သီချင်းလေး ညည်းနေရတာကို ကြိုက်တဲ့သူတွေသာ ပိုင်ဆိုင်မယ့် ကောင်းကျိုးလေးများ

Freepik.com
Sponsored

သီချင်းတွေက လူတွေကို အမျိုးမျိုး ခံစားရစေနိုင်ပါတယ်။ ခွန်အားတွေလည်း ပေးနိုင်သလို ဝမ်းနည်းသွားအောင်လည်း လုပ်နိုင်ပါတယ်။ သီချင်းတွေကို လူတိုင်းက ကြိုက်ကြပေမယ့် လူတိုင်း သီချင်း မဆိုကြပါဘူး။ သီချင်းတွေကို အမြဲ ပါးစပ်ကနေ ညည်းနေတာ အော်ဆိုနေတတ်တာမျိုးတွေ လုပ်တတ်တဲ့သူမျိုးတွေလည်း ရှိပါတယ်။ သူတို့လို သီချင်းလိုက်ဆိုရတာ ကြိုက်တဲ့သူတွေကတော့ အခုလို ကောင်းကျိုးလေးတွေ ခံစားရတတ်ပါတယ်။

(၁) စိတ်ပေါ့ပါးတယ်

Sponsored

စိတ်တွေကို ပေါ့ပေါ့ပါးပါး ရှိစေချင်တဲ့ အချိန်တိုင်း အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ သီချင်းတွေ နားထောင်ပြီး လိုက်ဆိုလိုက်တာပါပဲ။ သီချင်းတွေထဲမှာမှ မြူးကြွတဲ့ စာသားတွေက လူတွေကို စိတ်ရောကိုယ်ပါ လန်းဆန်းသွားစေတတ်ပါတယ်။ သီချင်းတွေကို နှစ်သက်ပြီး လိုက်ဆိုနေတတ်သူတွေကတော့ စိတ်ပေါ့ပါးမှုကို အမြဲလိုလို ရရှိနေကြတာပဲ ဖြစ်ပါတယ်။

Freepik.com

(၂) ထွက်ပေါက် ဖြစ်စေတယ်

READ
မျက်ခုံးပုံစံက ပြောပြနေတဲ့ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်များ

လူတိုင်းမှာ စိတ်ညစ်စရာတွေ ရှိတတ်ပါတယ်။ ဒီလို စိတ်ညစ်စရာတွေ ရှိတဲ့အခါတိုင်းမှာ စိတ်တွေကို ထွက်ပေါက်ပေးဖို့ လိုပါတယ်။ ဒါမှသာ လေးလံနေတဲ့ ခံစားချက်တွေကို ဖယ်ရှားပစ်နိုင်မှာပါ။ ဒီလိုမျိုး စိတ်တွေ ညစ်တိုင်း စိတ်ကို ဖြေလျှော့ပေးမှသာ ကျန်းမာတဲ့ ပျော်ရွှင်ရတဲ့ နေ့ရက်တွေကို ခံစားရမှာ ဖြစ်ပါတယ်။ သီချင်းတွေဆိုနေကျ သူကတော့ စိတ်ညစ်စရာတွေကို သီချင်းတွေဆိုရင်း လျော့ကျသွားစေတတ်ပါတယ်။

yanalya/Freepik

(၃) ရယ်ရတယ်

သီချင်းဆိုရတာက စိတ်ဖိစီးမှုတွေကို ပြေသွားစေသလို ပျော်ရွှင်ရစေတတ်ပါတယ်။ သူငယ်ချင်းတွေ အတူစုပြီး သီချင်းဆိုရင် ပိုလို့တောင် ရီရပါသေးတယ်။ သီချင်းမဆိုတတ်တဲ့ သူငယ်ချင်းရဲ့ ကီးကြောင်နေတဲ့ အသံကလည်း အကုန်လုံးကို ရယ်ရယ်မောမော ဖြစ်စေပါတယ်။ တစ်ခါတစ်လေ ကိုယ့်ရဲ့ ကီးကြောင်နေတဲ့ အသံတောင်မှ ကိုယ့်ကို ပျော်ရွှင်ရစေတာကတော့ သီချင်းဆိုလို့ပဲ ဖြစ်ပါတယ်။

READ
ကိုယ့်ချစ်သူအပေါ်မှာ ဖောက်ပြန်နိုင်ခြေအများဆုံး ရာသီခွင်များ
Freepik.com

(၄) ကျန်းမာစေတယ်

ကျန်းမာဖို့ဆို စိတ်တွေလည်း ကြည်ကြည်လင်လင် ရှိဖို့ လိုသလို ပျော်ရွှင်တဲ့အချိန်တွေ များဖို့လည်း လိုပါတယ်။ သီချင်းတွေဆိုတဲ့ သူတွေကတော့ ကျန်းမာရေးကောင်းအောင် နေနေကြသလိုပါပဲ။ သီချင်းတွေဆိုတဲ့အခါ ပျော်ရွှင်ရတယ်။ စိတ်ဖိစီးတွေ လျော့သွားတယ်။ ဒါကြောင့် ကျန်းမာရေးကို ထိခိုက်စေတာမျိုးကို လျော့ကျစေတာလည်း ဖြစ်ပါတယ်။

dmytrenko.fsk/Freepik

(၅) ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေတယ်

သီချင်းဆိုတာကလည်း ကိုယ့်ကိုယ်ကို ယုံကြည်ခြင်းတစ်မျိုးပါပဲ။ အဆိုတော် မဟုတ်တဲ့ အတွက် လူတိုင်း အသံမကောင်းနိုင်ကြပါဘူး။ ဒါပေမယ့် သီချင်းဆိုတဲ့အခါ အသံကောင်းခြင်း မကောင်းခြင်းကို လျစ်လျူရှုပြီး သီဆိုရတာ ဖြစ်ပါတယ်။ ဒီအဆင့်ကို ရင်ဆိုင်ပြီး သီချင်းဆိုကြတဲ့သူတွေကတော့ ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှု ရှိတတ်ကြပါတယ်။

Kham

sponsored