အမျိုးသမီးတိုင်း ကြည့်သင့်တဲ့ အိမ်ထောင်ရေး ဇာတ်ကား (၄ ) ကား

Image:JTBC /နက္ခတ်ရဲ့ Fb
Sponsored

သွေး မ တော် သား မစပ်တဲ့ လူနှစ်ယောက် ရာသက် ပန် အတူ နေသွားဖို့ ဆိုတာ တကယ် တော့  အရမ်းကို ခက်ခဲ တဲ့ ကိစ္စ ပါ။မတူညီတာတွေ ကို ညှိနှိုင်းယူရတာမျိုးတွေရှိပါတယ်။အိမ် ထောင် တစ်ခု တည်မြဲ ဖို့ က ထင် သ လောက် မလွယ်ပါဘူး။ကြားလူ ၀င်လာလို့ ပြိုကွဲ တာတွေ လည်း ရှိသလို ဘယ်ကြားလူမှ မ၀င်ပဲ နဲ့ လဲ အဆင်ပြေ နေတဲ့ ကြားက ပြိုကွဲ သွားရတာမျိုး ရှိပါတယ်။ Aunty May ပရိသတ်တွေ အတွက် အိမ် ထောင်ရေး ဇာတ်ကား တစ်ချို့ကို အားလပ် ခိျန် မှာ ကြည့်ဖို့ ညွှန်းချင်ပါတယ်။

ပျားရည်အိုင်

Image:Fb/MRTV 4

MRTV -4 ရဲ့ အရမ်း ကောင်းတဲ့ ဇာတ် လမ်းတွဲ တွေထဲက တစ်ခုပါ။မကြည့်ရ သေးရင် တော့ Pyone Play မှာ ပြန်ရှာပြီး ကြည့်လို့ ရပါတယ်။” ပျားရည်အိုင် ..” ဇာတ်လမ်းတွဲလေးကတော့ စာရေးဆရာမကြီး ဒေါ်ခင်နှင်းယုရဲ့ ၀တ္ထု “ပျားရည်အိုင် ” ဆိုတဲ့ ၀တ္ထုကို ဒါရိုက်တာ ဟိန်းစိုးက ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူး အသက်သွင်း ပုံဖော်ထားတာပါ။ မြိုင် အဖြစ် မေမီကိုကို၊ ကိုတင်ဖေ အဖြစ် အောင်ရေချမ်း၊ မြညို အဖြစ် မေသူသူဇင် တို့က ပါဝင်ထားတာပါ။ဆရာမကြီး ဒေါ် ခင်နှင်းယု ရဲ့ ၀တ္ထု ကို  ဇာတ်လမ်းတွဲ အဖြစ် ပုံဖော်ထားတဲ့ တကယ့် ဇာတ်ကား ကောင်းလေးပါ။ဇာတ်ကားထဲက မြညို ဆိုတဲ့ မိန်းကလေး မျိုး ကတော့ လက် တွေ့မှာ တော်တော်ကို ရှားမှာ သေချာပါတယ်။

READ
အနုပညာကြေး တွေကို ကင်ဆာ ဝေဒနာရှင်တွေ အတွက် လှူဒါန်းခဲ့တဲ့ Kim Woo Bin

The World of The Married

Image:JTBC
Sponsored

The World of the Married ကတော့ JTBC ရဲ့ ဒရမ်မာ ဇာတ်ကားသစ်ပါ။မတ်လ (၂၇) ရက် နေ့ ကမှ စတင် ပြသခဲ့တာပါ။ဒီဇာတ်ကားကတော့ British TV စီးရီးတစ်ခု ဖြစ်တဲ့ Doctor Foster ကိုအ ခြေခံ ပြီး ပြန်ရိုက် ထား တာပါ။ဇာတ်ကား ရဲ့ အကြောင်းကိုတော့ အားလုံး သိပြီး ဖြစ်မှာပါ။ကိုယ့်အ ပေါ် အရမ်းချစ် ၊မိသားစု အပေါ် အရမ်း တာဝန် ကျေ နေ ပေမယ့် တစ်ဖက်မှာ ဖောက်ပြန် နေတဲ့ လီထယ်အို လို ယောက်ျား မျိုး  ကတော့ တကယ့် လက်တွေ့ မှာလည်း အများကြီးပါ။

ကျွန်တော် အမုန်းဆုံး ကျွန်တော်

Image:Fb/နက္ခတ်

ကိုယ်တိုင်က ရှောင်ချင်၊ရုန်း ထွက် ဖို့ လဲ ကြိုးစားပေမယ့် နီးစပ်မှုကို မရှောင်နိုင် တဲ့ အတွက် သာ ယာ တဲ့ မိသားစု ဘ၀ တစ်ခု ပြိုလဲ ခဲ့ရပါတယ်။တစ်ဖက်က မိန်းကလေး ကလည်း ပေါပေါလောလော မဟုတ်ပဲ ပညာ တက်၊အသိုင်းအ၀ိုင်း ကောင်းက ဆင်းသက်လာ ပေမယ့် စိတ် အလို လိုက်ပြီး လူ့ အသိုင်း အ၀ိုင်း နဲ့ ဆန့်ကျင်တဲ့ အလုပ်ကို သိသိရက်နဲ့  တိုးလုပ်ခဲ့တာပါ။စာရေးဆရာ လယ်တွင်းသား စောချစ်ရဲ့ ၀တ္ထု ကောင်းကို ဒါရိုက်တာ ကြည် မင်း ထွန်းက ရိုက်ကူးထားတာပါ။ဖောက်ပြန်တဲ့ ဇာတ်ကားမှန်းသိ သိကြီးနဲ့ စိုးနိုင်လို ယောက်ျားမျိုးက ဖောက်ပြန် ပါ့မလား ဆိုပြီး သံသယစိတ်နဲ့ ကြည့်မိရတဲ့ ဇာတ်ကားပါ။ မပြတ်သား အားနာတတ်တဲ့ စိတ် ကြောင့်  လည်း အိမ် ထောင် တစ်ခု ပြိုကွဲ သွား နိုင်ပါတယ်။Pyone Play  App မှာ ရှာကြည့်လို့ ရတယ်နော်..။

READ
ဆေးလွန်တဲ့ကိစ္စပြီးနောက် ပထမဆုံးအကြိမ် လူရှေ့ထွက်ခဲ့တဲ့ Demi Lovato
Image:Fb/နက္ခတ်

VIP

Image:Soompi

အမှန် အတိုင်း ပြောရရင်ကိုယ့်တစ်ယောက်တည်းရဲ့ ခံစား ချက် အရ ဆိုရင်တော့ အရမ်းကြိုက်တဲ့ ဇာတ်ကား ထဲမှာေ တာ့ မပါ ပါဘူး။ဒါပေမယ့် ကြိုက်တဲ့  ကြိုက်တဲ့ လူတွေ အများကြီးရှိလို့ ဒီဇာတ်ကား လေးကိုပါ ရွေးပေး လိုက်တာပါ။ Jang Na-ra, Lee Sang-yoon နဲ့ Lee Chung-ah တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကား လေးပါ။ယောက်ျား တစ်ယောက် သိပ် သနားတတ် လွန်းနေရင်လဲ အိမ် ထောင်ရေး ပြိုကွဲ နိုင်တယ်နော်…။

#AUNTYMAY

sponsored