သူမရဲ့ မျက်နှာလေး အမြဲလှနေအောင် ပြုလုပ်လေ့ရှိတဲ့ လျှို့ဝှက်ချက်ကို ပြောပြခဲ့တဲ့ Jisoo

IG/sooyaaa__
Sponsored

Jisoo ကတော့ သူမရဲ့ အလှအပ လျှို့ဝှက်ချက်လေးကို အစီအစဉ် တစ်ခုမှာ ထုတ်ပြောခဲ့တယ်လို့ kstarlive ကနေ အခုလိုပဲ ဖော်ပြထားခဲ့ပါတယ်။

BlackPink အဖွဲ့ကတော့ Knowing Bros ဆိုတဲ့ variety show တစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ထုတ်လွှင့်တဲ့ ဒီအစီအစဉ်ရဲ့ အပိုင်းတစ်ခုမှာတော့ သူမရဲ့ ရုပ်ရည်နဲ့ ပတ်သတ်ပြီး ပြုလုပ်လေ့ ရှိတဲ့ လျှို့ဝှက်ချက်လေးကို ထုတ်ပြောခဲ့ပါတယ်။

Sponsored

 

 

View this post on Instagram

 

리사야 루이야 쉿

A post shared by JISOO (@sooyaaa__) on

သူမရဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ အရေးကြီးတဲ့နေ့ မတိုင်ခင်မှာ အသင့်စား ခေါက်ဆွဲပြုတ်တွေကို ပြုတ်စားတာပဲ ဖြစ်ပါတယ်။

READ
အသက်ကြီးတဲ့အချိန်ထိ အရိုးတွေသန်မာနေဖို့ လူတိုင်းလုပ်သင့်တဲ့အချက်(၆)ချက်

တခြားသော Idol တွေကတော့ ရုပ်ရည်ကို ထိန်းသိမ်းဖို့အတွက် အစားအစာကို စားချင်တိုင်း စားခွင့်မရဘဲ တားမြစ်ခံထားရပါတယ်။ အသင့်စား ခေါက်ဆွဲပြုတ်တွေကလည်း မျက်နှာတွေ ဖောင်းနေမှာစိုးလို့ တားမြစ်ထားတဲ့ စားစရာ တစ်ခုပါပဲ။ Jisoo ကတော့ အသင့်စား ခေါက်ဆွဲပြုတ်စားထားမှသာ နောက်နေ့မနက်မှာ မျက်နှာက ပြည့်ပြည့်လေး ဖြစ်သွားတာမို့ အခုလို စားရတာလို့ ဖြေခဲ့ပါတယ်။

 

 

View this post on Instagram

 

24/365

A post shared by JISOO (@sooyaaa__) on

သူမကတော့ သူမမျက်နှာဖောင်းနေတဲ့အခါ ချစ်ဖို့ကောင်းတယ်လို့ ခံစားရတယ်လို့လည်း ဝန်ခံခဲ့ပါသေးတယ်။

READ
(၁) ပတ်အတွင်း ခါးလေး သေးသွားအောင် လုပ်နိုင်မယ့် နည်းလမ်းများ

ဒီအချက်ကြောင့်ပဲ တခြားသော Blackpink အဖွဲ့ဝင်တွေကတော့ Jisoo ကို မနာလိုကြောင်း ပြောပြခဲ့ပါတယ်။ တကယ်ပဲ Jisoo က အရေးကြီးတဲ့ နေ့တွေ မတိုင်ခင် ဘာပဲ စားစား ဘာမှ မဖြစ်လာဘူးလို့ ပြောခဲ့ကြပါတယ်။ Jennie ကတော့ သူက ရေသောက်ရင်တောင် မျက်နှာတွေ ဖောင်းကားလာလို့ စိတ်ညစ်နေတယ်လို့ ရယ်ဖွဲ့ဖွဲ့ ပြောခဲ့ပါသေးတယ်။

Kham

sponsored