မိန်းကလေးတွေ လုပ်ကိုင်ဖို့ အဆင်ပြေတဲ့ ကိုယ်ပိုင်လုပ်ငန်း (၄) ခု

shutterstock/ Dean Drobot
Sponsored

သူများတွေဆီမှာ အလုပ်မလုပ်ချင်တဲ့ သူတွေ၊ အပိုဝင်ငွေ ရှာချင်တဲ့ မိန်းကလေးတွေအတွက် တကယ့်ကို ကောင်းမွန်တဲ့ ကိုယ်ပိုင်လုပ်ကိုင်နိုင်မယ့် လုပ်ငန်းလေးတွေ ရှိလို့နေပါတယ်။ တိုးတက်လာတဲ့ ခုခေတ်မှာ အလုပ်အကိုင်ဆိုတာကလည်း ကိုယ်တော်ရင်တော်သလို အခွင့်အလမ်းတွေ ပိုများလာပါတယ်နော်။ ဒီတော့ မိန်းကလေးတွေအတွက် အဆင်ပြေစေမယ့် ကိုယ်ပိုင်လုပ်ငန်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

Homemade products

shutterstock/Zyabich

ကိုယ်မှာပဲ အလွယ်တကူ ကိုယ်တိုင်ပြုလုပ်လို့ရတဲ့ homemade products လေးတွေကို အွန်လိုင်းကနေ ရောင်းချလို့ ရပါတယ်။ ဒါကလည်း ကိုယ့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းအသေးလေးတစ်ခု ဖြစ်သလို တဖြည်းဖြည်းနဲ့ ကိုယ့်လုပ်ငန်းကို လူသိများလာတဲ့အခါ ဝင်ငွေပိုကောင်းလာစေမှာပါ။ Homemade gifts လေးတွေ၊ သဘာဝ အလှကုန်တွေ၊ တစ်ခြား အမှတ်တရ ပစ္စည်းလေးတွေ စသဖြင့်ပေါ့ ကိုယ်တိုင်လုပ်ရောင်းလို့ရတဲ့ လုပ်ငန်းလေးပဲ ဖြစ်ပါတယ်။

READ
ရွှေမှုံရတီရဲ့ လက်ကိုင်ပန်းစည်းကို အမိအရဖမ်းယူလိုက်နိုင်ခဲ့တဲ့ ပိုပို

Travel agent

shutterstock/George Rudy
Sponsored

Travel agent အလုပ်ကလည်း မိန်းကလေးတွေနဲ့ အဆင်ပြေတဲ့ အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားတဲ့ မိန်းကလေးတွေ လုပ်သင့်ပြီး ကိုယ့်အတွက် အဆင်ပြေစေမယ့် အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။ နောက်ပြီး အိမ်ကနေ လုပ်လို့ရတဲ့ အလုပ်လည်းဖြစ်သလို အကျိုးခံစားခွင့်တွေလည်း အများကြီး ရှိပါတယ်။ တစ်ချို့ travel agent တွေဆို ဟိုတယ်တွေဆီက 75% ရရှိပြီး အပျော်ခရီးတွေ၊ အားလပ်ရပ် ခရီးတွေစတာတွေနဲ့ တစ်ခြားအရာတွေကိုလည်း ကိုယ့်ကိုယ် ပေးတတ်ကြပါတယ်။

Photographer

shutterstock/ eldar nurkovic

မိန်းကလေးတွေအနေနဲ့ ဓာတ်ပုံဆရာ အလုပ်ကလည်း ကောင်းမွန်ပါတယ်နော်။ မိသားစု ဓာတ်ပုံတွေ ရိုက်ပေးတာ၊ သူငယ်ချင်း အုပ်စုတွေအတွက် ဓာတ်ပုံဆရာ လုပ်ပေးတာ စသဖြင့် လုပ်လို့ရပါတယ်။ ဒီအလုပ်က ကိုယ်အားတဲ့ အချိန်လေးမှာပဲ လုပ်လို့လည်း ရပါတယ်။

READ
ချစ်သူနဲ့အတူ ပုပ္ပါးတောင်တက်ခဲ့တဲ့ သန္တာလှိုင်

Writer

shutterstock/GaudiLab

စာရေးရတာကို ကြိုက်တဲ့ သူတွေအနေနဲ့ freelance writer တွေ လုပ်လို့ရသလို၊ ကိုယ်တိုင် vlog တွေ ရေးတာ ဒါမှမဟုတ် brand တွေကို ကြော်ညာပေးပြီး ဝင်ငွေရှာလို့လည်း ရပါတယ်။ ဒါက မိန်းကလေးတွေအတွက် အဆင်ပြေတဲ့ အလုပ်အကိုင်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။

Khin

sponsored