(၂၀၁၇)အတွက် အလှဆုံး သတို့သမီးဆံပင်ပုံစံ(၇)မျိုး

Sponsored

မင်္ဂလာသတို့သမီးတစ်ယောက်အတွက် သူမနဲ့လိုက်ဖက်တဲ့ ဆံပင်စ တိုင်ကို ရှာပြီး ပြင်ဆင်ပေးရတာဟာ တကယ့ကို ခက်ခဲတဲ့ အလုပ်ပါ။ တစ်သက်မှာ တစ်ခါသာကြုံရမယ့် ဒီလိုနေ့မျိုးမှာ အားလုံးက အလှ ဆုံး ဖြစ်ချင်ကြသူတွေပါ။(၂၀၁၇)မှာ မင်္ဂလာပွဲဆက်နွှဲမယ့် သတို့သ မီးတွေအတွက် ဒီနှစ်ရဲ့ အလှဆုံး သတို့သမီး ဆံပင်စတိုင်(၇) မျိုး ကို ဖော်ပြပေးချင်ပါတယ်။သတို့သမီးဆံပင်စတိုင်ဆိုပေမယ့် ပွဲလမ်းေ တွမှာ ပြင်ဆင်လို့လည်း လိုက်ဖက်တင့်တယ်တဲ့ ပုံမျိုးတွေပါ။

 

Sponsored

(၇)ဘေးတစ်စောင်းချဆံပင်ပုံစံ

ပုံမှန်ဆံပင်စတိုင်ဆံထုံးပုံစံမျိုးမဟုတ်ပဲ ခေတ်သစ် သတို့သမီး ဆံပင် စတိုင်တစ်ခုပါ။ဆံပင်ကို ခွေပြီး တစ်ဖက်ကို ချထားကာ  ဆံထိုးနဲ့ ထိုးတာပါ။ငွေကုန်ကြေးကျမများသလို၊အလှအပတန်ဆာတွေလည်း အများကြီး မလိုအပ်ပဲ ရိုးရှင်းတဲ့ ဆံပင်ပုံစံပါ။

(၆)ခေတ်မီတဲ့ ဆံထုံးပုံစံ

သတို့သမီးတော်တော်များများ ရွေးချယ်လေ့ရှိတဲ့ ဆံပင်ပုံစံပါ။ဒီလိုပုံစံ ကိုရဖို့ အတွက်ကတော့ သတို့သမီးက ဆံပင်ရှည်ဖို့လိုအပ်ပြီး ခေါင်း စည်းလိုပါတယ်။ဆံထုံးကို ဒီအတိုင်းမလုပ်ပဲ ဆံပင်ကို အခွေအကော က်လေးတွေ ထည့်ချင်ရင်လည်း ထည့်လို့ရပါ တယ်။ဒီဆံထုံးပုံစံ ကေ တာ့ သတို့သမီးကို ကျော့ရှင်းပြီး တည်ငြိမ်တဲ့ အလှ ကို ပေးစွမ်းနိုင်ပါ တယ်။

READ
အမျိုးသမီးတွေ အိမ်ထောင်ကျပြီးရင် ဝိတ်တက်လာရတဲ့ အကြောင်းအရင်း

(၅)ဖွတ်မြီးကြိုးဆံပင်ပုံစံ

ဒါကလည်း ရိုးရာ ဆံပင်ပုံစံပါ။ခေတ်သစ်ပုံစံဖြစ်အောင် ပုံစံအမျိုးမျိုးနဲ့ ဖွတ်မြီးဆံပင်ပုံစံကို ထွင်လို့ရပါတယ်။ဒီပုံကတော့ ရှေ့ ဘက် ကနေ ပြ ထားတဲ့ ရှေ့ကို အပြည့်ဆံပင်ချထားတဲ့ ပုံပါ။ပြင်ရတာလည်း အရမ်း မခက်ပဲ အွန်လိုင်းပေါ်မှာ အဆင့်ဆင့်လုပ်ထားတဲ့ ပုံတွေကို ကြည့်ပြီး လိုက်လုပ်လို့ရတဲ့ ပုံမျိုးပါ။

 

(၄)ဆံပင်ကို ခွေလိပ်ပြီး အပွချထားတဲ့ပုံစံ

ခေတ်ဆန်ဆန်နဲ့လှနေစေမယ့် ဆံပင်ပုံစံမျိုးဖြစ်ကာ မင်္ဂလာပွဲပေမယ့် ဆံထုံးတွေ၊အဆင်တန်ဆာတွေနဲ့အများကြီး ပြင်ထားတဲ့ ဆံပင်စ တိုင်ကို မကြိုက်သူတွေ ရွေးသင့်ပါတယ်။မင်္ဂလာသတို့သမီးကို သက်ေ သာင့်သက်သာရှိစေမယ့် ဆံပင်ပုံစံပါ။

(၃)တစ်ဝက်ချကျစ်ဆံမြှီးဆံပင်ပုံစံ

ဒီဆံပင်စတိုင်ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အလှပြင်ဆိုင်တွေမှာ အသုံး များတဲ့ သတို့သမီးဆံပင်ပုံစံပါ။ဆံထိုးလေးတွေရှိရုံနဲ့ပြင်လို့ရတဲ့ ဆံပင် ပုံစံပါ။မိန်းမဆန်ပြီး ကြော့ရှင်းတဲ့ အလှကို ပိုင်ဆိုင်စေမယ့် ဆံပင်ပုံစံပါ။

READ
သင့်ရဲ့အသားအရောင်အလိုက် ပိုလှသွားစေမယ့် အဝတ်အစားအရောင်ရွေးနည်းများ

(၂)ရိုးရှင်းတဲ့ ရစ်ပတ်ဆံပင်ပုံစံ

ရိုးရှင်းတဲ့ သတို့သမီးဆံပင်ပုံစံလေးပါ။အရိုးဆုံးဟာ အဆန်းဆုံးဆို သလို သတို့သမီးတွေကြားမှာ ဘယ်တော့မှ ရိုးမသွားတဲ့ ဆံပင်စ တိုင်လေးပါ။မိန်းမဆန်ပြီး ပေါ့ပေါ့ပါးပါး ဆံပင်ပုံစံလေးပါ။

(၁)မင်းသမီး ဆံပင်ပုံစံ

တစ်သက်တစ်ခါမင်္ဂလာပွဲမှာ အလှဆုံးဖြစ်ချင်တဲ့ သတို့သမီးေ တွေ ရွးချယ်သင့်တဲ့ ဆံပင်ပုံစံပါ။ပုံပြင်ထဲက မင်းသမီးလေးလိုမျိုး သရဖူေ လးနဲ့ အလှဆုံး ဆံပင်ပုံစံကြောင့် မင်္ဂလာပွဲမှာ မင်းသမီးလေးတစ်ပါးလို လှပနေမှာ အသေချာပါ။

 

Ref;worldstopmost

sponsored