သင့်မွေးလကို ကိုယ်စားပြုတဲ့ ပန်းလေးတွေကပြောတဲ့ သင့်အကြောင်း

shutterstock/ VAndreas
Sponsored

လူတွေရဲ့ မတူညီတဲ့ မွေးလ၊ မွေးရက်တွေကို လိုက်ပြီး လူတွေရဲ့ စိတ်နေသဘောထားတွေဟာ ပြောင်းလဲသွားတတ်ကြပါတယ်။ မတူညီတဲ့ မွေးလရက်တွေကိုလိုက်ပြီး ကိုယ်စားပြုမူတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ ဒါကြောင့် မွေးလအလိုက် ကိုယ်စားပြုတဲ့ ပန်းလေးတွေရဲ့ အဓိပ္ပါယ်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

January

shutterstock/yoshi0511

January လဖွားတွေကို ကိုယ်စားပြုတဲ့ ပန်းကတော့ carnation ပန်းပဲဖြစ်ပါတယ်။ ဒီပန်းရဲ့ ကိုယ်စားပြုခြင်းကို ခံရတဲ့သူတွေဟာ လေးစားရိုသေခြင်း၊ အချစ်နဲ့၊ ထူးခြားပေါ်လွင်ခြင်းတွေကို ပိုင်ဆိုင်ကြသူတွေပါ။ နောက်ပြီး January လဖွားတွေဟာ ရိုးရှင်းမှုနဲ့ လှပတင့်တယ်မှုတွေကို ကိုယ်စားပြုထားတဲ့ သူတွေပဲ ဖြစ်ပါတယ်နော်။

February

shutterstock/Garry0305
Sponsored

February လတွေကို ကိုယ်စားပြုတဲ့ ပန်းက Violet လို့ခေါ်တဲ့ သစ်ခွနဲ့ခပ်ဆင်ဆင်တူတဲ့ ပန်းပဲဖြစ်ပါတယ်။ ဒီပန်းရဲ့ အဓိပ္ပါယ်က အရှက်အကြောက်တရားရှိခြင်း၊ သစ္စာရှိခြင်းနဲ့ ကိုယ်ကျင့်တရားကို တန်ဖိုးထားတတ်မှုတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ February လဖွားတွေဟာ စစ်မှန်မှု၊ သစ္စာတရားကို တန်ဖိုးထားမှု၊ အတွေးအခေါ်ကောင်းမွန်မှုနဲ့ အမှီအခိုကင်းကင်း ရပ်တည်နိုင်သူတွေ ဖြစ်ကြပါတယ်။

March

shutterstock/fotohunter

March လဖွားတွေကတော့ Daffodil ဆိုတဲ့ အရမ်းလှပတဲ့ နွေဦးပန်းလေးတွေရဲ့ ကိုယ်စားပြုခြင်းကို ခံရသူတွေပါ။ ဒီပန်းလေးရဲ့ အဓိပ္ပါယ်ကတော့ ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ မတူတဲ့ ချစ်ခြင်းဖြစ်ပြီး တစ်သက်မှာ တစ်ခါပဲ ချစ်တတ်တဲ့ အချစ်တွေကို ကိုယ်စားပြုနေပါတယ်။ ဒီလမှာ မွေးဖွားသူတွေဟာ အရမ်းကို ထူးခြားတဲ့အချစ်နဲ့ ချစ်တတ်တဲ့ အချစ်ကြီးသူတွေ ဖြစ်ကြပါတယ်။

READ
စာမေးပွဲရလဒ်က သင့်ဘဝရပ်တည်နိုင်မယ့် အရည်အချင်းကို အဆုံးအဖြတ် မပေးနိုင်ပါဘူး..

April

shutterstock/ozgur_oral

April လဖွားတွေရဲ့ ကိုယ်စားပြုပန်းက ဒေစီပန်းလေးတွေဖြစ်ပြီးတော့ ဖြူစင်သန့်ရှင်းခြင်း၊ အချစ်စစ်နဲ့ ကိုယ်ကျင့်သိက္ခာဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ညွှန်းပါတယ်။ ဒီလမှာမွေးဖွားသူတွေကတော့ ဘဝရဲ့ ပျော်ရွှင်မှုကို တန်ဖိုးထားပြီး ရိုးရှင်းတဲ့ ချစ်ခြင်းမျိုးကိုသာ လိုချင်ကြသူတွေ ဖြစ်ပါတယ်။

May

shutterstock/ Neirfy

May လမှာမွေးဖွားသူတွေရဲ့ ကိုယ်စားပြုပန်းက lily of the valley လို့တင်စားခေါ်ဝေါ်တဲ့ အဖြူရောင်ခေါင်းလောင်းပုံ ပန်းလေးတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်စားပြုခြင်းကို ခံရသူတွေဟာ ချစ်စရာကောင်းခြင်း၊ သိမ်မွေ့နူးညံခြင်းနဲ့ တစ်ခြားသူတွေရဲ့ ကိုယ်စားပြုခြင်းကို ခံရသူတွေပဲ ဖြစ်ပါတယ်။

