အိပ်ပျော်ဖို့ ခက်ခဲနေသူတွေအတွက် (၁)မိနစ်အတွင်း အိပ်ပျော်စေမယ့် နည်းလမ်းကောင်းများ

drobotdean/Freepik
Sponsored

အိပ်တယ်ဆိုတာ လူတိုင်း လုပ်နေရတဲ့ အရာ တစ်ခု ဖြစ်လို့ လူတော်တော်များများကတော့ ခက်ခဲတဲ့အရာလို့ မြင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အိပ်ဖို့ကို ခက်ခက်ခဲခဲ ကြိုးစားနေရတဲ့သူတွေလည်း ရှိနေပါတယ်။ အိပ်ဖို့ကို အချိန် တစ်နာရီ၊ နှစ်နာရီလောက်တောင် အချိန်ပေးရသူတွေ ရှိပါတယ်။ အိပ်စက်ခြင်းက ကျန်းမာရေးအတွက် အရမ်းကို အရေးပါတာကြောင့် အဆင်ပြေပြေ အချိန်တိုအတွင်း အိပ်စက်နိုင်ဖို့ နည်းလမ်းလေးတွေကို ဖော်ပြလိုက်ရတယ်။

နည်းလေးကတော့ နှစ်မျိုး ရှိပါတယ်။ နှစ်မျိုးလုံးက တကယ့်ကို လွယ်ပါတယ်။ ကိုယ့်ဘက်က လုပ်ပေးရမှာက စိတ်ကို ရှင်းရှင်း ထားပေးဖို့ပါပဲ။

Photo by cottonbro from Pexels
Sponsored

ပထမနည်း

ဒီနည်းလေးက ဘယ်လောက်ပဲ ဆူညံသံတွေ ရှိနေပါစေ၊ ကော်ဖီ သောက်ထားခဲ့ပါစေ အိပ်ပျော်စေနိုင်ပါတယ်။

  • အိပ်မယ်လို့ ဆုံးဖြတ်ပြီးရင် အရင်ဆုံး မျက်နှာကို အကြောလျှော့ပါ။ ပါးစပ်နားက အကြောတွေ ကြွက်သားတွေကိုလည်း ပြေလျော့ပြီး သက်တောင့်သက်သာ အနေအထားမှာ ထားပါ။
  • နောက်တဆင့်မှာ ပုခုံးမှာ ရှိတဲ့ ကြွက်သားတွေကို တင်းမထားဘဲ ဖြေလျှော့လိုက်ပြီး လက်တွေကို သက်သက်သာသာလေး ထားပါ။
READ
တောင်ကိုရီးယားရဲ့ Kim Kardashian လို့ နာမည်ရနေတဲ့ Apink အဖွဲ့ဝင် Son NaEun
beststudio/Freepik
  • ရင်ဘတ်ကို လည်း တင်းမထားဘဲ အသက်ကို သေချာလေး ရှူနေပါ။
  • ခြေထောက် တစ်လျှောက်လုံးကိုလည်း တင်းအားတွေ လျှော့ချလိုက်ပါ။
  • ဘာကိုဘာမှ မတွေးဘဲ ဆယ် စက္ကန့်လောက် နေပါ။
  • တကယ်လို့ တွေးနေသေးတယ်ဆိုရင် မတွေးနဲ့ ဆိုတာကို အတွေးထဲမှာ ရွတ်နေပါ။
  • အချိန်ခဏအတွင်းမှာပဲ သင် အိပ်ပျော်သွားပါလိမ့်မယ်။
Photo by Andrea Piacquadio from Pexels

ဒုတိယနည်းလမ်း

ဒီနည်းကတော့ တစ်ခါတစ်လေ အိပ်မပျော်တဲ့သူတွေ အဓိက သုံးသင့်ပါတယ်။ တစ်ချို့ကတော့ ပင်ပန်းလို့ အိပ်မပျော်တာနဲ့ စိတ်ဖိစီးမှု ရှိလာလို့ အိပ်မပျော်တာမျိုး ဖြစ်လာတတ်ပါတယ်။ ဒီအတွက်တော့ ဒီနည်းက အသုံးဝင်ပါတယ်။

  • အိပ်တော့မယ် အချိန်နဲ့ နာရီဝက်လောက် ခွာပြီး တရားထိုင်ရမှာ ဖြစ်ပါတယ်။ ဘယ်ဘာသာ ကိုးကွယ်သည် ဖြစ်စေ တရားထိုင်တာက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။
  • မိနစ် ၂၀ ကြာအောင် တရားထိုင်ပေးရမှာ ဖြစ်ပါတယ်။
READ
အဖွဲ့ထဲမှာ အရိုက်ခံရတဲ့အကြောင်းကို ဖွင့်ဟလာတဲ့ ကေပေါ့အဆိုတော်ကောင်လေး
Photo by Andrea Piacquadio from Pexels
  • အိပ်ရာထဲ ရောက်ပြီဆိုရင်တော့ အတွေးမများစေအောင် ပြုလုပ်ပေးရပါမယ်။ အသက်ရှူတဲ့ ဝင်တဲ့လေ၊ ထွက်တဲ့လေကိုပဲ အာရုံစိုက်ပြီး ဘာမှ မတွေးမိပါစေနဲ့။
  • မကြာခင် အချိန်ပိုင်းလေးမှာပဲ သင် အိပ်ပျော်သွားမှာ ဖြစ်ပါတယ်။

အားလုံးပဲ ကောင်းမွန်စွာ အိပ်ပျော်နိုင်ကြပါစေနော်။

Kham

 

sponsored