BLACKPINK ရဲ့ သီချင်းတွေနဲ့ Zumba ကပြခဲ့တဲ့ YouTuber မလေး

Instagram- @ fitfanviv
Sponsored

လက်ရှိအချိန်မှာ လူငယ်တွေကြားထဲ ရေပန်းစားနေတာကတော့ BLACKPINK ရဲ့ သီချင်းတွေပါပဲ။ YouTube မှာ BLACKPINK ရဲ့ သီချင်းတွေနဲ့ zumba ကပြတဲ့ YouTuber တစ်ဦးရှိနေပါတယ်။ Zumba ကခြင်းဟာ ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှုကို အားကောင်းစေပြီးတော့ လန်းဆန်းတက်ကြွစေကာ အဆီတွေကိုလည်း ကျစေပါသေးတယ်။

ဒီ zumba ဆရာမကတော့ Vivian Yuan ပါတဲ့။ သူမရဲ့ YouTube channel လေးကတော့ subscriber ပေါင်း 2.2 သန်းတောင်ရှိနေပါတယ်။ သူမရဲ့ channel မှာ zumba workout နဲ့ ပတ်သက်တဲ့ video တွေ အများကြီး တင်ထားပါတယ်။ အဲဒီအထဲကမှ လူစိတ်ဝင်မှုအများဆုံးကတော့ BLACKPINK workout ပါပဲ။

Sponsored

 

 

View this post on Instagram

 

A post shared by Vivian Yuan (@fitfanviv) on

BLACKPINK သီချင်းတွေနဲ့ zumba workout တွေကို ဖန်တီးရင်းနဲ့မှ BLINKS တွေရဲ့ အားပေးမှုကိုရနေတဲ့လူပါ။ Zumba ဆိုတာ performance ကကွက်တွေလိုမဟုတ်ဘဲနဲ့ cardio အကွက်တွေနဲ့ ပေါင်းထားတာမျိုးပါ။ နောက် Vivian ရဲ့ zumba အကွက်တွေဟာလည်း zumba လုံးဝမကတတ်တဲ့လူတွေအတွက်တောင်မှပဲ အဆင်ပြေစေတာကြောင့် အိမ်မှာ လိုက်လုပ်ဖို့ အဆင်ပြေစတေဲ့အကွက်တွေပါပဲ။

READ
ထက်မြက်ပြီး လူတိုင်းအားကျရတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာဖို့ ဒါတွေမလိုအပ်ပါဘူး

BLACKPINK ရဲ့ သီချင်းတွေထဲ Vivian zumba အဖြစ် ဖန်တီးခဲ့တဲ့ သီချင်းတွေကတော့ Lovesick Girls နဲ့ Bet You Wanna တို့၊ Icecream တို့ စတာတွေပဲဖြစ်ပါတယ်။

နောက် Vivian အနေနဲ့ သူမကိုယ်တိုင်ဟာ K-Popper တစ်ဦးဖြစ်တာကြောင့် တခြားသော idol group တွေရဲ့ သီချင်းတွေနဲ့ကိုလည်း zumba အကွက်တွေ ဖန်တီးထားခဲ့ပါသေးတယ်။ Mamamoo တို့၊ BTS တို့ သီချင်းတွေ၊ Monster တို့သီချင်းတွေနဲ့လည်း zumba တွေ၊ workout တွေကို လုပ်ထားပါသေးတယ်။

penny

sponsored