June

shutterstock/ Serhii Brovko

June လဖွားတွေရဲ့ ကိုယ်စားပြုပန်းကတော့ နှင်းဆီပဲ ဖြစ်ပါတယ်။ နှင်းဆီတွေက ကြီးမားတဲ့ မေတ္တာသံယောဇာဉ်နဲ့ ချစ်ခြင်းတွေကို ဖော်ပြတဲ့ပန်းဖြစ်ပါတယ်။ ဒီလမှာမွေးဖွားသူတွေက ကိုယ်ပိုင်ဟန်ရှိပြီး၊ ထူးခြားတဲ့ ချစ်ခြင်းနဲ့ ခင်မင်မှုကို တန်ဖိုးထားသူတွေ ဖြစ်ပါတယ်။

July

shutterstock/Emilio100

July လဖွားတွေရဲ့ ကိုယ်စားပြုပန်းက Larkspur ဆိုတဲ့ ခရမ်းရောင် ပန်းလေးတွေပဲ ဖြစ်ပါတယ်။ ဒီပန်းလေးတွေက တည်ငြိမ်မှုနဲ့ ပျော်ရွှင်ခြင်းကို ဖော်ညွှန်းတဲ့ ပန်းဖြစ်ပါတယ်။ ဒီလမှာမွေးဖွားသူတွေက အကောင်းမြင်စိတ်ရှိပြီးတော့ ချစ်ခြင်းကို ဖော်ဆောင်ပါတယ်။

READ
ရုပ်ကလေးချောသလောက် လိုက်ရခက်လွန်းလို့ အပျိုကြီးဖြစ်မယ့် ရာသီခွင် (၃) ခု

August

shutterstock/ Mira Kos

August တွေကို ကိုယ်စားပြုတဲ့ပန်းက Gladiolus နှင်းပန်းနွယ်ဝင်ပန်းတစ်မျိုး ဖြစ်ပါတယ်။ August ဖွားတွေဟာ ခိုင်မာပြတ်သားတဲ့ ပုံစံရှိပြီး၊ အမှတ်ရစေခြင်းနဲ့ ဟန်ဆောင်မှုကင်းတဲ့ သူတွေဖြစ်ကြပါတယ်။

September

shutterstock/ photoPOU

September လဖွားတွေကို ကိုယ်စားပြုတာကတော့ ဒေစီပန်းနဲ့ဆင်တဲ့ Aster ပန်းပဲဖြစ်ပါတယ်။ ဒီလမှာ မွေးဖွားတဲ့သူတွေက အရမ်းကို စွမ်းအားပြင်းတဲ့အချစ်ကို ပိုင်ဆိုင်ပြီး စေတနာထက်သန်ခြင်းနဲ့ အတွေးအခေါ်မြင့်မားသူတွေ ဖြစ်ကြပါတယ်။

October

shutterstock/ EQRoy

October လမှာမွေးဖွားသူတွေဟာ Marigold လို့ခေါ်တွင်တဲ့ ရွှေဒင်္ဂါးပန်းလေးတွေရဲ့ ကိုယ်စားပြုခြင်း ခံရသူတွေပါ။ သူတို့တွေက အလွန်အမင်း ချစ်တတ်ပြီး၊ စိတ်ခံစားချက် ပြင်းထန်ခြင်းနဲ့ ဖန်တီးနိုင်စွမ်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။

November

shutterstock/ StopperOhana

November ဖွားတွေရဲ့ ကိုယ်စားပြုပန်းက Chrysanthemum လို့ခေါ်တဲ့ ဇော်မွှားပန်းပဲ ဖြစ်ပါတယ်။ သူတို့တွေဟာ သစ္စာရှိမှု၊ ရိုးသားမှု၊ အတွေးအခေါ်လေးနက်မှုတွေကို ကိုယ်စားပြုထားကြသူတွေပဲ ဖြစ်ပါတယ်။

December

shutterstock/Mykhailo Baidala

လတွေရဲ့ နောက်ဆုံးလဖြစ်တဲ့ December တွေကို ကိုယ်စားပြုတဲ့ပန်းက Narcissus လို့ခေါ်တဲ့ သစ္စာပန်းအနွယ်ဝင်နဲ့ ခပ်ဆင်ဆင်တူတဲ့ ပန်းတစ်မျိုးပါ။ ဒီပန်းတွေက ဆန္ဒကောင်းမွန်ခြင်း၊ မျှော်လင့်ချက်နဲ့ ချမ်းသာကြွယ်ဝခြင်းတွေကို ကိုယ်စားပြုနေပါတယ်။

Khin

sponsored