လူအများ သတ်မှတ်ထားတဲ့ အကျင့်ဆိုးတွေက ပေးနေတဲ့ သင့်အတွက် ကောင်းကျိုးများ

Freepik
Sponsored

အကျင့်ဆိုးတွေဆိုရင် မလုပ်လေ ကောင်းလေလို့ လူအများစုက ယူဆထားကြပါတယ်။ ဘယ်လို အကျင့်တွေက ဆိုးတယ်ဆိုတာကိုလည်း လူအများက သတ်မှတ်ကြပါသေးတယ်။ သူတို့ သတ်မှတ်ထားတဲ့ အကျင့်ဆိုးတွေကနေ အခုလို ကောင်းတဲ့အရာတွေကို ပေးတာလည်း သတိပြုမိသင့်ပါတယ်နော်။

အတင်းပြောခြင်း

Sponsored

အတင်းပြောခြင်းက မကောင်းဘူးလို့ ပြောကြပါတယ်။ တစ်ခြားတစ်ယောက်အကြောင်းကို ကွယ်ရာမှာ ပြောဆိုတာက လူမှုစံနှုန်းတွေအရ မယဉ်ကျေးတဲ့ အပြုအမူတစ်ခု ဖြစ်ပြီး မဖြစ်သင့်ဘူးလို့ လက်ခံထားကြပါတယ်။ ဒါပေမယ့်လည်း အတင်းပြောလိုက်တဲ့အခါ စိတ်ကို ပြေလျော့မှု တစ်ခု ဖြစ်သွားစေသလို သူငယ်ချင်းတွေ ရင်းနှီးမှု ပိုတိုးစေပါတယ်။ စိုးရိမ်မှုနဲ့ စိတ်ပူပန်မှုတွေကိုလည်း လျှော့ချပေးလို့ ကောင်းပါတယ်နော်။

www.freepik.com/free-photos-vectors/coffee

ဒေါသထွက်ခြင်း

ဒေါသထွက်လာတယ်ဆိုတာ သဘာဝတစ်ခုပါ။ သဘာဝကို လွန်ဆန်ပြီး ဒေါသကို သိမ်းဆည်းတဲ့အခါ စိတ်အစိုင်အခဲပိုဖြစ်ပြီး အကြမ်းဖက်မှုတွေအထိ ပေါက်ကွဲထွက်စေနိုင်ပါတယ်။ ဒေါသထွက်တဲ့အချိန် ဒေါသထွက်လိုက်တာက စိတ်ပေါ့ပါးမှု ဖြစ်သွားစေသလို စိတ်အဖုအထစ်ကို လျော့ကျစေပြီး ပျော်ရွှင်ရစေပါတယ်။

READ
နှလုံးရောဂါဖြစ်ဖို့ သေချာနေပြီဆိုတာ ကြိုတင်ပြသနေတဲ့ အကြောင်းရင်း(၅) ချက်

မျက်ရည်လွယ်ခြင်း

မျက်ရည်ကျတာ ရှက်စရာ ကိစ္စ မဟုတ်ပါဘူး။ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေတာကို မျက်ရည်ကတဆင့် စီးမြောသွားစေတာ စိတ်ဖိစီးမှုကို သက်သာစေတဲ့ သဘာဝနည်း တစ်မျိုး ဖြစ်ပါတယ်။ မျက်ရည်ကျလိုက်တဲ့အခါ စိတ်သက်သာရာ ရသွားစေသလို စိတ်နဲ့ကိုယ်မှာ ဖြစ်နေတဲ့ နာကျင်မှုတွေကို သက်သာ လျော့နည်း စေပါတယ်။

katemangostar/Freepik

ပီကေ ဝါးခြင်း

ပီကေဝါးပြီး ပူဖောင်း မှုတ်တာမျိုးကို လူငယ်တွေနဲ့ ကလေးတွေက သဘောကျနှစ်သက်ပေမယ့် လူကြီးတွေကတော့ ပျက်စီးနေတဲ့သူတွေလုပ်တဲ့အရာတစ်ခုလို မြင်ကြပါတယ်။ တကယ်တော့ ပီကေ ဝါးတဲ့အခါ စိတ်ဖိစီးမှုတွေပါ လျော့သွားစေပါတယ်။ မှတ်ဉာဏ်ပိုင်းကို အားသာစေပြီး ဆုံးဖြတ်နိုင်စွမ်းကို ပိုပြီး တိုးတက်စေပါသေးတယ်။

Kham

sponsored