သီချင်းသစ်ထွက်လာမယ့်နေ့ကို ကြေငြာလိုက်တဲ့ BLACKPINK

Twitter- YG Entertainment, Instagram- @blackpink
Sponsored

BLACKPINK အနေနဲ့ မနှစ်တုန်းက ထွက်ခဲ့တဲ့ Kill This Love နောက်ပိုင်း သူတို့ချည်းပဲလုပ်ခဲ့တဲ့ သီချင်းတွေကို လုံးဝမထွက်တော့ပါဘူး။ Kill This Love ကလည်း ဧပြီလ ၅ ရက်နေ့တုန်းက ထွက်ခဲ့တာဖြစ်တဲ့အတွက် အခုဆို တစ်နှစ်ကျော်နေပြီလို့ ပြောရမှာပေါ့နော်။

https://www.instagram.com/p/Bwaun3DnRfU/

Sponsored

မေလတုန်းကတော့ Lady Gaga ရဲ့ album မှာ collaborate လုပ်ပြီး Sour Candy ဆိုတဲ့ သီချင်းထွက်လာခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း ဒါဟာ သူတို့ရဲ့ comeback လို့တော့ မပြောနိုင်ပါဘူး။

https://www.instagram.com/p/B2rG1zGnpHe/

ဇွန်လ ၁၀ ရက်နေ့တုန်းကတော့ YG Entertainment အနေနဲ့ Twitter မှာ BLINKS တို့အတွက် သတင်းကောင်းတစ်ပုဒ်ကို မျှဝေခဲ့ပါတယ်။ အဲဒါကတော့ BLACKPINK ရဲ့ comeback date ပါပဲ။ ဇွန်လ ၂၆ ရက်နေ့ရဲ့ ည ၆ နာရီမှာ pre-release single တစ်ပုဒ်ကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်တဲ့။

READ
TXT အဖွဲ့ရဲ့ လေဆိပ်ကပုံတွေကြောင့် အကြီးအကျယ် စိတ်ဆိုးနေကြတဲ့ Kpop fan များ

တင်ထားတဲ့ teaser photo ကို ကြည့်မယ်ဆိုရင် အရင်တုန်းကလို အမည်းနဲ့ပန်းရောင်ဆိုတာ တစ်ခုမှမပါဘဲ အပြာနဲ့ အနီရောင်ကိုသာ ဦးစားပေး အသုံးပြုဖန်တီးထားခဲ့တာမလို့ BLINKS တွေအတွက် ထူးဆန်းလျက်ရှိနေပါတယ်။

Penny

sponsored