ကလေးတွေကို မူကြိုအရွယ်လေးကတည်းက စာဖတ်ပြခြင်းက ဒီအကျိုးကျေးဇူး (၈)မျိုးကို ရစေနိုင်

Sponsored

မေမေတွေအနေနဲ့ ကလေးတွေကိုပြုစုပျိုးထောင်တဲ့အခါ အသက်ကြီးလာမှ ဆုံးမမယ်၊ ပြောမယ်ဆိုပြီးလုပ်လို့မရပါဘူး။ ငယ်ကတည်းက ကောင်းမွန်တဲ့ အမူအကျင့်လေးတွေကို အစပျိုးပေးသွားဖို့လိုပါတယ်။ ဒါကြောင့် ကလေးတွေကို မူကြိုအရွယ်ကတည်းက စာအုပ်ဖတ်ပြတဲ့အကျင့်လေး လုပ်ထားပေးဖို့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။ ဒီအရွယ်ကလေးတွေက ဘာနားလည်မှာမို့လို့လဲဆိုပြီး မတွေးကြဖို့ ၊ ကလေးတွေကို ဒီလိုအရွယ်ကတည်းက စာဖတ်ပြတာက သူတို့ရဲ့ ဘဝတလျှောက်လုံး ဘယ်လိုကောင်းကျိုးတွေ သက်ရောက်နိုင်တယ်ဆိုတာ မေမေတို့ သိထားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) စကားလုံးကြွယ်ဝစေတယ်

shutterstock

ကလေးကို ငယ်စဉ်ကတည်းက စာဖတ်ပြတဲ့အခါ သူတို့တွေ အဓိပ္ပါယ်ကိုသေချာနားလည်ချင်မှ လည်မယ်ဆိုပေမယ့် စကားလုံးတွေ၊ဝေါဟာရတွေကိုတော့ တော်တော်ရင်းနှီးလာပြီး စကားလုံးကြွယ်ဝတဲ့သူ၊ ရွယ်တူကလေးတွေကြားမှာ ဗဟုသုတကြွယ်ဝတဲ့ သူလေးတွေဖြစ်လာပါလိမ့်မယ်။

(၂) စူးစမ်းချင်စိတ်များစေတယ်

Sponsored

အကြောင်းအရာတစ်ခု ကြားလိုက်ရတဲ့အချိန်မှာ သူတို့မရင်းနှီးတဲ့ အသုံးအနှုန်းလေးတွေ၊ အဖြစ်အပျက်လေးတွေကို စိတ်ဝင်တစားမေးမြန်းပါလိမ့်မယ်။ တစ်ခုသိရရင်ပျော်သွားပြီး နောက်တစ်ခု ထပ်သိချင်စိတ်ကိုဖြစ်စေပါလိမ့်မယ်။ စာထဲက အကြောင်းအရာတွေအပြင် တခြားပြင်ပမှာတွေ့ရတာတွေကိုပါ သိချင်စိတ်၊ စူးစမ်းချင်စိတ်ဖြစ်လာပါလိမ့်မယ်။

READ
မိဘများအပေါ် ဘာအကြောင်းအရင်းနဲ့မှ မပြုလုပ်သင့်တဲ့အချက်များ

(၃) အာရုံစူးစိုက်မှုကောင်းစေတယ်

shutterstock

သိချင်တာလေးတွေ အဆက်ပြတ်သွားမှာစိုးတဲ့စိတ်နဲ့ စိတ်ဝင်တစား နားထောင်ရာက အာရုံစူးစိုက်တတ်လာမယ်၊ သူတို့သိချင်တာသိရဖို့ အာရုံစိုက်ပြီး နားထောင်တတ်လာမယ်။ အဲ့ဒါက ကျောင်းနေအရွယ် စာလေ့လာရာမှာလည်း ကောင်းကောင်းအာရုံစိုက်တတ်စေတာကြောင့် သူတို့လေးတွေအတွက် စာသင်ရတာ အခက်အခဲနည်းသွားပါလိမ့်မယ်။

(၄)စာဖတ်ရတာကိုနှစ်သက်သွားစေတယ်

စာဖတ်ခြင်းဆိုတာ တစ်သက်စာအတွက်ကောင်းမွန်တဲ့ဝါသနာတစ်မျိုးပါ။ ဒါကြောင့် ဒီအရွယ်လေးကတည်းက စာဖတ်ပြထားတာက သူတို့လေးတွေ စာဖတ်ရတာ နှစ်သက်သွားစေပြီး ဆင်ခြင်နိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို တိုးတက်စေပါတယ်။

(၅) စိတ်ကူးပုံဖော်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းကောင်းမွန်စေတယ်

shutterstock

မေမေဖတ်ပြတဲ့ အကြောင်းအရာလေးတွေကိုနားထောင်ရင်း သူတို့လေးတွေ စိတ်ထဲမှာ လိုက်ပြီးပုံဖော်နေပါတယ်။ အဲ့ဒါက သူတို့ရဲ့ စိတ်ကူးနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေပါတယ်။

(၆) ကိုယ်ချင်းစာစိတ်ကိုဖြစ်ပေါ်စေတယ်

စာဖတ်ခြင်းက သင်ကြားပေးတဲ့အရာတွေထဲမှာ ကိုယ်ချင်းစာတတ်ခြင်းကလည်း တစ်ခုအပါအဝင်ပါပဲ။ ဘယ်သူမဆို စာဖတ်တဲ့အခါ၊ ဇာတ်လမ်းကြည့်တဲ့အခါမျိုးမှာ ဇာတ်ကောင်နေရာကနေ ဝင်ခံစားတတ်ကြပါတယ်။ ကလေးလေးတွေလည်း အဲ့ဒီအတိုင်းပါပဲ။ ဒီလို ကိုယ်စားဝင်ခံစားတာက ကိုယ်ချင်းစာစိတ်ကိုဖြစ်စေပြီး တစ်ဖက်သားအတွက် ဦးစားပေးစဉ်းစားပေးတတ်စေပါတယ်။

READ
ငယ်စဉ်က မိဘတွေရဲ့နွေးထွေးမှုကို မရခဲ့တဲ့သူတွေ ခံစားရမယ့် အချက်(၅)ချက်

(၇) မိခင်နဲ့ကလေးကြားမှာနွေးထွေးမှု၊ပျော်ရွှင်မှုကိုဖြစ်ပေါ်စေတယ်

shutterstock

စာဖတ်ပြခြင်းဟာ ကလေးတွေအတွက် ဆော့ကစားသလိုပဲ အပန်းပြေ၊ပျော်ရွှင်စေပါတယ်။ ဒါ့အပြင် မိခင်နဲ့ ကလေးကြားက နွေးထွေးမှုကို ပိုတိုးစေနိုင်ပါသေးတယ်။

(၈) ကလေးရဲ့အောင်မြင်နိုင်ချေပိုများစေတယ်

ငယ်ရွယ်စဉ်မှာ စာဖတ်ခြင်းနဲ့ ရင်းနှီးခဲ့တဲ့ကလေးတွေဟာ အသက်ကြီးလာတဲ့အခါမှာ အောင်မြင်နိုင်ချေ ပိုများတယ်ဆိုတာ စစ်တမ်းတွေအရ သိခဲ့ပြီးသားပါ။ စာဖတ်လေ့ရှိတဲ့ ကလေးတွေဟာ စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေမှာ စာမဖတ်တဲ့သူထက် ပိုသာလွန်နေတာကြောင့် သေချာပေါက်အောင်မြင်နိုင်ချေ ပိုများရခြင်းဖြစ်ပါတယ်။

MAY THAZINHTOO

sponsored