“Botox” ထိုးတာထက် ပိုထိရောက်ပြီး မျက်နှာအသားအရေတင်းရင်းစေမယ့် လေ့ကျင့်ခန်း (၃)မျိုး

Sponsored

မျက်နှာကြွက်သားတွေက လေ့ကျင့်မှုလုပ်လို့ အကောင်းဆုံးဖြစ်ပြီး အချိန်တိုအတွင်း ကျစ်လစ်မှုကို ရစေနိုင်ပါတယ်။ ဒါကြောင့် အရေးအကြောင်းတွေဖြစ်နေရင် အရေးအကြောင်းပျောက်အောင်၊ အသားအရေတင်းရင်းအောင် ဆေးထိုးတာထက် လေကျင့်ခန်းလုပ်တာက ပိုထိရောက်ပြီး အကုန်အကျလည်း သက်သာပါတယ်။ မျက်နှာမှာအရေးအကြောင်းဖြစ်နေတာ၊ အသားအရေလျော့ရဲနေတာ၊ အသားအရေပြဿနာတွေဖြစ်နေတာတွေ သက်သာဖို့ ဒီလေ့ကျင့်ခန်းလေးတွေကို လုပ်လိုက်ပါနော်။

(၁) မျက်လုံးတ၀ိုက်အသားအရေတင်းရင်းဖို့

pinterest

မျက်လုံးတွေကို မှိတ်ထားပြီး လက်ဝါးကို နဖူးပေါ်မှာ အုပ်ထားလိုက်ပါ။ လက်သန်းကို ပိတ်ထားတဲ့မျက်ခွံပေါ်မှာ ဖွဖွလေးတင်ထားပါ။ မျက်လုံးမှိတ်ထားတဲ့ အနေအထားအတိုင်း မျက်ဆံကို အပေါ်အောက်၊ ဘေးဘယ်ညာရွှေ့တဲ့ ပုံစံလုပ်ပေးပါ။ အပေါ်အောက်၊ ဘေးဘယ်ညာရွှေ့တာကို တစ်ကြိမ်လို့မှတ်ပြီး အဲ့ဒါမျိုး ၁၅ ကြိမ်လုပ်ပေးရမှာပါ။

(၂) နဖူးတ၀ိုက်အရေးအကြောင်းကင်းဖို့

pinterest
Sponsored

လက်ညှိုးနဲ့လက်ခလယ်နှစ်ချောင်းကို ပူးပြီး မျက်ခုံးထိပ်နားမှာ ဖိထားပေးပါ။ မျက်ခုံးအတွင်းထောင့်နေရာကနေ မျက်ခုံးမွေးပေါက်တဲ့လမ်းကြောင်းအတိုင်း ခပ်ဖြည်းဖြည်းဖိဆွဲပေးပါ။ အဲ့ဒါကို ၁၀ ကြိမ်လုပ်ပေးပါ။

READ
ကုန်ကျစရိတ်သက်သာပြီး အလွန်လွယ်ကူတဲ့ ၀က်ခြံကုသနည်းများ

(၃) မေးနှစ်ထပ်ပျောက်ဖို့

pinterest

လျှာကို အပေါ်သွားတွေနောက်မှာ ကပ်လိုက်ပြီး မေးကို အရှေ့ထုတ်နိုင်သလောက် ထုတ်လိုက်ပါ။ အဲ့လိုလုပ်ထားတဲ့အချိန်မှာ မေးနှစ်ထပ်ဖြစ်နေတဲ့နေရာကို လက်ချောင်းလေးတွေနဲ့ ဖွဖွလေးပွတ်ဆွဲပေးပါ။ အဲ့ဒီအနေအထားအတိုင်း ဆယ်စက္ကန့်လောက် နေပြီး ၁၀ ကြိမ်လုပ်ပေးပါ။

MAY THAZINHTOO

sponsored