မနက်စာအတွက် အလွယ်တကူ ပြုလုပ်ပြီး စားနိုင်တဲ့ sandwich လုပ်နည်းများ

shutterstock/   Kolpakova Svetlana
Sponsored

မနက်စာဆိုတာ လူတစ်ယောက်အတွက် အရေးအကြီးဆုံးလို့ ပြောလို့ရပါတယ်နော်။ လူတွေဟာ မနက်စာကို မဖြစ်မနေ စားပေးသင့်ပါတယ်။ မနက်စာ စားတဲ့သူဟာ မနက်စာ မစားတဲ့သူထက် လုပ်ဆောင်နိုင်စွမ်းတွေ၊ ဥာဏ်ရည်ပိုင်းတွေနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာတွေမှာ အတော်လေး ကွာခြားမှုရှိတာကို တွေ့ရပါတယ်။ ဒီတော့ မနက်စာကို လွယ်လွယ်ကူကူပဲ လုပ်စားလို့ရမယ့် sandwich လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Eggtastic Breakfast Sandwich

shutterstock/KvaS

ပုံမှန် sandwich တစ်ခုမှာ မပါမဖြစ်က ကြက်ဥနဲ့ cheese တွေပါ။ ဒီတော့ မနက်စာကို အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ မနက်စာလေး ပြင်ဆင်ကြမယ်။ ဒိန်ချည်ထဲကို နံနံပင်၊ ကြက်သွန်မြိတ် ပါးပါးလှီးပြီး ထည့်မယ်၊ hot sauce နဲ့ cheese တွေက အထူးပါဝင်ပစ္စည်းတွေပါ။ ပြီးရင်တော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အသီးအရွက်တွေထည့်နိုင်ပြီး ထောပတ်သီးရယ် ကြက်ဥကြော်ရယ်လေးနဲ့ ညုပ်စားလိုက်ရင် တကယ့်ကို စားကောင်းပြီး အဟာရပြည့်တဲ့ မနက်စာလေး ဖြစ်နေမှာပါ။

READ
ငှက်ပျောသီးကို မည်းမသွားအောင်စနစ်တကျထိန်းသိမ်းနည်း

Monte Cristo Sandwich

shutterstock/Karl Allgaeuer
Sponsored

အရမ်းကို လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ sandwich လေးက အလုပ်များတဲ့ သင့်မနက်အတွက် အသင့်တော်ဆုံး ဖြစ်စေမှာပါ။ ပြုလုပ်နည်းလေးကတော့ ပေါင်မုန့်ထဲမှာ ကြက်ဥကြော်၊ cheese နဲ့ အသားပြားကြော်ကို ညုပ်လိုက်ပြီး ဆီနည်းနည်းလေးနဲ့ အပူပေးလိုက်ရုံပါပဲ။ ဒါက ကော်ဖီတစ်ခွက်နဲ့ဆို ပြီးပြည့်စုံစေတဲ့ မနက်စာလေးပါ။

Apple and Cheddar Breakfast Sandwich

shutterstock/freeskyline

ဒီ sandwich လေးကတော့ ပုံမှန်စားနေကျ ပုံစံနဲ့ အနည်းငယ် ကွဲထွက်နေပါတယ်။ ပေါင်မုန့်လေးပေါ်မှာ bacon ရယ်၊ အဝါရောင် ဒိန်ခဲအမာဖြစ်တဲ့ cheddar ရယ်၊ ကြက်ဥပြုတ်နဲ့ ပန်းသီးစတာတွေကို ညုပ်ထားတဲ့ sandwich ‌လေးက အရသာတစ်မျိုးလေးနဲ့ စားကောင်းတဲ့ မနက်စာဖြစ်စေမှာပါ။

READ
သာမာန်မီးဖိုချောင်သုံး ပစ္စည်းတွေကို အသုံးပြုပြီး အိမ်သန့်ရှင်းရေး လုပ်နည်း

Avocado Fried Egg Bagels

shutterstock/Anastasia Izofatova

ပါဝင်ပစ္စည်းအနည်းငယ်နဲ့ အလုပ်ရှုပ်သက်သာတဲ့ sandwich လေးကလည်း သင်အကြိုက်တွေ့စေမှာပါ။ ထောပတ်သီးကို ညက်သွားအောင် ဖိခြေပြီး cheese နဲ့ ရောနှောလိုက်ပါ။ ပြီးရင်တော့ ပေါင်မုန့်ပေါ်မှာ ကြက်ဥကြော်နဲ့ စောစောက ထောပတ်သီးလေးကို ညုပ်ပြီး စားလို့ရပါပြီနော်။

Khin

sponsored