အသားအရေကို သဘာဝအတိုင်း ဖြူဝင်းပြီး လှပလာစေမယ့် အစားအသောက်များ

shutterstock/ Africa Studio
Sponsored

လူတွေက အသားအရေလှပဖို့အတွက် skin care တွေပြုလုပ်တာ၊ အသားဖြူဆေးတွေသောက်တာတွေ ပြုလုပ်တတ်ကြပေမယ့် အစားအသောက်တွေကိုတော့ မေ့နေတတ်ကြပါတယ်။ တကယ်တော့ အသားအရေလှပချင်သူတွေအနေနဲ့ သဘာဝအတိုင်း အသားအရေကို ဖြူဖွေးလှပလာစေမယ့် အစားအသောက်တွေ ရှိလို့နေပါတယ်။ ဒါတွေက ဘေးဥပါဒ်လည်းမဖြစ်သလို ကျန်းမာပြီး စိုပြေလှပတဲ့ အသားအရေကို တကယ်ရရှိလာစေမှာပဲ ဖြစ်ပါတယ်နော်။

ခရမ်းချဉ်သီး

shutterstock/ Sea Wave

ခရမ်းချဉ်သီးစားရင် အသားအရေလှတယ်ဆိုတာကိုတော့ ကြားဖူးပြီးသားဖြစ်ကြမှာပါ။ ခရမ်းချဉ်သီးမှာ lycopene ပါဝင်ပြီး ဒါဟာ သဘာဝ antioxidant ပဲဖြစ်ပါတယ်။ ဒါက ပျက်စီးနေတဲ့အသားအရေတွေကို ပြန်ပြုပြင်ပေးပြီး နေရောင်ခြည်ဒဏ် UV ကြောင့်ဖြစ်တဲ့ ထိခိုက်မှုတွေကို ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးစားပေးလိုက်တဲ့အခါ အရေပြားကနေ collagen ကိုထုတ်ပေးပြီးတော့ အသားအရေကို တင်းရင်းလှပစေတာ၊ နူးညံစေတာနဲ့ အရွယ်တင်နုပျိုခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။

READ
သင့်ရဲ့အလှကိုပိုမိုပေါ်လွင်စေဖို့ ဒီအချက်(၅)ချက်ကိုလိုက်နာပါ

Green Tea

Sponsored

နောက်ထပ် antioxidant များစွာပါဝင်နေတဲ့အရာက green tea ပဲဖြစ်ပါတယ်။ Green tea မှာ catechins ဓာတ်ပါဝင်နေတဲ့အတွက် အရေပြား ထိခိုက်နာကျင်ခြင်းနဲ့ နေရောင်ခြည်ကြောင့် ပျက်စီးသွားတဲ့ အသားအရေတွေကို ပြန်လည်ပြုပြင်ခြင်းတို့ကို လုပ်ဆောင်ပါတယ်။ နောက်ပြီး ရေနွေးကြမ်းသောက်ပြီးသွားတဲ့ green tea အထုပ်လေးတွေကို မျက်ကွင်းညိုခြင်းတွေအတွက် အသုံးပြုနိုင်သလို face mask အဖြစ်လည်း အသုံးပြုလို့ရပါတယ်။

Grapefruit

shutterstock/ Africa Studio

Grapefruit ဆိုတာကတော့ ကျွဲကောသီးတစ်မျိုးဖြစ်ပြီးတော့ သူ့မှာ vitamin C ဓာတ်မြင့်မားစွာ ပါဝင်နေပါတယ်။ Grapefruit စားပေးခြင်းက အရေပြားရဲ့ collagen ထုတ်ပေးမှုကို တိုးမြှင့်ပေးပြီးတော့ ဆဲလ်သေတွေကို ဖယ်ရှားပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေတာပါပဲ။ နောက်ပြီး grapefruit မှာ ရေဓာတ်မြှင့်မားစွာ ပါဝင်နေတဲ့အတွက် အသားအရေကို စိုပြေပြီး ရေဓာတ်ပြည့်ဝနေစေပါတယ်။ နောက်ပြီး ပြင်ပက ညစ်ညမ်းမှုတွေနဲ့ထိတွေ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အသားအရေပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

READ
ဝက်ခြံတွေ မပေါက်ချင်ဘူးဆိုရင် ဘယ်လို အစားအသောက်မျိုးကို ရှောင်ပြီး စားပေးရမလဲ ..

ထောပတ်သီး

ထောပတ်သီးမှာ သဘာဝ vitamin E ပါဝင်တဲ့အတွက်ကြောင့် အရွယ်တင် နုပျိုတဲ့အသားအရေကို ပိုင်ဆိုင်စေပါတယ်။ နောက်ပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့ အသားအရေ ပျက်စီးမှုတွေ၊ အရေပြားတွဲကျလာမှုတွေနဲ့ အရေးအကြောင်းတွေကို လျော့ကျစေပါတယ်။ ထောပတ်သီးမှာ oleic acid ပါဝင်နေတဲ့အတွက်ကြောင့် အသားအရေ ခြောက်သွေ့ခြင်းနဲ့ ယားယံမှုတွေ မဖြစ်ပေါ်အောင် ကာကွယ်ပေးပါတယ်။ နောက်ပြီး ထောပတ်သီးမှာ fatty acid များစွာပါဝင်နေတဲ့အတွက်ကြောင့် အသားအရေကို အစိုဓာတ်ပြည့်ဝနေစေပါတယ်။

Khin

sponsored