ပျင်းကြောဆန့်တတ်ခြင်းကြောင့် ရရှိလာမယ့် အံ့သြဖွယ် ကျန်းမာရေးကောင်းကျိုးများ

farknot/Freepik
Sponsored

သတိမထားမိပေမယ့် ကိုယ့်ကို အကျိုးပြုနေတဲ့ အကျင့်တွေကို လုပ်မိနေတတ်တာမျိုး လူတိုင်းမှာ ရှိကြပါတယ်။ အဲ့ဒါတွေထဲမှာ အိပ်ရာနိုးနိုးချင်းမှာ သန်းဝေပြီး အကြောဆန့်တာကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ဖြစ်နေကျမို့ သတိမိမှာ မဟုတ်ပေမယ့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကောင်းကျိုးတွေ ရှိလို့နေပါတယ်။ ဒါကြောင့် ပျင်းကြောဆန့်တယ်လို့ ခေါ်လေ့ရှိတဲ့ သန်းဝေပြီး အကြောဆန့်တာနဲ့ ပတ်သတ်တဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) အကြောဆန့်တာက ကြွက်သားတွေကို ပုံမှန်နေရာပြန်ချပေးတယ်

Sponsored

အိပ်တဲ့အခါမှာ ကြွက်သားတွေရဲ့ သန်မာမှုနဲ့ တင်းအာွးေက ပြေလျော့သွားတတ်ပါတယ်။ ကမ္ဘာမြေဆွဲအားကလည်း ကြောရိုးတလျှောက်မှာရှိတဲ့ အရည်တွေကို တစ်နေရာထဲမှာ စုနေစေပါတယ်။ အကြောဆန့်လိုက်တဲ့အခါမှာတော့ တစ်နေရာထဲမှာ စုနေတဲ့ အရည်တွေကို သူ့နေရာနဲ့သူ ပြန်ဖြစ်သွားစေပါတယ်။ ကြွက်သားတွေကိုလည်း ပြေလျော့နေရာကနေ ပုံမှန် အခြေအနေကို ပြန်ဖြစ်စေပါတယ်။

(၂) စိတ်ဖိစီးမှုတွေကို လျှော့ချပေးတယ်

READ
Jimmy Fallon Show မှာ အထူးဧည့်သည်အနေနဲ့ ပြန်မြင်ရတော့မယ့် BTS

သန်းဝေပြီး အကြောဆန့်တာကို တပြိုင်တည်း လုပ်တဲ့အခါ သွေးလည်ပတ်မှု ပိုပြီး ကောင်းမွန်လာစေပါတယ်။ စိတ်ဖိစီးမှုတွေကိုလည်း အလိုအလျောက် လျှော့ချပေးနိုင်ပါတယ်။ နှလုံးခုန်နှုန်း၊ အစာခြေစနစ်နဲ့ ဟော်မုန်းထုတ်လုပ်ပေးတဲ့စနစ်တွေကို အလျင်အမြန် အလုပ် လုပ်စေနိုင်ဖို့ အရေးကြီးတဲ့ အာရုံကြောစနစ်ကို နှိုးဆွပေးလိုက်သလို ဖြစ်တာကြောင့်ပဲ အခုလို အကျိုးကျေးဇူး ရတာ ဖြစ်ပါတယ်။

stockking/Freepik

(၃) ကြွက်သား နာကျင်ပင်ပန်းနေတာကို သက်သာစေတယ်

အနေအထားတစ်မျိုးတည်းနဲ့ နေတာကြာလာတဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကို တင်းမာစေတာနဲ့ နာကျင်တာတွေ ဖြစ်ပေါ်စေပါတယ်။ နိုးနိုးချင်း အကြောဆန့်လိုက်ခြင်းကတော့ ကြွက်သားတွေနဲ့ အရိုးအဆစ်တွေကို အလုပ်ပေးလိုက်သလိုပါပဲ။ ဒီလို အလုပ်ပေးလိုက်ခြင်းကြောင့် ခြေလက်တွေမှာ ရှိနေတဲ့ ကြွက်သားတွေကို အကြောလျှော့သလိုမျိုး ဖြစ်ပြီး နာကျင်တာတွေကို သက်သာသွားစေတာ ဖြစ်ပါတယ်။

jcomp/Freepik

(၄) ဦးနှောက်နဲ့ ကြွက်သားတွေကြား ဆက်သွယ်မှု ပိုအားကောင်းစေတယ်

READ
Flower of Evil ရဲ့ ရိုက်ကူးရေး အတွေ့အကြုံတွေကို ပြောပြခဲ့တဲ့ Moon Chae Won

ဦးနှောက်ရဲ့ ခိုင်းစေမှုကြောင့် ကြွက်သားတွေက အလုပ်လုပ်တာပါ။ မနက် အိပ်ရာနိုးနိုးချင်း ပျင်းကြောဆန့်ပေးတာမျိုးက ဦးနှောက်နဲ့ ကြွက်သား ဆက်သွယ်နေတာကို ပိုပြီး ကောင်းလာစေပါတယ်။ ဒါကြောင့် ပိုပြီး ဦးနှောက်နဲ့ ကြွက်သားတွေက အချိတ်အဆက်မိမိ အလုပ်လုပ်နိုင်နေမှာ ဖြစ်ပါတယ်။

Freepik.com

(၅) သန်းဝေခြင်းက သင့်ကို လန်းဆန်းစေတယ်

သန်းဝေတာက ပျင်းရိခြင်းရဲ့ သင်္ကေတလို့ သုံးတတ်ကြပေမယ့် တကယ်တမ်းမှာ သန်းဝေလိုက်တာက သင့်ရဲ့ ဦးနှောက်ကို ခဏ အေးဆေးသွားစေပြီး ပိုပြီး လန်းဆန်းလာစေဖို့ လုပ်ဆောင်တဲ့ ခန္ဓာကိုယ်ရဲ့ အကျင့် တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်းကိုလည်း တိုးတက်စေပါသေးတယ်။ စက်တွေမှာ အရမ်း ဟန်းနေရင် restart ချတဲ့ သဘောမျိုးနဲ့ သန်းဝေခြင်းက ဆင်တူတယ်လို့ ပြောလို့ ရပါတယ်။

Kham

sponsored