါမှာတော့် လုံးဝကိုကွဲပြားခြားနားတဲ့ ရလဒ်ကိုမြင်တွေ့ရမှာပါ။

Wint Wint

sponsored