ဝင်ငွေထဲကနေ ငွေကြေးတစ်ချို့ကို စုဆောင်းမိစေမယ့် အရေးပါတဲ့ နည်းလမ်းများ

Photo by Karolina Grabowska from Pexels
Sponsored

တစ်လ တစ်လ အဆင်ပြေလည်ပတ်ရုံ သုံးနေရတဲ့ သူတွေအဖို့ ငွေကြေး စုဆောင်းမိဖို့ဆိုတာ လုံးဝ မလွယ်ကူတဲ့ အရာ ဖြစ်ပါတယ်။ ဒါပေမယ့် ငွေစုမယ်လို့ ဆုံးဖြတ်ထားရင်တော့ စုနိုင်ပါတယ်။ အဓိကကတော့ ငွေစုဖြစ်အောင် အခုလို နည်းလမ်းလေးတွေကို သိနားလည် လိုက်နာဖို့ လိုအပ်နေပါတယ်နော်။

၁။ မဖြစ်မနေပဲ သုံးပါ

Sponsored

ငွေ မကုန်စေချင်ရင် ငွေ စုမိချင်ရင် မလိုတာတွေကို မသုံးမိဖို့ လိုအပ်ပါတယ်။ ဒီလို ဖြစ်ဖို့ဆိုရင် ငွေသုံးတဲ့နည်းကို ကန့်သတ်ဖို့ လိုပါတယ်။ အထူးသဖြင့် ငွေသုံးတဲ့အခါ မီတာခ၊ ရေဖိုးနဲ့ ထမင်းစရိတ်၊ ဟင်းစရိတ်အတွက်ပဲ သုံးတာမျိုး ပြုလုပ်သင့်ပါတယ်။ ဒီအချက်က မလိုတာတွေ မသုံးဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

Photo by Karolina Grabowska from Pexels

၂။ ငွေ အမြဲ တွက်ပါ

ပိုက်ဆံစုဘူးထဲမှာ စုတာထက် စာရင် လက်ထဲမှာပဲ ထားရင် ပိုစုမိစေတတ်ပါတယ်။ တစ်ခုတော့ ရှိတယ် ဝင်ငွေကို မှတ်ပြီး ဘာတွေ သုံးထားပြီလဲဆိုတာ အမြဲ မှတ်သားဖို့ပါပဲ။ ဒီလို မှတ်သားပြီး သင့်မှာ ငွေကြေး ဘယ်လောက် ရှိလဲဆိုတာကို အမြဲလိုလို စစ်ဆေးနေတဲ့အခါ အတတ်နိုင်ဆုံး ငွေပို မလျော့ သွားအောင် နေမယ်ဆိုတဲ့စိတ်နဲ့ ဆက်ထိန်းသိမ်းထားနိုင်ပါလိမ့်မယ်။

READ
‘MAMA’ ပွဲမှာ အစီအစဉ်မှူးပြုလုပ်ပေးဖို့ ဆောင်ဂျွန်ကီကို ကမ်းလှမ်းထား
Photo by Karolina Grabowska from Pexels

၃။ မဝယ်ပါနဲ့

လူတိုင်းမှာ ဝယ်ချင်တဲ့ စိတ် ရှိပါတယ်။ မုန့်ကောင်းကောင်းလေး ဝယ်စားချင်တယ်၊ အဝတ်ကောင်းကောင်းလေး ဝယ်ဝတ်ချင်တယ် စသဖြင့် အတွေးတွေကို လက်ထဲ ငွေရှိတာနဲ့ အမြဲ လုပ်နေတတ်သူတွေ ရှိပါတယ်။ ရှိသမျှ အကုန် သုံးပစ်တဲ့ အကျင့်က ကောင်းတာ မဟုတ်ပါဘူး။ အပိုမုန့်တွေ မစားတော့တာ၊ ကိုယ့်အကြိုက်တွေထဲမှာမှ ဈေးကြီးတာ မစားဘဲ ဈေးသက်သာတာပဲ စားလိုက်တာက သင့်လက်ထဲ ငွေပိုစေတဲ့ နည်းလမ်းပါပဲ။

Photo by Andrea Piacquadio from Pexels

၎။ စိတ်ကူးယဉ်ပါ

ဒီလကို ဘယ်လောက် လက်ထဲမှာ စုမိရင် နောက် ၅လ ကြာရင် သင့်လက်ထဲမှာ ဘယ်လောက် ရှိနေပြီဆိုတာမျိုးက စိတ်ကူးယဉ်သင့်တဲ့ အချက်ပါ။ စိတ်ကူးက လက်တွေ့ မဟုတ်ဘူး ပြောကြပေမယ့် စိတ်ကူးယဉ်ခြင်းကနေ လက်တွေ့ အကောင်အထည်ဖော်နိုင်စေပါသေးတယ်။ ကိုယ့်မှာ စုဆောင်းရင် ဖြစ်လာမယ့် ရလဒ်တွေက ကိုယ့်ကို ငွေစုဖို့ တွန်းအား ဖြစ်စေပါတယ်နော်။

READ
ပိုင်တံခွန်ကို လေဆိပ်မှာ လာရောက်စောင့်ဆိုင်းကြိုဆိုခဲ့ကြတဲ့ ထိုင်းပရိသတ်တွေ
Photo by Karolina Grabowska from Pexels

၅။ နေရာ ခွဲထားပါ

ပိုက်ဆံကို မသုံးမိအောင် ပြုလုပ်ဖို့ဆိုတာ သတိကြီးမှပဲ ဖြစ်တာပါ။ ဒီအချက်ကို လွယ်လွယ် ဖြေရှင်းပေးမယ့် နည်းလမ်းကတော့ ပိုက်ဆံကို ဘီရိုထဲမှာ နည်းနည်း၊ အိတ်ထဲမှာ နည်းနည်း၊ အပြင်သွားတဲ့အခါ နည်းနည်း စသဖြင့် ခွဲဝေ ထားဖို့ လိုပါတယ်။ ဒီလိုဆို ငွေ လွယ်လွယ် မသုံးဖြစ်စေတော့သလို မေ့သွားတာမျိုးကြောင့်လည်း မသုံးဖြစ်ဘဲ ငွေစုမိသွားစေတတ်ပါတယ်။

Kham

sponsored